သင်္ကြန်ထမင်း (မွန်ရိုးရာ)

ပါဝင်သောပစ္စည်းများ 

ဆန်  Rice  ၁ ဗူး (နို့ဆီဗူး)
ဖယောင်း Candle  အနည်းငယ်
ငါးခြောက် Dry Fish  ၂၀ သား
ပုစွန်ခြောက် Dry Prawn  ၂ ဇွန်း (ထမင်းစားဇွန်း)
နနွင်း Tumeric  အနည်းငယ်
ကြက်သွန်နီ Onion  ၆ လုံး(အနေတော်)
သရက်သီးစိမ်း Green Mango  ၃ လုံး
ဆား Salt  အနည်းငယ်
နှမ်းနက် Sesame  အနည်းငယ်
ပုစွန်ငပိ Shrimp Paste  ၃ဇွန်း (လက်ဖက်ရည်ဇွန်း)
ပဲမှုန့်အကျက် Split Pea Powder(roasted)  ၁ ဇွန်း (ထမင်းစားဇွန်း)
ငရုတ်သီးခြောက် Dry Chilli  ၅တောင့်
ဆီ Oil  ၅  ဇွန်း (ထမင်းစားဇွန်း)

ပြင်ဆင်ပုံ

၁ ။ သရက်သီးများကို အနေတော်ခြစ်ထားပါ။ ကြက်သွန်နီကို လေးစိပ်စိပ်ပြီး အလွှာလေးများလုပ်ထားပါ။ ကြက်သွန်နီဆီချက် ချက်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ငရုပ်သီးအခြောက်တောင့်ကို ကြော်ထားပါ။ ငါးခြောက်ကို ပိုင်းဖြတ်ထားပါ။

ရေထမင်းပြုလုပ်ပုံ

၁ ။ ဆန်၁လုံးကိုထည့်ပြီး ရေများများနဲ့ (၂၀မိနစ်ခန့်) ပြုတ်ထားပါ။ ဆန်များ ထမင်းအနေအထားရလာပါက ရေများသွန်ပြီး ရေစစ်ပါ။ စစ်ထားသာထမင်းကို ရေခဲရေအေးအေးဖြင့် စိမ်ထားပါ။ 

 

သရက်သီးသုပ်ပြုလုပ်ပုံ

၁ ။ ပန်းကန်လုံး၁လုံးထဲသို့ ခြစ်ထားသော သရက်သီးကိုထည့်ပါ။ ပါးပါးလှီးထားသော ကြက်သွန်နီကိုထည့်ပါ။ ပဲမှုန့်၊ ဆား၊ ပုစွန်ခြောက်မှုန့်၊ ဆီချက်၊ နှမ်းနက်တို့ကို ထည့်ပြီး နှံ့အောင်နယ်လိုက်ပါ။

 

ငါးခြောက်ကြော်ပြုလုပ်ပုံ

၁ ။ ရေနွေးအိုးဆူအောင်တည်ထားပါ။ ရေနွေးဆူလာရင် ငါးခြောက်များကို ထည့်ပြီး၂၀ - ၃၀မိတစ်ခန့်ပြုတ်ထားပါ။ ငါးခြောက်များနူးလာရင် ဆယ်ပြီးငရုတ်ဆုံထဲထည့်ပြီး ညက်အောင်ထောင်းထားပါ။

၂ ။ မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီပူလာအောင်ထားပါ။ ဆီပူလာရင် နနွင်းမှုန့်၊ ကြက်သွန်နီ၊ စိမ်းစားငပိထည့်ပြီး မွှေပါ။ ခြစ်ထားသောသရက်သီး ထည့်ပါ။ ရေအနည်းငယ် ထည့်ပြီးမွှေပါ။ ရေခမ်းလာအောင်ထားပါ။

၃ ။ ရေခမ်းလာရင် ထောင်းထားသောငါးခြောက်ကို ထည့်ပါ။ ဆား၊ လေးစိပ်စိပ်ထားသောကြက်သွန်နီ တို့ကိုထည့်ပြီး မွှေပါ။ ကြက်သွန်နီများနူးလာသည်အထိ ချက်ပါ။ ကြက်သွန်များနူးလာရင် မီးပိတ်လိုက်ပါ။ အရသာရှိသော ငါးခြောက်ကြော်ကိုရရှိပါမည်။

ဖယောင်းသင်းနံ့ပြုလုပ်ပုံ

၁ ။ မြေအိုး (သို့) စဉ့်အိုးထဲသို့ စွဲနေသောမီးခဲကိုထည့်ပါ။ ထိုမီးထဲသို့ ဖယောင်းကိုထည့်ပြီး မြေအိုး၁လုံးဖြင့် အပေါ်ကနေအုပ်လိုက်ပါ။ ဖယောင်းငွေ့များကိုကုန်သည်အထိအုပ်ထားပါ။

၂ ။ အုပ်ထားသောအိုးကိုလှန်ပြီး အပေါ်ကနေအဝတ်ပါး ၁ထည်အုပ်လိုက်ပါ။ အုပ်ထားသောအဝတ်အပေါ်ကနေ ရေများလောင်းထည့်ပေးပါ။ ဖယောင်းနံ့သင်းသင်းနဲ့ ရေကိုရရှိပြီး သရက်သီးသုပ်၊ ငါးခြောက်ကြော်တို့ဖြင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။