မိန်းကလေးတွေရဲ့အလှအပအတွက် နွေရာသီနဲ့လိုက်ဖက်တဲ့ဆံပင်ပုံစံများ

မိန်းကလေးတွေအနေနဲ့ နွေရာသီမှာ ဆံပင်ဖားလျားကြီးတွေချမယ့်အစား အပူဒဏ်ကိုသက်သာစေမယ့် ဆံပင်ပုံစံလေးတွေကို လုပ်သင့်ပါတယ်။ ဒါကြောင့် နွေရာသီမှာလည်း ဖက်ရှင်ကျကျနဲ့လှပနေစေဖို့ နွေရာသီနဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆံပင်ပုံစံလေးတွေကိုကြည့်ပြီး တစ်နေ့တစ်မျိုးမရိုးအောင် လုပ်သွားလို့ရတာပေါ့...။

 ၁. နွေရာသီနဲ့အလိုက်ဖက်ဆုံးဆံပင်ပုံစံလေးကပါ။ ဆံထုံးကိုခပ်မြင့်မြင့်လေးထုံးပြီး ပဝါလေးပတ်လိုက်တာက ဆွဲဆောင်မှုတစ်ခုပါ။ ဒီဆံပင်ပုံစံလေးဆိုရင် သင်္ကြန်နဲ့ပါလိုက်ဖက်တဲ့ ဆံပင်ပုံစံလေးပါ။

 ၂. ဒီလို hair buns လေးလုပ်တာမျိုးက ချစ်စရာကောင်းပြီးခေတ်ဆန်သလို နွေရာသီနဲ့လည်း လိုက်ဖက်ပါတယ်။ အပူဒဏ်ကိုလည်း နည်းနည်းသက်သာစေတယ်လေ။

 ၃. ရိုးရိုးရှင်းရှင်းလေးနဲ့ကျက်သရေရှိပြီး လှပနေစေတဲ့ဆံပင်ပုံစံလေးပါ။ နွေရာသီမှာ ဒီလိုဆံပင်ပုံစံလေးလုပ်မယ်ဆိုရင် အပူဒဏ်ကိုအရမ်းသက်သာစေပြီး ကြည့်တဲ့သူလည်း အမြင်ရှင်းစေပါတယ်။

 ၄. ဆံပင်ကိုတစ်ဝက်လေးစည်းပြီး ဆံထုံးထုံးလို့လည်းရပါတယ်။ ဒါလည်း နွေရာသီနဲ့လိုက်ဖက်တဲ့ဆံပင်ပုံစံလေးပါပဲ။

 ၅. Hair buns ကိုမှ အနောက်ပိုင်းလေးကို ဒီလိုကျစ်ဆံမြီးလေးတွေကျစ်လို့လည်း ရပါသေးတယ်။ ပိုပြီးအမြင်ဆန်းသွားတာပေါ့...။ ဒီဆံပင်ပုံစံလေးနဲ့သာဆိုရင် နွေရာသီရဲ့ပူတဲ့ဒဏ်ကိုလည်း မခံစားရတော့ဘူးပေါ့။

 ၆. နောက်တစ်မျိုးအနေနဲ့ ဆံပင်ကို ဒီလိုလေးလုပ်လို့လည်းရပါသေးတယ်။ လှလည်းလှသလို အပူလည်းသက်သာစေတာပေါ့...။

 ၇. နွေရာသီမှာတော့ ဆံပင်လေးကို စုစည်းထားတာ အကောင်းဆုံးပါပဲ...။ ရိုးရိုးမစည်းချင်တဲ့သူတွေဆိုရင်တော့ ကျစ်ဆံမြီးလေးတွေနဲ့အလှကျစ်ပြီး စည်းလို့ရတာပေါ့။

 ၈. ချစ်စရာကောင်းပြီး အရမ်းလှပတဲ့ဒီဆံပင်ပုံစံလေးကလည်း နွေရာသီနဲ့အရမ်းကို လိုက်ဖက်တာပါ။ မိန်းကလေးတော်တော်များများ သဘောကျကြတဲ့ ဆံပင်ပုံလေးပါ။

 ၉. ဆံပင်အဖြောင့်နဲ့ကောင်မလေးတွေဆိုလည်း ဆံပင်မစည်းချင်ရင် ဒီလိုလေးတစ်ဝက်စည်းပြီး ဆံထုံးထုံးထားလို့ရပါတယ်။

 ၁၀. လူငယ်ဆန်ဆန်နဲ့ချစ်စရာကောင်းနေစေမယ့် ဒီ hair buns လေးကတော့ နွေရာသီနဲ့အလိုက်ဖက်ဆုံး ဆံပင်ပုံစံလေးလို့ ပြောလို့ရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။