ဇူလိုင် (၁၃) မှာ ထွက်ရှိမဲ့ “Selena Gomez” ရဲ့ သီချင်းအသစ်

မေလ (၁၈) မှာထွက်ရှိခဲ့တဲ့ “Selena Gomez” ရဲ့သီချင်းအသစ် “Bad Liar” ဟာဆိုရင် ပရိတ်သတ်တွေကြားမှာ တော်တော်လေးအောင်မြင်မှုရရှိခဲ့ပါတယ်...။ အခု “Bad Liar” နောက်ကနေအသစ်ထွက်ရှိလာမဲ့ "Fetish" ဆိုတဲ့ သူမရဲ့တစ်ကိုယ်တော် single song လေးလာပါပြီ...။

Selena ဟာဆိုရင် ဇူလိုင်လ (၇) ရက်၊ သောကြာနေ့ညက သူမရဲ့ twitter မှာ song title ပုံလေးနဲ့ “JULY 13” ဆိုပြီး ရေးတင်ထားတာကိုတွေ့ရှိရပါတယ်။

ဒီ "Fetish" song မှာဆိုရင် “Gucci Mane” က featuring အနေနဲ့ ပါဝင်သီဆိုပေးထားတာပါ။ cover မှာတော့ selena က အငွေ့တွေထွက်ပြီးပျက်နေတဲ့ ကားရဲ့အရှေ့မှာ grocery bags ကိုကိုင်ထားပြီး၊  lemon အရောင် ဂါဝန်အရှည်ကို ဝတ်ဆင်ထားပါတယ်။ ဒီ cover ပုံလေးက "Fetish" song ရဲ့ အရိပ်အမြွက်ပဲဖြစ်မယ်လို့ထင်ပါတယ်။

ပရိတ်သတ်ကြီးရော ဘယ်လိုထင်လဲ...?

"Fetish" ဆိုတဲ့ ဒီသီချင်းလေးက selena ရဲ့ ဘယ်လိုသီချင်းမျိုးဖြစ်မလဲ၊ ဘယ်လိုအကြောင်းအရာလေးတွေကို ရေးဖွဲ့သီဆိုထားတာလဲ၊ ဘယ်လိုပုံစံတွေရိုက်ကူးထားမလဲဆိုတာကိုတော့ ဇူလိုင် (၁၃) ကျမှပဲ နားထောင်ကြည့်ကြတာပေါ့။

အခုကတော့ ပရိတ်သတ်တွေကြားမှာ ရေပန်းစားပြီး အောင်မြင်နေတဲ့ “Bad Liar” ဆိုတဲ့ သီချင်း video လေးကိုပဲ အရင်ရှုစားကြည့်ရအောင်...။