ကိုယ့်ကိုမုန်းနေတဲ့သူကို ဘယ်လိုတုံ့ပြန်သင့်သလဲ ?

     လူတိုင်းမှာကိုယ့်ကိုမနာလိုနေတဲ့သူ၊ မုန်းနေတဲ့သူဆိုတာရှိတတ်ကြပါတယ်…။ သူတို့တွေက ကိုယ့်ကိုမနာလိုမုန်းတီးပြီး ဆက်ဆံနေတဲ့အခါ နေရခက်တာတွေဖြစ်တတ်ပါတယ်…။ မုန်းတီးနေတဲ့သူတွေကို ဂရုမစိုက်ပဲ နေနိုင်ရင်တော့ သင့်ဘဝအတွက်အကောင်းဆုံးပါပဲ…။

သင့်ကိုမနာလိုမုန်းတီးရတဲ့ အချက်ကတော့ စဉ်းစားနေစရာတောင်မလိုပါဘူး…။ သင့်မှာရှိတဲ့ အရည်အချင်းမျိုးတွေ သူ့ဆီမှာရှိမနေလို့ပါပဲ…။ ဒါကိုသင့်အနေနဲ့စိတ်ညစ်ခံပြီး ဘာလို့ငါ့ကိုမုန်းနေတာလဲ…။ ငါဘာလုပ်မိလို့လဲလို့ခေါင်းရှုပ်ခံပြီး စဉ်းစားနေစရာမလိုတော့ပါဘူး…။

- သင့်ကိုမုန်းနေတဲ့သူအတွက်နဲ့ သင့်ဘဝတက်လမ်းကိုမပိတ်သင့်ပါဘူး…။

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အဝထားပြီး ကိုယ်လျှောက်ရမယ့်လမ်းကို ပြီးဆုံးအောင်ထိဆက်လျှောက်သွားပါ…။ သင့်ကိုမနာလိုမုန်းတီးနေတယ်ဆိုတာ သင့်မှာရှိတဲ့အရည်အချင်း သူ့ဆီမှာမရှိတာကြောင့် မနာလိုပြီးပြောတာပါ…။ သင့်မှာအရည်အချင်းရှိလို့ မုန်းနေတယ်ဆိုရင်တောင်…။ သင်မအောင်မြင်တော့တဲ့အခါကြရင် ဒီထက်မက သင့်ကိုလက်ညှိုးထိုးပြီး ပြောပါလိမ့်မယ်…။ ဒါကြောင့် သင့်အနေနဲ့အခုလက်ရှိထက် ပိုအောင်မြင်အောင်ကြိုးစားပြီး နေထိုင်သင့်ပါတယ်…။

- သင့်ကိုမုန်းနေတဲ့သူကပေးတဲ့ အကြံဉာဏ်တွေကိုမယူမိပါစေနဲ့…။

သင့်ကိုမုန်းတီးနေတဲ့အတွက်ကြောင့် သင့်ကိုဘယ်တော့မှ အကောင်းပြောနေမှာမဟုတ်ပါဘူး…။ ဒါကြောင့် သူပြောတဲ့မကောင်းတဲ့အရာတွေကို ခံစားပြီး မနေပါနဲ့…။

- သင့်အနေနဲ့ သင့်ကိုမုန်းနေတဲ့သူကို လမ်းမှာတွေတဲ့အခါ ရှောင်သွားတာထက်စာရင် သူ့ကိုကောင်းကောင်းမွန်မွန်နဲ့နှုတ်ဆက်လိုက်ပါ…။

ကိုယ်ဘက်ကလိုလိုလားလားနဲ့ သူ့လိုစိတ်မျိုးမထားပဲ၊  သူဆက်ဆံတာကိုလည်း စိတ်မဆိုးတဲ့ပုံနဲ့ ဆက်ဆံလိုက်တာကအကောင်းဆုံးပါပဲ…။

- သူတို့နဲ့တွေ့လို့စကားပြောတဲ့အခါမှာ သူကတော့သင့်ကို မုန်းတီးပြီးမကောင်းတာတွေပဲ ပြောနေမှာပါ…။ ဒါကိုသင့်အနေနဲ့ ဂရုတစိုက်ဆက်ပြီးနားမထောင်နေသင့်ပါဘူး…။ ဒါကြောင့်သူတို့နဲ့တွေ့တဲ့အခါမှာ ဖြစ်နိုင်ရင် အချိန်တစ်မိနစ်လောက်ပဲပေးပြီး တစ်ခုခုကြောင်းပြပြီးထွက်သွားလိုက်ပါ…။

- သင့်ကိုမနာလိုနေတဲ့သူကို သင်ကမတုန့်ပြန်ပဲ သူ့ကိုသူငယ်ချင်းတစ်ယောက်လိုခေါ်ပြောဆက်ဆံပြီး သူလိုအပ်တာတွေကိုကူညီပေးလိုက်ပါက သင့်ကိုအားနာစိတ်လေးတော့ဖြစ်လာနိုင်ပါတယ်…။