ထမင်းစားပြီး မပြုလုပ်သင့်တဲ့အချက် (၄) ချက်။

မသိလိုက်မသိဘာသာ ပြုလုပ်မိတဲ့ အမှားတွေက နေ့စဉ်လူမှုဘဝတွေမှာ ဖြစ်နေကြပါတယ်…။ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင်လည်း ကောင်းတာမရှိပါဘူး…။ ဒီတစ်ခါမှာတော့ နေ့စဉ်ပြုလုပ်နေတဲ့ အရာတွေထဲမှာ သင်လုပ်မိနေတဲ့အမှားတွေရှိရင် ပြင်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်…။

 (၁)  ရေချိုးခြင်း…

ထမင်းစားပြီးတာနဲ့ ရေချိုးတာက သင့်အစာချေစနစ်ကိုပျက်စီးစေပါတယ်…။ ရေချိုးတဲ့အခါမှာ ခန္ဓာကိုယ်အပူချိန်က တဖြည်းဖြည်းတိုးလာပြီး သင့်သွေးတွေရဲ့ပူနွေးမှုက အရေပြားပေါ်ထိရောက်လာပါတယ်…။ ထမင်းစားပြီးရေချိုးတာက သင့်အစာချေစနစ်ကို ပျက်စီးစေတာကြောင့် ထမင်းစားပြီး နာရီဝက်လောက်ကြာမှ ရေချိုးသင့်ပါတယ်…။


(၂)  လက်ဖက်ရည်သောက်ခြင်း

ထမင်းစားပြီးရင် လက်ဖက်ရည်တစ်ခွက် အမြဲသောက်တဲ့သူတွေအနေနဲ့ ဒါကိုဆင်ခြင်သင့်ပါတယ်…။ လေ့လာချက်တွေအရ ထမင်းစားပြီး လက်ဖက်ရည်သောက်တာက ခန္ဓာကိုယ်မှာသံဓာတ်လက်ခံမှုကို ပျက်စီးစေတာကြောင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင်  ထမင်းစားပြီးလက်ဖက်ရည်သောက်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်…။ လက်ဖက်ရည်ကို ထမင်းစားပြီး တစ်နာရီလောက်အကြာမှ သောက်သင့်ပါတယ်… ။


(၃) အိပ်ခြင်း
-ထမင်းစားပြီး မအိပ်သင့်ပါဘူး…။ ထမင်းစားလိုက်တဲ့အခါ အစာအိမ်မှာပြည့်သွားပြီး  အိပ်လိုက်တဲ့အခါမှာ ကသိကအောက်ဖြစ်စေပါတယ်…။ နိုးလာတဲ့အခါမှာလည်း ရင်တုန်တာ၊ လေချဉ်တက်တာနဲ့ အက်စစ်ဓာတ်တွေများစေပါတယ်…။ ဒါကြောင့် ထမင်းစားပြီး ၂နာရီလောက်ကြာသွားမှပဲ အိပ်သင့်ပါတယ်…။


(၄) အားကစားလုပ်ခြင်း
သင်ခန္ဓာကိုယ်မှာ အစားစားထားပြီး ဘယ်လောက်ပဲ အားရှိနေပါစေ အားကစားမပြုလုပ်သင့်ပါဘူး…။ အစားစားပြီးတဲ့အခါမှာ သင့်အစာအိမ်ကပြည့်နေပြီး အားကစားလုပ်ရင် သင့်အူတွင်း ကလီစာတွေကို ပျက်စီးစေပါတယ်…။ ဒီလိုမှမဟုတ်ပဲ သင့်အနေနဲ့ မဖြစ်မနေ အားကစားလုပ်ရတော့မယ်ဆိုရင် အစားစားပြီး မိနစ်အနည်းငယ်လောက် လမ်းအရင်လျှောက်ပါ…။ ပြီးမှအားကစားလုပ်ပါ…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။