Chubby Face ဖြစ်နေလို့စိတ်ညစ်နေပါသလား…?

     သင့်မျက်နှာလေးက ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်နေလို့ စိတ်ညစ်နေပါသလား…။ လူတစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး…။ တစ်ချို့ကတော့ မျက်နှာလေးက ပြည့်ပြည့်ဖောင်းဖောင်းလေးမို့ ချစ်ဖို့ကောင်းတယ်ဆိုပြီး ကျေနပ်ကြသလို၊ တစ်ချို့ကလည်းမျက်နှာကြီးလွန်းတယ်ထင်ပြီး မကြိုက်ကြပါဘူး…။ ဒီတော့ Chubby Face ဖြစ်နေတာကို သွယ်လျသွားစေဖို့ လုပ်ဆောင်ချက်လေးတွေကို ပြောပြပေးပါမယ်နော်…။

- သင့်ကိုသင်ပြန်စစ်ဆေးပါ…။ သင့်မျက်နှာအနေအထားကိုလေ့လာပါ…။ မျက်နှာပြည့်ဖောင်းနေတာက သင့်ခန္ဓာကိုယ်အလေးချိန်ကြောင့်ဖြစ်တာလား…။ သင့်ခန္ဓာကိုယ်အလေးချိန်ကပုံမှန်တိုင်းဖြစ်နေပြီး သင့်မျက်နှာကပဲ ပြည့်နေတာဆိုရင်တော့ သင့်အနေနဲ့ သင့်အိမ်ကလူတွေကိုကြည့်ပါ…။ မျိုးရိုးဗီဇကြောင့်လည်း မျက်နှာပြည့်တာဖြစ်နိုင်ပါတယ်…။

- သင်နဲ့အရမ်းခင်ရတဲ့သူတစ်ယောက်ကို သင့်မျက်နှာအနေအထားကိုမေးပါ…။ သင်ကိုသင်ကြည့်ပြီးဆုံးဖြတ်တာက တစ်ခြားသူပြောပြတာလောက် သေချာမှာမဟုတ်ပါဘူး…။ ဘာလို့လဲဆိုတော့ လူတိုင်းကကိုယ့်အလှကို ကျေနပ်နေတဲ့သူရယ်လို့ မရှိတာကြောင့်ပါ…။ သင့်သူငယ်ချင်းကပါ မျက်နှာကပြည့်နေတယ်လို့ ပြောလာရင်တော့ သင့်ကိုယ်သင်ဘယ်လိုပြင်ဆင်မလဲဆိုတာ စပြီးစဉ်းစားသင့်ပါပြီ…။

- သင့်ကိုယ်ဟန်အနေအထားကိုပြင်ဆင်ပါ…။ သင့်ကိုယ်ဟန်အနေအထားက လက်ပြင်ကုန်းပြီး ပုံစံမမှန်ဖြစ်နေတယ်ဆိုရင်တော့ ဒီအချက်ကိုအရင်ပြင်သင့်ပါတယ်…။ ကိုယ်ဟန်အနေအထားမမှန်တာကလည်း သင့်မျက်နှာကိုဝစေပြီး၊ မေးနှစ်ထပ်ဖြစ်တာတွေဖြစ်စေပါတယ်…။ သင့်ရဲ့ကိုယ်ဟန် မမှန်ခြင်းတစ်ချက်ထဲက မေးစေ့နဲ့လည်ပင်းက အောက်ငိုက်စိုက်တဲ့အနေအထားနဲ့ နေနေမယ်ဆိုရင်တော့ သင့်မျက်နှာကိုပိုပိုပြီးဝလာစေပါတယ်…။

- ရေဓာတ်ကောင်းစွာရရှိနေအောင်နေထိုင်၊ စားသောက်ပါ…။ သင့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ကောင်းစွာရရှိနေစေဖို့အတွက် အရည်ရွှမ်းတဲ့ အသီးနှံတွေ၊ ရေများများသောက်ပေးပါ…။

- မျက်နှာကိုလေ့ကျင့်ခန်းလုပ်ပေးဖို့လဲလိုအပ်ပါတယ်…။ မျက်နှာကိုလေ့ကျင့်ခန်းလုပ်ပေးရင်လည်း သင့်မျက်နှာကိုပိန်သွယ်လာစေပါတယ်…။ နောက်ထပ်အပိုအနေနဲ့ သင့်ကိုနုပျိုလာစေပါတယ်…။ အင်္ဂလိပ်အက္ခရာ X နဲ့ O ကိုတစ်နေ့အကြိမ်ပေါင်းများစွာ ဆိုပြီးလေ့ကျင့်ပေးပါ…။ ဒီစာလုံးနှစ်လုံးက အသံထွက်ပြီးဆိုရင် သင့်ပါးစပ်နဲ့ ပါးမှာရှိတဲ့ ကြွက်သားတွေကိုများစွာလှုပ်ရှားမှု ပြုလုပ်ပေးရတာကြောင့် သင့်မျက်နှာကိုလေ့ကျင့်ခန်းလုပ်ပြီး သွယ်လျသွားစေမှာပါ…။

- ပီကေဝါးပေးပါကလည်း သင့်မျက်နှာကို လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်စေပါတယ်…။ ပီကေဝါးတဲ့အခါမှာ သင့်မျက်နှာမှာရှိတဲ့ကြွက်သားတွေကို အကြိမ်ပေါင်းများစွာ အလုပ်လုပ်ပေးရတာဖြစ်တဲ့အတွက်ကြောင့် သင့်မျက်နှာကိုသွယ်လျစေမှာပါ…။ သင်ကဝနေတဲ့သူဆိုရင်တော့ သကြားမပါဝင်တဲ့ ပီကေမျိုးကိုရွေးဝယ်ပြီးစားသင့်ပါတယ်…။

- ပါးစပ်ကို ကျယ်ကျယ်ဝန်းဝန်း သင်တက်နိုင်သလောက်ထိဟပြီး လေ့ကျင်ခန်းလိုမျိုးလုပ်ပေးပါ…။ ဒီလေ့ကျင့်ခန်းကိုလုပ်တဲ့အခါမှာ တစ်ခါလုပ်ရင် ၃၀ စက္ကန့်နဲ့ တစ်နေ့ကို ၃ ကြိမ်လုပ်ပေးသင့်ပါတယ်…။

- အလှပြင်တဲ့အခါမှာလည်း မျက်နှာကိုသွယ်အောင်လုပ်ပြီး ပြင်တဲ့နည်းတွေလည်းပေါများလာပါပြီ…။ Contour ပြင်တာက သင့်မျက်နှာကိုသွယ်လျသွားသရောင် ဖြစ်စေပါတယ်…

- မျက်ခုံးမွှေးဆွဲတဲ့အခါမှာလဲ အပေါ်ကိုပင့်တက်သွားတဲပုံမျိုးဆွဲပေးပါက သင့်မျက်နှာကို ရှည်ရှည်သွယ်သွယ်ပုံလေးပေါက်စေပါတယ်…။

- နုတ်ခမ်းနီဆိုးတဲ့အခါမှာလည်း အရောင်ဖျော့ဖျော့လေးတွေမဆိုးပဲ အရောင်တောက်တောက်လေးတွေ ဆိုးပေးသင့်ပါတယ်…။