သင်မသိသေးတဲ့ Unicorn အကြောင်းများ

မိန်းကလေးတော်တော်များများကတော့ Unicorn လေးတွေကို ကြိုက်နှစ်သက်ကြပါတယ်။ Unicorn တွေဟာ ဒဏ္ဍာရီထဲမှာ အမှန်တကယ်ရှိခဲ့လား၊ မရှိခဲ့ဘူးလားဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။ သို့ပေမဲ့ ချစ်စရာကောင်းလှတဲ့ Unicorn အကြောင်းလေးတွေကိုတော့ လူတွေက ဇာတ်လမ်းလုပ်ပြောနေဆဲပါ။  စိတ်ဝင်စားဖွယ်ကောင်းအောင် သီကုံးနေဆဲပါ။ သင်မသိသေးတဲ့ Unicorn အကြောင်းလေးတွေကို We မှဖော်ပြပေးလိုက်ရပါတယ်။ 

(၁) Unicorn တွေကို ဦးစွာတွေ့ရှိခဲ့တဲ့ သူတွေကတော့ ဂရိသမိုင်းပညာရှင်တွေဖြစ်ပါတယ်။ သူတို့ဟာ ဘီစီ ၅ ခုနှစ်လောက်တုန်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ခေတ်က Unicorn ကတော့ အဖြူရာင်ကိုယ်ထည်၊ ခရမ်းရောင်ဦးခေါင်း၊ အပြာရောင်မျက်စိနဲ့ ရောင်စုံဦးချိုတွေပါဝင်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ 

(၂) သမိုင်းဝင် စွန့်စားသွားလာ သူ Marco Polo ကတော့ သူအနေနဲ့ Unicorn တွေကို တွေ့ရှိခဲ့ဖူးကြောင်း၊ ဒါပေမဲ့ သူတို့ဟာ အလွန်ရုပ်ဆိုးကြောင့် ကြံ့တွေထက်ပင် အကျည်းတန်ကြောင်း ဒိုင်ယာရီမှာ ရေးသားခဲ့ပါတယ်။

(၃) ဂျန်ဂျစ်ကန်ကတော့ သူအနေနဲ့ အိန္ဒိယပြည်သို့မသိမ်းပိုက်ခင်တွင် Unicorn နဲ့တွေ့ခဲ့ကြောင်း၊ သို့သော်လည်း သက်ပစ်လိုက်ကြောင်း၊ ထို Unicron သည် ကံဆိုးခြင်းနိမိတ်ဖြစ်သည်ဟု ယူဆတဲ့အတွက် အိန္ဒိယပြည်သို့ မသိမ်းဘဲ စစ်ပြန်ရုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

(၄) တချို့အယူအဆတွေ အရတော့ Unicorn တွေဟာ မှော်စွမ်းအင်နဲ့ တန်ခိုး အစွမ်းသတ္တိရှိကြောင်း ယုံကြည့်ကြပါတယ်။

(၅)  ယနေ့ခေတ်မှာ Unicorn ရှိခဲ့သည်၊ မရှိခဲ့ဘူးဆိုတာထက် Unicorn ပုံလေးတွေ ပါဝင်တဲ့ အသုံးအဆောင်၊ ပစ္စည်းတွေကတော့ ရောင်းကောင်နေဆဲပါ။ တချို့ဆို Unicorn ကို စွဲလန်းတဲ့အထိရှိပြီး၊ အသုံးအဆောင် တွေအကုန်လုံး Unicorn ပုံစံ တံဆိပ်တွေပဲ ဝတ်ကြပါတယ်။ စီးပွားရေးသမားတွေအတွက်တော့ အကြိုက်ပေါ့...

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။