သေဆုံးပြီးချိန်မှာ ထမ်းရွက်နိုင်တဲ့ ကုသိုလ်ကောင်းမှုများ

မြန်မာနိုင်ငံဟာ အလှူအတန်းအရက်ရောဆုံးနိုင်ငံများစာရင်းမှာ ပါဝင်ပါတယ်။ ဗုဒ္ဓဘာသာ ဓလေ့အောက်မှာ ရှင်သန်လာကြတဲ့ ကျွန်တော်တို့တွေဟာ အလှူအတန်းတွေနဲ့ သိပ်တော့မစိမ်းလှပါဘူး။ အလှူတကာအလှူများတွင် ကိုယ်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို လှူဒါန်းခြင်းဟာ အမြတ်ဆုံးပါ။ ဘုရားလောင်းကိုယ်တိုင်လည်း ပါရမီနုစဉ်ကာလတွေမှာ အမျိုးမျိုးသော ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ 

ကျွန်တော်တို့ဟာ တစ်နေ့မှာသေဆုံးသွားရမှာပါ။ သေဆုံးချိန်မှာတော့ မည်သည့်ပကာသနများကိုမှ ယူဆောင်သွားလို့ရမှာ မဟုတ်ပါဘူး။ သေဆုံးချိန်မှာမှ ထမ်းရွက်နိုင်တဲ့ ကုသိုလ်ကောင်းမှုလေးတွေရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လိုအပ်သူတွေထံသို့ ပြန်လည် အလှူပြုခြင်းဖြစ်ပါတယ်။ ကိုယ်တိုင်လည်း အသုံးမဝင်တော့ဘဲ မီးလောင်တိုက်သွင်းမယ့်အတူတူ တစ်ပါးသူကို လှူဒါန်းခြင်းဟာတော့ အကျိုးထွန်းလှပါတယ်။ 

 လူတစ်ယောက် သေပြီးပြီးခြင်း

(၁) နှလုံးက ဆယ်မိနစ်အထိရှင်ပါတယ်

(၂) ဦးနှောက်က မိနစ် နှစ်ဆယ်အထိ ရှင်ပါတယ်။

(၃) မျက်လုံးက လေးနာရီရှင်ပါတယ်။

(၄) အရေပြားက ငါးရက်အထိရှင်ပါတယ်။

(၅) အရိုးက ရက် သုံးဆယ်အထိ ရှင်တယ်လို့ သိရပါတယ်၊

သေလွန်သွားပြီးတော့ လူဟာ

(၃)ရက်အကြာမှာလက်သည်းခွံတွေ ကြွေတယ်။

(၄)ရက်အကြာမှာဆံပင်တွေ ကျွတ်တယ်။

(၅)ရက်အကြာမှာဦးနှောက်တွေ အရည်ပျော်တယ်။

(၆)ရက်အကြာမှာအစာအိမ်က အရည်ဖြစ်ပြီး ပါးစပ်နဲ့ဒွိပေါက်တွေကနေ ယိုစီးတယ်။

(၆၀)ရက်အကြာမှာ အရိုးကမ္မဌာန်းရုပ်ကလွဲလို့ ဘာမှမကျန်တော့လောက်အောင် ခြောက်သွေ့သွားတယ်။

ဘယ်လောက်တောင်စိတ်ပျက်ဖို့ကောင်းတဲ့ ခန္ဓာကိုယ်ကြီးလဲ။ ကျွန်တော်တို့ဟာ သေခြင်းတရားနဲ့ မတည်မြဲခြင်းတရားကို မေ့နေပြီး အပုပ်ခန္ဓာကိုယ်ကြီးကို တွယ်တာအလှပြင်နေသည်မှာ ကျောချမ်းဖို့ကောင်းလှပါတယ်။ 

ထို့အတူ မျက်ကြည်လွာကိုလည်း လှူဒါန်းနိုင်ပါသေးတယ်။ မျက်ကြည်လွာဟာ သင်သေဆုံးပြီးသွားတဲ့အချိန်မှ လေးနာရီအထိခံပါတယ်။ သင်နဲ့ သင့်မိသားစုအတွက်  အသုံးမဝင်တော့တဲ့ မျက်ကြည်လွာဟာ တစ်ပါးသောသူတွေအတွက်တော့ အလင်းရောင်ဖြစ်နိုင်လို့ပါ။ 

ခန္ဓာကိုယ်လှူဒါန်းချင် ရင် တော့ CITY MALL နားက ဆေး ၁ မှာ လှူလို့ရပါတယ်။မျက်ကြည်လွှာအတွက်ကတော့ ကန်ပတိလမ်းက မျက်စိဆေးရုံကြီးအပေါ်ဆုံးထပ်မှာလှူဒါန်း နိုင်ပါတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။