ထူးခြားပြီးအမှတ်တရဖြစ်မည့် Pre-Wedding နေရာများကိုရွေးချယ်ခြင်း

အားလုံးက Pre Wedding ရိုက်မယ်ဆိုတောင်တန်းတွေ၊ ကမ်းခြေတွေ၊ သမိုင်းနဲ့ရှေးကျတဲ့ အဆောက်အဦးတွေ၊ ပန်းတွေ စတာတွေကိုပဲတန်းမြင်လေ့ရှိကြပါတယ်။ တစ်ခါတစ်လေမှာအစဉ်အလာတွေကနေချိုးဖောက်ပြီးထွက်ကြည့်ပါ။ သင်တို့ ချစ်သူနှစ်ဦးရဲ့ တစ်သက်တာအမှတ်တရ ဖြစ်စေမယ့် Pre Wedding ပုံလေးတွေကိုအများနဲ့မတူဘဲစိတ်ထဲအမြဲစွဲလန်းကျန်ရှိနေဖို့အတွက် ဒီနေရာလေးတွေမှာရိုက်ကူးကြည့်သင့်ပါတယ်။


၁။ မီးဖိုခန်း
အမျိုးသမီးတိုင်းကကိုယ့်ကိုချက်ပြုတ်ရာမှာကူညီချက်ပြုတ်ပေးလေ့ရှိတဲ့ အမျိုးသားများကိုပိုမိုခင်တွယ်တတ်ကြပါတယ်။ ဒါကြောင့် မီးဖိုချောင်ထဲမှာ နှစ်ယောက်အတူတက်ညီလက်ညီလက်စွမ်းပြချက်ပြုတ်ရင်းချစ်ခြင်းမေတ္တာကိုပုံဖော်တဲ့ Pre Wedding ဓာတ်ပုံလေးတွေကိုရိုက်ကြည့်သင့်ပါတယ်။ဒီပုံလေးတွေကို ပြန်ကြည့်တိုင်းမိန်းမဖြစ်သူဟာတစ်ချိန်မှာသူ့ယောက်ကျာ်းအပေါ် ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့ပါလားလို့ တွေးမိပြီးပီတိတွေဖြစ်နေစေပါလိမ့်မယ်။



၂။ Gym ခန်းမ
Gym အတူတူဆော့ရင်း RS Goal တွေရိုက်ကြတာတွေကိုအများစုကသဘောကျကြပါတယ်။ ဒီလိုဆို Pre Wedding ကိုလဲ Gym က ကိရိယာတွေနဲ့ ပုံဖော်ကြည့်လိုက်ပါ။ သိပ်ကိုအားကျစရာစုံတွဲလေးလိုခံစားရစေမှာပါ။နှစ်ယောက်အတူဘဝမှာလဲ အခက်အခဲတွေကိုရင်ဆိုင်ရတိုင်းဒီပုံလေးကအားတင်းထားပါလို့ အချိန်တိုင်းပြောပေးပါလိမ့်မယ်။


၃။ မိုးရေစက်များအောက်
မိုးရွာခြင်းကလူတွေရဲ့ နှလုံးသားကိုနူးညံ့စေသလိုခံစားလွယ်စေပါတယ်။ မိုးရေတွေကိုကြည့်ရင်း တစ်ခုခုကိုလွမ်းသလိုလို သတိရသိလိုလို ခံစားဖူးကြတယ် မဟုတ်လား။ ဒါကြောင့် မိုးတွေရွာတဲ့ကြားထဲမှာချစ်သူအတွက် ထီးလေးဆောင်းပေးတာမျိုး၊ ချစ်သူနောက်ပြေးလိုက်နေတာမျိုးစတဲ့ပုံစံလေးတွေကိုရိုက်ကြည့်သင့်ပါတယ်။ နူးညံ့တဲ့ချစ်ခြင်းမေတ္တာနဲ့ သတိရခြင်းတွေများစွာကို ဓာတ်ပုံလေးထဲမှာ ထာဝရ သိမ်းဆည်းထားနိုင်မှာပါ။



၄။ ရေအောက်တစ်နေရာ
လှပတဲ့ ကမ်းခြေတစ်ခုရဲ့ရေပြာပြာလေးတွေအောက်မှာကျောက်ခဲလေးတွေ ငါးလေးတွေနဲ့ အလွန်စိတ်အေးချမ်းပြီးချစ်စရာမြင်ကွင်းလေးကိုချစ်သူနှစ်ဦးရဲ့ Pre Wedding ကိုရိုက်ကူးကြည့်ပါ။ ကြောင်တောင်တောင်နိုင်တဲ့အတွေးလို့ထင်ရပေမဲ့ ရင်ထဲထင်ကျန်ရစ်စေမယ့် ဓာတ်ပုံတွေကိုရရှိစေမှာအသေအချာပါပဲ။

၅။ တိရစ္ဆာန်လေးတွေနဲ့
ခွေးလေးတွေ ကြောင်လေးတွေ ငှက်လေးတွေ စတဲ့တိရစ္ဆာန်လေးတွေနဲ့ Pre Wedding ကိုပုံဖော်ကြည့်ပါ။ လောကကြီးကနေတတ်ရင်ကျေနပ်စရာပျော်ရွှင်စရာတွေရှိပါသေးလားဆိုတဲ့ အမြင်ကို ကြည့်မိသူတိုင်းခံစားသွားရလောက်အောင် Romamticဆန်သွားပါလိမ့်မယ်။ သဘာဝတရားနဲ့အတူ ဟန်ဆောင်မှုတွေကင်းကင်းနဲ့ တစ်ခါတစ်လေ ရှင်သန်ကြည့်ပါ ငယ်စဉ်ကလေးဘဝကလို လွတ်လပ်မှုတွေကို ပြန်လည်ရှာတွေ့လာပါလိမ့်မယ်။



စိတ်ကူးဆန်းဆန်းလေးတွေကြောင့် သင်တို့ချစ်သူနှစ်ဦးရဲ့ တစ်သက်မှတစ်ခါဖြစ်တဲ့ Pre Wedding လေးဟာအမြဲတသသ ပြန်ကြည့်တိုင်းအမှတ်တရတွေရှိနေစေမှာပါ။

Ref:ShaadiSaga  

Creator >>> Aung Kaung Set

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။