သင်က Long-Distance Relationship ကိုပိုင်ဆိုင်ထားသူတစ်ယောက်လား?

     Long-Distance Relationship တွေကြုံတွေ့ရတဲ့ ပြဿနာများစွာရှိပါတယ်…။ အနေဝေးနေရတဲ့အတွက်ကြောင့် တစ်ယောက်ကိုတစ်ယောက် မယုံကြည်တာတွေကြောင့် ရန်ဖြစ်တာတွေ၊ စိတ်ဆိုးစိတ်ကောက်တဲ့အချိန်တွေက ပိုများနေပါတယ်…။ အနေဝေးနေရတဲ့ထဲ ရန်ကလည်းအမြဲလိုလို ဖြစ်နေရတယ်ဆိုရင်တော့ သင်တို့ရဲ့ relationship  ကကြာကြာခိုင်မြဲမှာ မဟုတ်တော့ပါဘူး…။

ဒီလိုမဖြစ်ရအောင် ဖြေရှင်းလို့ရတဲ့နည်းတွေအများကြီးရှိပါတယ်…။

- စကားပြောဆိုပေးပါ…။ အချိန်တိုင်းပြောပေးနေရမယ်လို့လည်းမဟုတ်ပါဘူး…။ သင်အားနေတဲ့အခါမျိုး အလုပ် ဒါမှမဟုတ် ကျောင်းကနေပြန်လာတဲ့အခါမျိုးမှာ သင့်ချစ်သူကိုအချိန်ပေးပြီးစကားပြောတာ၊ ဖုန်းပြောတာတို့  Video Call ပြောပေးတာမျိုးတို့လုပ်ပေးပါ…။ သာမန်ချစ်သူတွေလိုမျိုး တွေ့ချင်တဲ့အခါပြေးတွေ့လို့ မရတာကြောင့် အမြဲရင်းနှီးမှုရှိနေအောင်နေပါ…။ အနေဝေးရင် သွေးအေးသွားတယ်ဆိုတာမျိုး မဖြစ်ရအောင် ကြိုးစားပြီးနေပါ…။

စကားပြောပေးရမယ်ဆိုပေမယ့်လည်း သင့်ချစ်သူနဲ့သင်နဲ့ကြားမှာ ကွာဟနေတဲ့အချိန်…၊ သင့်ဆီမှာမိုးလင်းပြီး သင့်ချစ်သူဆီမှာ မိုးချုပ်နေတာမျိုးဆိုရင်တော့ စကားပြောဖို့အချိန်ပေးတဲ့နေရာမှာ ပြဿနာရှိနိုင်ပါတယ်…။ ဒီလိုအခါမှာဖုန်းပြောဖို့ အချိန်အများကြီးပေးတာထက် စာတိုလေးတွေ ပို့ပေးပါလို့ပြောချင်ပါတယ်…။ ထမင်းစားနေတယ်နော်၊  စားပြီးပြီလား ဆိုတာမျိုး၊ ကျောင်းကနေပြန်လာပြီနော် ဆိုပြီးပို့တာမျိုး၊ သင်ဘာပဲလုပ်လုပ်စာတိုလေးပို့ပေးပါ…။ သတိရကြောင်း၊ ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်း မမေ့မလျော့ပို့ပေးဖို့အရမ်းအရေးကြီးပါတယ်…။

     မနက်မိုးလင်းတဲ့အခါမျိုးမှာ morning message ပို့ပေးတာမျိုးလုပ်ပေးပါ..။ အဲဒါမှမနက်နိုးလာတဲ့အခါ သူကိုသတိရတယ်ဆိုတာကိုသိရပြီး ပျော်သွားမှာပါ...။ ဖုန်းဆက်တဲ့အခါမျိုးမှာလဲ သင်တစ်နေ့လုံးဘာလုပ်တယ်၊ ဘယ်သူနဲ့တွေ့တယ်ဆိုတာမျိုးကိုပြောပြပေးပါ…။ မလိုဘူးလို့မထင်ပါနဲ့ ငါလုပ်သမျှ ပြောပြနေရမှာလားလို့လည်း မတွေးလိုက်ပါနဲ့…။ ဝေးကွာနေတဲ့ချစ်သူနှစ်ဦး အဆင်ပြေဖို့ စိတ်ချင်းနီးစပ်နေဖို့ကအရေးကြီးလို့ ဒီအချက်က တကယ်ကိုလိုအပ်ပါတယ်...။

