တစ်ယောက်တည်းရှိပြီး အားလပ်တဲ့အချိန်တွေမှာ ယောကျာ်းလေးတစ်ယောက်အနေနဲ့ ဘာတွေလုပ်တတ်သလဲ ?

ဒီမေးခွန်းကို စာဖတ်ပရိသတ်တွေအနေနဲ့ ဘယ်လိုတွေများတုံ့ပြန်မလဲ သိချင်မိ ..။ အဲ့ဒါကြောင့်ပြောချင်တာ အကြောင်းအရာကိုအရင်မဖတ်သေးပဲ ငါသာယောကျာ်းလေးဖြစ်ခဲ့ရင်၊ ငါတကယ်လို့များအားနေရင် ဘာတွေလုပ်မလဲတွေးကြည့်။ ပြီးမှဖတ်ပေါ့။

( ၁ ) ကိုယ်လုံးတီးနဲ့နေရင်နေမယ်


အိမ်မှာ ဘယ်သူမှမရှိ၊ ကိုယ်တစ်ယောက်တည်းလွတ်လွတ်လပ်လပ်ဖြစ်နေ၊ နောက်ပြီး အာရုံနောက်စရာတွေဘာဆိုဘာမှမရှိတဲ့ အားလပ်ရက်မျိုး ဆိုရင် ယောကျာ်းလေးတစ်ယောက်ဘာလုပ်မယ်ထင်လဲ။ တစ်နေကုန်အိပ်မယ်၊ ဂိမ်းဆော့မယ်၊ ဂစ်တာထိုင်တီးရင်တီးနေမယ်။ အပေါ်အင်္ကျီနဲ့ဘောင်းဘီဝတ်ထားရတာတောင် အိုက်သလိုလိုရှိနေတဲ့အတွက် ဝတ်လစ်စလစ်နဲ့လွတ်လွတ်လပ်လပ်ပဲနေရင်နေတတ်တယ်။

( ၂ ) DIY တွေလိုက်လုပ်ကြည့်တယ်


လူတိုင်းမှာ ဝါသနာအရင်းခံတစ်ခုစီပါတတ်တယ်။ အဲဒီဝါသနာကို လက်ရှိအချိန်မအားလို့မလုပ်ဖြစ်သေးရင်တောင် အားတဲ့တစ်ချိန်ချိန်ကျရင် ရအောင်အကောင်အထည်ဖော်ကြည့်တတ်ကြတယ်။ ယောကျာ်းလေးအများစုဟာ Youtube ပေါ်မှာတင်ထားတဲ့ 5 minutes craft လို DIY ဗွီဒီယိုလေးတွေကိုစိတ်ဝင်စားတတ်ကြတယ်။ အဒီအထဲက လက်မှုပစ္စည်းလေးတွေ၊ ကစားစရာလေးတွေ၊ accessories လေးတွေ၊ creation လေးတွေကို အားတဲ့အချိန်ကျရင် tutorial ကြည့်ရင်းလိုက်လုပ်တတ်ကြတယ်။

( ၃ ) Speaker အဆုံးတင်ပြီး ဂိမ်းတွေဆော့တယ်


နိုင်ငံခြားမှာ အဲ့လိုစပီကာ အဆုံးတင်ပြီး counter strike ဂိမ်းလို action game တွေဆော့၊ ဝုန်းဝုန်းဒိုင်းဒိုင်းတွေဖြစ်နေလို့ တကယ်အကြမ်းဖက်နေတယ်ထင်ပြီး ရဲတပ်ဖွဲ့ပါရောက်ချလာတဲ့အဖြစ်အပျက်မျိုးရှိခဲ့ဖူးတယ်။ ဒီမှာတော့ အဲဒီလိုမရှိလောက်ပါဘူး။ ခြံကြီး၊ ဝန်းကြီးထဲမှာ နေတဲ့ဘောစိတွေကတော့ တစ်မျိုးပေါ့။ အိမ်မှာတစ်ယောက်တည်းရှိနေတဲ့အချိန်အဲ့ဒီလို စပီကာအကျယ်ကြီးဖွင့်ပြီး ဂိမ်းတွေဆော့ရတာ လုံးဝအလွင့်ပဲ …။

( ၄ ) အိပ်ယာထဲကမထတစ်နေကုန်ဖုန်းသုံးတယ်


အားလပ်ရက်မျိုး၊ အိမ်မှာလည်းဘယ်သူမှရှိမနေတော့ ပျင်းပျင်းနဲ့အိပ်ယာထဲမှာဟိုလှိမ့်ဒီလှိမ့်လုပ်ရင်း facebook လျှောက်ကြည့်၊ အွန်လိုင်းကစာအုပ်တွေဖတ်၊ သီချင်းနားထောင်ရင်း အိပ်ယာထဲက မထတဲ့ပုံစံကတော့ မိန်းကလေးတွေနဲ့အတူတူပါပဲ။

( ၅ ) 18+ ကားလေးတွေကြည့်တယ်


အရင်ဆုံးပြောချင်တာ တခြားကိစ္စတွေနဲ့မရောဘူးဆိုတာပါပဲ။ ကိုယ့်အနေနဲ့တစ်ယောက်တည်းဖြစ်နေချိန်မှာတော့ အပျင်းပြေရုပ်ရှင်တွေကြည့်ရင်း တစ်ခါတစ်လေကျတော့ ၁၈ နှစ်အထက်ဇာတ်ကားလေးတွေဘက်ကိုရောက်ရင်ရောက်သွားတတ်တယ်။

တခြား အိမ်သန့်ရှင်းရေးလုပ်တယ်တို့၊ အခန်းရှင်းတယ်တို့၊ ပန်းကန်တွေဆေးပြီး ဟင်းချက်တယ်တို့ဘာတို့ဆိုတာ ရှိတော့ရှိတယ်၊ ရှားတယ်လို့ပြောရမှာပါ။

Gabriel


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။