အိမ်မှာ အလွယ်တကူ လုပ်စားနိုင်တဲ့ ဘာဂါ လုပ်နည်း


ဟမ်ဘာဂါ ကြိုက်တဲ့ ချစ်ချစ်တွေ အတွက် အခုတစ်ခါမှာတော့ အရသာရှိပြီး လုပ်ရတာ လွယ်ကူတဲ့ ဟမ်ဘာဂါ လုပ်နည်းလေးကို ပြောပြပေးမယ်နော်။ အိမ်မှာ လုပ်တဲ့ အတွက် အသားပြားတွေကလည်း မိမိနှစ်သက်သလောက် ထည့်လို့ရတယ်လေ။


ပါဝင်ပစ္စည်းလေးတွေကတော့
၁. ပေါင်မုန့် ( ၁ လုံး )
၂. ကြက်သားပြားကြီး ( ၁ ပြား ) ဒါကတော့ ဘာဂါမှာ အသုံးပြုတဲ့ ကြက်သားပြားပါ။ Super Market တွေမှာ အလွယ်တကူဝယ်လို့ရပါတယ်။
၃. ခရမ်းချဉ်သီး ( ၁ လုံး )
၄. ဆလပ်ရွက် ( ၂ ရွက် )
၅. ကြက်အူချောင် ( ၁ ချောင်း )
၆. ငရုပ်ကောင်းမှုန့် ( အနည်းငယ် )
၇. မီရောနစ် ( အနည်းငယ် )
၈. ဆော့အချဉ် ( အနည်းငယ် )
၉. ဆီ ( အနည်းငယ် )


ပြုလုပ်ပုံ အဆင့်ဆင့်
၁. အရင်ဦးဆုံး ပေါင်မုန့်ကို နှစ်ပိုင်းပိုင်းပြီး မီးကင်လိုက်ပါ။
၂. ကြက်သားပြားကြီးကိုတော့ အပေါ်အောက် ဆီသုပ်ပြီး မီးကင်ပါ။
၃. အားလုံး အဆင်သင့် လုပ်ပြီးရင်တော့ ပေါင်မုန့် အသားတစ်ဖက်ကို အောက်ခြေခင်းပါ၊ အပေါ်ကနေမှ အသားပြာနဲ့ အရွက်တွေကို ခင်းပြီးပါ၊ အရွက်နဲ့အသားကြားမှာ မီရောနစ်နဲ့ အချဉ်တို့ကို ထည့်ပါနော်။  အားလုံးလုပ်ပြီးမှ ကျန်နေတဲ့ ပေါင်မုန့်ကို အပေါ်ကနေ တင်လိုက်ပါနော်။ ငရုပ်ကောင်းမှုန့်ကို ကြိုက်ရင်လည်း ထည့်လို့ရပါတယ်။ ဒါဆိုရင် အရသာရှိတဲ့ ဘာဂါကို အိမ်မှာ ကောင်းကောင်းနဲ့ ၀၀စားလို့ရပါပြီနော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။