အိမ်မှာသိမ်းမထားဘဲ လွှင့်ပစ်သင့်တဲ့အရာ (၇) မျိုး

     ကျန်းမာရေးကအရေးကြီးတယ်ဆိုတာ လူတိုင်းသိထားပြီးသားအရာတစ်ခုပါ…။ ဒါပေမယ့် မိမိပြုလုပ်နေတဲ့အရာက ကျန်းမာရေးကိုထိခိုက်စေနိုင်သလား ဆိုတာကတော့ ဘယ်သူမှသတိမထားမိတတ်ကြပါဘူး…။ ကျန်းမာရေးကောင်းနေဖို့အတွက် ပစ္စည်းအသစ်တွေ ဝယ်ဖို့လည်းလိုပါတယ်…။ သလို မလိုအပ်တဲ့ပစ္စည်းတွေကိုလည်း သိမ်းမထားဘဲ လွှင့်ပစ်ဖို့လိုပါတယ်။

(၁) အသား၊ငါးတွေထည့်တဲ့ ပလတ်စတစ်ဘူး အဟောင်း       

     သင့်အိမ်မှာရှိတဲ့ ပလတ်စတစ်ဘူးအဟောင်းတွေကို စစ်ဆေးကြည့်ပါ…။ ပလတ်စတစ်ဘူးတွေက PC လို့ခေါ်တဲ့ ပိုလီကာဗွန်နိပ်၊ ဘစ်ဖီနောတို့နဲ့ ပြုလုပ်ထားတာကြောင့် အပူပေးတဲ့အခါမှာထွက်လာတဲ့ အငွေ့တွေက အဆိပ်အတောက်ဖြစ်စေပါတယ်…။ ဖြစ်နိုင်ရင် ကော်နဲ့မဟုတ်ပဲ ဖန်နဲ့လုပ်ထားတဲ့ဘူးတွေကို သုံးစေချင်ပါတယ်…။ ဒါကြောင့်မို့လို့ ပလတ်စတစ်ဘူးတွေကို သိမ်းထားပြီး သုံးတာမျိုးမလုပ်သင့်ပါဘူး။

(၂) အားကစားဖိနပ်အဟောင်း     

     သင်ကအားကစားလုပ်ရတာ ဝါသနာပါသူတစ်ယောက် (သို့) ကျန်းမာရေးလိုက်စားသူ တစ်ယောက်ဆိုလျှင် သင့်အိမ်မှာရှိနေတဲ့ အားကစားဖိနပ် ဟောင်းနွမ်းနေလားဆိုတာကို စစ်ဆေးသင့်ပါတယ်။ တကယ်လို့ဟောင်းနေရင်တော့လွှင့်ပစ်သင့်ပါတယ်။ အားကစားဖိနပ်တွေက မိုင်ပေါင်း ၃၀၀ - ၄၀၀ လောက်လျှောက်ပြီးသွားရင် နောက်တစ်ရံ အသစ်အစားထိုးသင့်ပါပြီ…။ အားကစားလုပ်တဲ့သူတစ်ယောက်က ပျမ်းမျှ မိုင် ၃ဝ လောက် လမ်းလျှောက်ရပါတယ်…။ ဒီလိုဆို ၃ လနေရင်တစ်ခါ သင့်အားကစားဖိနပ်ကိုလဲပေးသင့်ပါတယ်…။ မကောင်းတော့တဲ့ အားကစားဖိနပ်ကိုဆက်သုံးမိနေရင် သင့်ဒူးခေါင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်…။ သင်က ပုံမှန်ပြေးနေတဲ့သူဆိုရင်တော့ သင့်အားကစားဖိနပ်ကိုကောင်း၊ မကောင်းသေချာ စစ်ဆေးသင့်ပါတယ်…။

(၃) ဖွာထွက်နေတဲ့ သွားတိုက်တံ       

      သွားဆရာဝန်ရဲ့အကြံပေးချက်အတိုင်း တစ်နေ့ကိုနှစ်ကြိမ်သွားတိုက်တယ်ဆိုရင် သင့်သွားတိုက်တံက အချိန်ခဏလေးအတွင်း ပျက်စီးသွားမှာပါ…။ ဒါကြောင့် သင့်သွားတိုက်တံကို ပုံမှန် ၃လ တစ်ကြိမ်အသစ်လဲပေးသင့်ပါတယ်…။ ဖွာထွက်နေတဲ့ သွားတိုက်တံက သွားတိုက်တဲ့အခါမှာ အကျိုးသက်ရောက်မှုကိုကျဆင်းစေပါတယ်…။

