ရိုးရိုးရှင်းရှင်းလေး နဲ့ ပရိသတ်တွေအကြိုက်တွေ့စေမယ့် “Deception” မြန်မာရုပ်ရှင်ဇာတ်ကား အကြောင်း

Central Base Productions ကနေ ကျွန်တော်တို့ မြန်မာ ရုပ်ရှင်ချစ်ပရိသတ်တွေရှေ့မှောက်ကို အရောက်ချပြလိုက်တဲ့ ရုပ်ရှင်ကောင်းလေး တစ်ခု …..။

နာမည်က …. Deception …။

ရိုးရိုးရှင်းရှင်းလေးပါ … ဥပါယ်တံမျဉ် တဲ့ …။

DECEPTION 

ပျော်ရွှင်သာယာနေတဲ့ အိမ်ထောင်လေးတစ်ခု ..၊ ကြည်နူးဖွယ်ရိပ်မြုံလေးတစ်ခုကနေ ကြေကွဲစရာ၊ နာကျည်းစရာ ဖြစ်ရပ်တွေ ရောက်လာလိမ့်မယ်လို့ ဘယ်သူကများ မျှော်လင့်လိမ့်မလဲ ..။

တဒင်္ဂစိတ်ဆန္ဒရဲ့ သာယာမှု တစ်ခုနောက်ကို လိုက်မိတဲ့ အချိန် ….၊ ဂုဏ်၊ အဆင့်အတန်းနဲ့ အရှက်သိက္ခာတွေကို ငွေကြေး နဲ့ လဲလှယ်ရတော့မယ့် ခဏ၊ အိမ်ထောင်တစ်ခု .. လူနှစ်ယောက်ကြားထဲက နားလည်ခွင့်လွှတ်မှု …၊ မတော်လောဘတွေ။ နောက်ပြီး အပြင်လောကမှာပါ ကြုံတွေ့နေရတဲ့ Online ပေါ်က မမြင်ရတဲ့အန္တရာယ်တွေကို.... ကင်မရာရိုက်ချက်ကောင်းကောင်း၊ သမ္ဘာရင့် ပြည်တွင်းရော ပြည်ပက သရုပ်ဆောင်တွေ အပါအဝင် တက်သစ်စ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ပညာပေးပုံစံ ဇာတ်ကားကောင်းလေးတစ်ခုပါ ..။

DECEPTION

ဒီဇာတ်ကားမှာတော့သရုပ်ဆောင် ဇာဏ်ခီ၊ အောင်မြင့်မြတ်၊ အကယ်ဒမီ သက်မွန်မြင့်၊ မင်းဦး၊ ခြူးစစ်ဟန် … နဲ့ Road to Mandalay ဇာတ်ကားထဲက ထိုင်းသရုပ်ဆောင် မင်းသမီးခရာဗီ တို့ က ဦးဆောင်ပါဝင်ထားကြတာဖြစ်ပြီး …၊ ဇာဏ်ခီရဲ့ ဇာတ်ညွှန်းကိုပဲ ဒါရိုက်တာ Christina Kyi က ပြန်လည် အသက်သွင်းထားတာဖြစ်ပါတယ် ..။

ဇာတ်ကားကို ၂၀၁၆ မေလ က ရိုက်ကူးပြီးစီးခဲ့တာဖြစ်တယ် …။ လက်ရှိမှာတော့ ရုံမတင်ရသေးပေမယ့် တော်တော်လေးကို လူပြောများပြီး hot ဖြစ်နေတဲ့ issue တစ်ခုပေါ့ …။

ဇာတ်ညွှန်းဇာတ်အိမ်ကောင်းကောင်း၊ ကင်မရာ နဲ့ drone setting ရိုက်ချက်ကောင်းကောင်းတွေ အစအဆုံးပံ့ပိုးထားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ talent တွေကို ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ Deception ရဲ့ ရုပ်လုံးက ပိုပြီး အသက်ဝင်လာခဲ့တယ် ..။

DECEPTION

Trailer ထဲက တချို့ဇာတ်ဝင်ခန်းလေးတွေကတော့  မြန်မာဇာတ်ကားတွေတော်တော်များများကို ရင်းနှီးနေတဲ့သူတွေအတွက်ကတော့ ခပ်စိမ်းစိမ်းဖြစ်စေမယ် ထင်ရပေမယ့်လို့.. တကယ်တမ်း လူထဲကလူတွေ လူ့သဘာဝအဖြစ်အပျက်တွေနဲ့
နေ့စဉ်ကြုံတွေ့နေကျ ဘဝအမော တွေထဲက ရိုးရိုးရှင်းရှင်းအကြောင်းအရာတွေကို ပဲ ဇာတ်ညွှန်းဇာတ်အိမ် ဆန်းဆန်းလေးနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေး တစ်ခုဆိုတာကို တွေ့ရမှာပါ …။

အရိုးဆုံးဆိုတာ တစ်ခါတစ်လေတော့ ဆန်းကြယ်နေတတ်တယ် မဟုတ်လား ….။

လောလောဆယ်မှာတော့ ပရိသတ်တွေအနေနဲ့ Deception ရဲ့ Trailer လေးကိုပဲ မြည်းစမ်းပြီး မချင့်မရဲဖြစ်နေကြမှာပေါ့ ..။ ဖြစ်တတ်ပါတယ် .. ကျွန်တော်ရောပဲလေ ..။

“Stay tune and brace yourselves” ပါ အောဖျန့်တို့ ..။

ခါတိုင်းလိုပဲ၊ "မကြာမီ လာမည် မျှော်" ပေါ့ဗျာ ..။ :D

Watch " DECEPTION " official trailer :