Harry Potter ချစ်သူတွေအကြိုက်တွေ့စေမဲ့ Harry Potter အဝတ်အစားဒီဇိုင်းများ

Harry Potter ချစ်သူတွေအတွက် ထုတ်လုပ်လိုက်တဲ့ Harry Potter အဝတ်အစားလေးတွေလာပါပြီ...။ အားလုံးက limited အနေနဲ့ထုတ်လုပ်ထားတဲ့ Made in Australia တွေပါ။ ဒီတော့ ဘယ်လိုဒီဇိုင်း၊ ဘယ်လိုစျေးနှုန်းလေးတွေလဲဆိုတာကို လေ့လာကြည့်ရအောင်...။

ပထမဆုံးအနေနဲ့ ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ ဘောင်းဘီတိုလေးပါ။ သူ့ရဲ့နာမည်ကတော့ “Magical Icons Cuffed Shorts” ပါ။ စျေးနှုန်းအနေနဲ့ကတော့  ဒေါ်လာ (၆၀) ရှိတယ်လို့သိရပါတယ်။

Velvet အသားနဲ့လုပ်ထားတဲ့ ဒီဘောင်းဘီလေးကတော့ ဒေါ်လာ (၆၅) ရှိတယ်လို့သိရပါတယ်။ သူ့ရဲ့နာမည်ကတော့ “Gryffindor High Waisted Velvet Leggings” ပါ။

“H” သင်္ကေတနဲ့ ဒီ sweater လေးကတော့ “Harry's Christmas Sweater” ပါ။ သူ့ရဲ့စျေးနှုန်းကတော့ ဒေါ်လာ (၈၄) ရှိပါတယ်။

Harry Potter ကို ကိုယ်စားပြုပြီး ထုတ်လုပ်လိုက်တဲ့ Tee လေးပါ။ “Sweet Surprise Ringer Tee” လို့ အမည်ပေးထားတဲ့ ဒီ Tee လေးရဲ့စျေးနှုန်းကတော့ ဒေါ်လာ (53) ရှိတယ်လို့သိရပါတယ်။

“Hogwarts Shorts Overalls” လေးပါ။ ဒါလေးကိုတော့အကြိုက်ဆုံးပါပဲ။ သူ့ရဲ့စျေးနှုန်းက ဒေါ်လာ (၈၄) တော့ရှိပါတယ်။

မှော်ဆန်တဲ့ ဒီ skirt လေးကိုတော့ “Patronus Maxi Skirt” လို့အမည်ပေးထားပါတယ်။ သူ့ရဲ့စျေးနှုန်းကတော့ ဒေါ်လာ (၉၈) ဖြစ်ပြီး အားလုံးထဲမှာစျေးအကြီးဆုံးပါပဲ။

ဒီအင်္ကျီလေးကတော့ “Invisibility Cloak Draped Top” ပါ။ စျေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ (၈၄) ရှိတယ်လို့သိရပါတယ်။

ဒီ Tee Dress လေးကိုတော့ “Expecto Patronum Tee Dress” လို့ခေါ်ပါတယ်။ သူ့ရဲ့စျေးနှုန်းကတော့ ဒေါ်လာ (၆၈) ရှိပါတယ်။

Ron Weasley ကို ကိုယ်စားပြုထားတဲ့ “R” သင်္ကေတနဲ့ “Ron's Christmas Sweater” လေးပါ။ စျေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ (၈၄) ရှိပါတယ်။

“Thestral Crop Top” လေးကတော့ ဒေါ်လာ (၄၅) ရှိပါတယ်။


   









X