     နောက်တစ်ခုကတော့ လိမ်မပြောပါနဲ့ မဖုံးကွယ်ပါနဲ့...။ ယုံကြည်မှုတစ်ခုထဲနဲ့ တည်ဆောက်ထားရတာဖြစ်လို့ သင့်အပေါ်ထားတဲ့ ယုံကြည်မှုကိုမဖျက်ဆီးလိုက်ပါနဲ့…။ ဘယ်သွားမယ်ဘာလုပ်မယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပါ…။ ဖောက်ပြန်တဲ့ဘက်ကိုခြေလှမ်းမစဖို့ပဲလိုတာပါ…။ Night Out လုပ်ချင်တာ သူငယ်ချင်းတွေနဲ့သောက်စားချင်တာ အပြင်သွားချင်တာ အပွင့်လင်းဆုံးပြောပါ…။ တစ်ဖက်လူကလည်းဒီလိုပြောတဲ့အခါမျိုးမှာ လုံးဝပိတ်ပင်တာမျိုးမလုပ်သင့်ပါဘူး…။ ယုံကြည်ပေးလိုက်ပါ သင်မကြိုက်တာမလုပ်ဖို့နားဝင်အောင်ပြောပါ…။

      လူတိုင်းရဲ့စိတ်ထဲမှာတော့ ကိုယ့်ချစ်သူမဖောက်ပြန်ဖို့က အရေးကြီးဆုံးပဲမဟုတ်လား …။ သင့်ချစ်သူကိုလည်းလွတ်လပ်ခွင့်လေးပေးထားပါ …။ အတ္တမကြီးပါနဲ့ …။ ချုပ်ထားရင်လွတ်ထွက်တတ်ပါတယ်…။ အရမ်းချုပ်ချယ်ထားရင် ကိုယ်မသိအောင်သူလုပ်မှာပါ။ အဲဒီအခါကျ လိမ်တယ်ဆိုတဲ့ဇာတ်လမ်းကစလာပါလိမ့်မယ်…။

အခြားတစ်ဖက်ကလည်း မလုပ်ခိုင်းတဲ့အခါမှာ ဘာကြောင့်ဆိုတာကိုမေးပါ…။ သူမကြိုက်တာကိုမလုပ်ဘူးလို့ ကတိပေးသွားပါ…။ ကတိပေးတဲ့တိုင်းလည်းတည်အောင်နေပါ...။သူစိတ်ကမလိုနေလို့ သင်ပြောသမျှငြင်းနေရင် မလုပ်ပဲနေလိုက်ပါနော်…။ ရန်စအဖြစ်မခံပါနဲ့ အေးဆေးဖြစ်သွားပြီဆိုတဲ့အခါမှ နားလည်အောင်ရှင်းပြပါ...။

     ရန်ဖြစ်တဲ့အခါ ဆက်သွယ်လို့မရအောင်လုပ်တာမျိုး၊ ဖုန်းစက်ပိတ်တာတို့လုံးဝမလုပ်ပါနဲ့…။ အဝေးကိုရောက်နေတဲ့အတွက်ကြောင့် လာတွေ့ပြီးရှင်းလို့မရတဲ့အတွက် ပြဿနာကပိုကြီးသွားစေနိုင်ပါတယ်…။ ရှင်းပါ။  ပြဿနာကို အမျှင်မတန်းပါစေနဲ့။ နားလည်အောင်ရှင်းပြ၊  ချော့ပြောပြီးပြဿနာကိုမြန်မြန်အဆုံးသတ်ပါ...။ တစ်ယောက်မကြိုက်တာ တစ်ယောက်မလုပ်မိအောင်နေပါ။ မရိပ်မိရင်လည်း မကြိုက်တာကို ပွင့်ပွင့်လင်းလင်းသာမေးထားလိုက်ပါ...။

     ဒီအချက်တွေကိုလိုက်နာရင်ပဲ တော်တော်လေးကိုအဆင်ပြေနေပါပြီ…။ ရန်မဖြစ်တဲ့ အတွဲရယ်လို့တော့မရှိပါဘူး…။ ပြဿနာကမကြီးသွားစေဖို့၊ စိတ်ချင်းနီးစပ်နေဖို့ကပဲ အရေးကြီးတာပါ...။