(၄) မိတ်ကပ်ရည်အဟောင်း       

     မသုံးဖြစ်တော့တာကြာနေပြီးဖြစ်တဲ့ မိတ်ကပ်ရည်တွေကို ကျန်နေသေးတယ်ဆိုပြီး ပြန်စမ်းမသုံးကြည့်ပါနဲ့နော်…။ မိတ်ကပ်ရည်မှမဟုတ်ပါဘူး မိတ်ကပ်နဲ့ပတ်သပ်တဲ့ပစ္စည်းမှန်သမျှကို အချိန်အကြာကြီးထားပြီး မကုန်တာတွေကို ဆက်မသုံးသင့်ပါဘူး…။ အချိန်ကြာသွားတဲ့ မိတ်ကပ်ပစ္စည်းတွေက ဘက်တီးရီးယားတွေကို များစွာဖြစ်ပေါ်စေပါတယ်…။ ကျွမ်းကျင်သူတွေကတော့ ဘယ်မိတ်ကပ်ပစ္စည်းမဆို အသုံးပြုဖို့ ဖွင့်ပြီးတာနဲ့ ၃လပဲသုံးဖို့ အကြံပြုထားပါတယ်…။ ကြာနေပြီဖြစ်တဲ့ မိတ်ကပ်ပစ္စည်းတွေကို သုံးမိတယ်ဆိုရင် သင့်မျက်နှာပေါ်ကို ဝက်ခြံတွေဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေ တင်ပေးနေသလိုဖြစ်နေမှာပါ…။

(၅) မျက်ကပ်မှန်

     မျက်လုံးထဲကို ပိုးမွှားကူးစက်မှုရဲ့ပထမဆုံးအချက်ကတော့ ညစ်ပတ်နေတဲ့ မျက်ကပ်မှန်ကြောင့်ပဲဖြစ်ပါတယ်…။ ပုံမှန်အားဖြင့်တော့ မျက်ကပ်မှန်ကို ၃လ တစ်ကြိမ်လဲပေးသင့်ပါတယ်…။ ဒီအချက်ကိုမလိုက်နာရင်တော့ သင့်မျက်လုံးထဲကို ပိုးမွှားတွေဝင်စေနိုင်ပြီး သင့်မျက်လုံးကိုပါ ပျက်စီးစေနိုင်ပါတယ်…။

(၆) ယိုယွင်းနေတဲ့ Bra

     မိန်းကလေးတွေအနေနဲ့ ယိုယွင်းနေတဲ့ Bra ကိုဆက်မသုံးသင့်ပါဘူး…။ ယိုယွင်းနေတဲ့ Bra ကိုဆက်သုံးမိပါက သင့်ကျောနာကျင်တာကိုဖြစ်စေပြီး သင့်ရင်သားကိုပုံပျက်စေပါတယ်…။

(၇) နေလောင်ခံလိမ်းဆေး

     နေလောင်ခံလိမ်းဆေးတွေမှာ ကုန်ဆုံးရက်ရှိတယ်ဆိုတာ သင်သတိထားမိပါသလား? သင်ဒါကိုမသိသလို ဆက်နေနေမယ်ဆိုရင်တော့ အမှားကြီးမှားပါလိမ့်မယ်…။ နေလောင်ခံလိမ်းဆေးမှာပါတဲ့ နေလောင်တာကို ကာကွယ်ပေးနိုင်တဲ့ ဓာတုဗေပစ္စည်းတွေက သက်တမ်းကုန်သွားတဲ့အခါမှာ သင်ဘယ်လောက်ပဲလိမ်းလိမ်း သင့်အသားအရေကို မကာကွယ်ပေးနိုင်ပါဘူး…။ သက်တမ်းကုန်သွားတဲ့ နေလောင်ခံလိမ်းဆေးက လုံလောက်တဲ့ကာကွယ်မှုကို မပေးနိုင်တော့တာကြောင့် အိုမင်းရင့်ရော်မှုကိုဖြစ်ပေါ်စေပြီး နေလောင်ခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်နော်…။