သူငယ်ချင်းတွေနဲ့ခရီးအတူသွားတဲ့အခါမှာ ပျော်စရာကောင်းစေမယ့် လူ ၆ ယောက်ဆံ့တဲ့ Pool Float

အခုအချိန်ကခရီးသွားရာသီလည်းဖြစ်တယ်.... နွေရာသီလည်းဖြစ်တယ်ဆိုတော့ ကမ်းခြေကိုပဲတော်တော်များများက သွားပြီးအပန်းဖြေကြတာပါ။ အခုနောက်ပိုင်းမှာတော့ ကမ်းခြေတွေပဲသွားသွား.... ဘယ်ခရီးပဲသွားသွား Pool Float လေးတွေကို သယ်သွားကြတာများပါတယ်။ အိတ်ထဲအလွယ်တကူထည့်သွားလို့ရတော့ ဟိုတယ်မှာတည်းလည်း ရေကူးကန်ထဲမှာ စိမ်လို့ရတယ်လေ။ Pool Float တွေကလည်း တစ်ယောက်ပဲဆံ့တာကိုတောင် ဈေးက လေးသောင်းကျော်၊ ငါးသောင်းကျော်ဆိုတော့ ဝယ်ဖို့ကိုတွန့်ဆုတ်နေရတယ်လေ။

ဒါပေမယ့် အခုတစ်ခါမှာတော့ လူ ၆ ယောက်တောင်ဆံ့တဲ့ Pool Float ကြီးတွေပေါ်လာပါပြီ....။ လူ ၆ ခြောက်တောင်ဆံ့တယ်ဆိုတော့ သူငယ်ချင်းတွေနဲ့ခရီးသွားလည်း စုဝယ်လို့ရတယ်လေ။ သူငယ်ချင်းတွေပျော်ပျော်ပါးပါးနဲ့ Pool Float ထဲဝင်နေရမယ့် feel လေးက တွေးမိတာနဲ့တင် အရမ်းကိုပျော်စရာကောင်းနေပါပြီ...။ ဒါ့အပြင် မိသားစုတွေခရီးသွားမယ်ဆိုလည်း အရမ်းကိုအဆင်ပြေတယ်နော်...။

ဒီ လူ ၆ ယောက်ဆံ့တဲ့ Pool Float လေးကိုတော့ လူကြိုက်အများဆုံးဒီဇိုင်းလေးတွေဖြစ်တဲ့ Rainbow Unicorn Pool Float နဲ့ Flamingo Pool Float ဆိုပြီး နှစ်မျိုးထုတ်ပေးထားပါတယ်။

ဈေးအနေနဲ့ကတော့ ဒေါ်လာ ၁၄၉.၉၈ ရှိတယ်လို့သိရပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ ၂ သိန်းစွန်းစွန်းလောက်ပဲကျသင့်မှာပါ။ သူငယ်ချင်း ၆ ယောက်လောက်မျှဝယ်မယ်ဆိုရင် တစ်ယောက်ကို ၃ သောင်းကျော်ပဲကျသင့်မှာနော်...။

တစ်ယောက်ပဲဆံ့တာလေးတွေတောင် ၄ သောင်းကျော်ဆိုတော့ ညီအစ်မတွေ၊ မိသားစု၊ သူငယ်ချင်းတွေစုပြီးပဲ ဝယ်တော့မှာပေါ့...။ ဒီ Pool Float လေးတွေကိုတော့ "Sam’s Club" မှာဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

မကြာခင်မှာလည်း online shopping တွေနဲ့ online shopping လုပ်တဲ့သူတွေဆီမှာ ဝယ်ယူရရှိနိုင်တော့မယ်လို့ ထင်ပါတယ်။ ဒီလိုဆိုရင်တော့ ပရိသတ်တွေအတွက် ပိုပြီးအဆင်ပြေသွားပြီပေါ့...။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။