သင်မသိသေးတဲ့ ကိုရီးယားနိုင်ငံရဲ့ ထူးခြားချက်များ

ကိုရီးယားနိုင်ငံ၊ ကိုရီးယားယဉ်ကျေးမှုတွေဟာ မြန်မာပြည်လူထုနဲ့ သိပ်တော့မစိမ်းလှပါဘူး။ ထူးခြားအံသြဖွယ်ကောင်းတဲ့ အရာတွေနဲ့ပြည့်နှက်နေတဲ့ အိမ်မက်နိုင်ငံတစ်ခုပါ။ သင်မသိသေးတဲ့ ကင်ချီမြေရဲ့ ထူးခြားချက်တွေကိုလည်း We မှဖော်ပြပေးလိုက်ရပါတယ်။

(၁) အလှအပကို စိတ်ဝင်အစားဆုံး နိုင်ငံတစ်နိုင်ငံပါ။

တီဗီစီးရီးတွေမှာ ကိုရီးယားသူ ချောချောလှလှလေးတွေကို မြင်ဖူးကြမှာပါ။ ကိုရီးယားလူမျိုးတွေဟာ အလှအပကို အရမ်းခုံမင်ကြပါတယ်။ သူတို့ကိုယ်ကို Idol တွေနဲ့တူစေဖို့၊  အသားအရေလှပနေဖို့ကို အမြဲကြိုးစားနေလေ့ရှိပါတယ်။ မိန်းကလေးတွေတင်မက ယောကျာ်းလေးတွေကပါ အလှအပကို စိတ်ဝင်စားလှပါတယ်။ ကိုရီးယားယောကျာ်းလေးတွေဟာ တစ်ကမ္ဘာလုံးမှာ အလှပြင်ပစ္စည်း အသုံးအများဆုံးလူမျိုးတွေပါ။ သူတို့ဝင်ငွေရဲ့ လေးပုံတစ်ပုံကို အလှပြင်ပစ္စည်းတွေဝယ်ယူဖို့အတွက် အသုံးပြုကြပါတယ်။ ကိုရီးယားနိုင်ငံဟာ အလှအပခွဲစိတ်ပြုပြင်မှုနှုန်းလည်း မြင့်မားလှပါတယ်။ 

(၂) အိမ်ထောင်ရေးဖောက်ပြန်မှုတွေကို အပြင်းအထန်ကန့်ကွက်ကြတယ်။

လက်တွေ့ကိုရီးယားနိုင်ငံဟာ လူကြီးမင်းတို့ တီဗီဖန်သားပြင်ထက်ကကြည့်ရှုနေကြ ဇာတ်ရုပ်တွေနဲ့တော့ မတူလှပါဘူး။ တီဗီစီးရီးတွေမှာဆို အိမ်ထောင်ရေးဖောက်ပြန်မှုတွေကို တစ်ဖွဲ့တစ်နွဲ့နဲ့ စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးပြလေ့ရှိပါတယ်။ အပြင်မှာတော့ အိမ်ထောင်ရေးဖောက်ပြန်မှုကို ပတ်ဝန်းကျင်အမြင်နဲ့သာမက တရာဥပဒေအရပါ တားဆီးပါတယ်။ (၁၉၈၅) နဲ့ (၂၀၁၅) ခုနှစ်အတွင်း အိမ်ထောင်ရေးဖောက်ပြန်တဲ့အမှုပေါင်း (5) သောင်းကျော်လောက် စွဲချက်တင်ခံခဲ့ရပါတယ်။ 

(၃)  မိဘမျိုးရိုးနာမည်

တောင်ကိုရီးယားလူမျိုးသန်းပေါင်း (၅၀) ကျော်လောက်ရဲ့ (၂၀) ရာခိုင်နှုန်းရဲ့ မျိုးရိုးနာမည်က ကင်ဖြစ်ပါတယ်။ လီနဲ့ပတ် မျိုးရိုးနာမည်ကတော့ (၂၃) ရာခိုင်နှုန်းလောက်ရှိပါတယ်။ တောင်ကိုရီးယားရဲ့ရှေ့မှုတွေအရ မျိုးရိုးနာမည်တူတွေကို လက်ထပ်ခွင့်မပေးခဲ့ဘူး။ ယခုတော့ ထိုအယူအဆဆိုးတွေ မရှိတော့ပါဘူး။ 

(၄) တောင်ကိုရီးယားလူမျိုးတွေက (၄) ဂဏန်းကိုမကြိုက်နှစ်သက်ကြပါဘူး။

(၁၃) ကြောက်ပုံပြင်တွေကိုတေ့ ပရိသတ်ကြီး ကြားဖူးကြမှာပါ။ တောင်ကိုရီးယားနိုင်ငံကတော့ ထိုသို့မဟုတ်ဘဲ လေးဂဏန်းကို ရှောင်ကြပါတယ်။ အခန်းနံပါတ်တွေ၊ ဓာတ်လှေကားနံပါတ်တွေမှာဆို လေးဂဏန်းကိုတွေ့ရမှာ မဟုတ်ပါဘူး။ (၃) ကနေ (၅) ဆိုပြီး ကျော်ကာရေးသားတတ်ပါတယ်။ 

(၅) အချိုကို နှစ်ခြိုက်စွာစားသုံးကြတယ်။ 

တောင်ကိုရီးယားလူမျိုးတွေက အချိုစားရင် ဉာဏ်ကောင်းတယ်ဆိုတဲ့အယူကိုလက်ခံထားပါတယ်။ ဒါကြောင့်မိဘတွေက ကလေးတွေစာမေးပွဲကို ကောင်းမွန်စွာဖြေဆိုနိုင်ဖို့ သကြားလုံးအစရှိတဲ့ အချိုပါတဲ့ သရေစာများကို ကျွေးလေ့ရှိပါတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။