နတ်သမီးလေးအလားလှပတဲ့ စစ်အမှုထမ်းကောင်မလေး

အခုတလော တောင်ကိုရီးယားမှာ ရေပန်းစားနေတဲ့သတင်းကတော့ နတ်သမီးလေးအလားလှပတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးစစ်အမှုထမ်းတစ်ဦးအကြောင်းပဲဖြစ်ပါတယ်…။ Cho Han Buyl လို့ခေါ်တဲ့ သူမဟာ တောင်ကိုရီးယားစစ်တပ်ရဲ့ ပြည်သူအကျိုးပြုလုပ်ငန်းတွေမှာ မျက်နှာဖုံးအဖြစ်ပါဝင်ဆောင်ရွက်နေရပြီး စစ်တပ်ဆိုင်ရာ ပိုစတာနဲ့ ပြက္ခဒိန်ရိုက်ကူးမှုတွေမှာ ပါဝင်နေရပါတယ်…။


သူမရဲ့မူလတာဝန်ကျတဲ့ နေရာကတော့ စစ်တပ်ဆိုင်ရာဆေးရုံကပါ…။ ယူနီဖောင်းနဲ့အလွန်မှလိုက်ဖက်လှပြီး တကယ်ကို ချောမောလှပတဲ့သူမဟာ မင်းသမီးတစ်ယောက်လို့တောင် ထင်ရပါတယ်…။

လူတွေမေးခွန်းထုတ်နေတာကတော့ ဒီလောက်ချောမောလှပတဲ့သူမဟာ ဘယ်လိုအကြောင်းပြချက်ကြောင့် စစ်သည်တစ်ဦးအဖြစ် လုပ်ကိုင်နေရတာလဲဆိုတာပါ… ။ဒါပေမယ့် ဒီအလုပ်ကို သူမဝါသနာပါလို့ လုပ်ကိုင်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်…။


မင်းသမီးလုပ်မယ်ဆိုရင် အောင်မြင်နိုင်မယ့်ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့သူမဟာ တချို့ဓာတ်ပုံတွေမှာဆိုရင် ရုပ်ရှင်ထဲကအခန်းတွေလားလို့တောင် ထင်ရပါတယ်…။ တကယ်ကို ချောမောလှပတဲ့ စစ်အမှုထမ်းမလေးပါပဲ…။