ကမ္ဘာ့တစ်ဝန်းလုံးကြိုက်နှစ်သတ်ကြတဲ့ ပလတ်ဖောင်းရိုးရာ အစားအသောက်များ 

လမ်းဘေးအစားအစားတွေ၊ ပလတ်ဖောင်းပေါ်မှာရောင်းတဲ့အစားအစားတွေကို သင်ကြိုက်နှစ်သတ်ပါသလား။ အက်ဒမင်ကတော့ ထိုအစားအစာလေးတွေကို ကြိုက်နှစ်သတ်ပါတယ်။ ကြိုက်နှစ်သတ်ရခြင်းကတော့ လူသဘာဝအလှအပ၊ လူတွေရဲ့အားမာန်တွေကို ရှုစားရင်း အရသာရှိတဲ့ မုန့်တွေကိုစားနိုင်လို့ပါ။ မြန်မာနိင်ငံမှာလည်း လမ်းဘေး မှာရောင်းချတဲ့ စားချင်စွယ်မုန့်လေးတွေရှိပါတယ်။ ကမ္ဘာတစ်ဝန်းလမ်းဘေးမှာရောင်းချတဲ့ အစားအသောက်တွေကိုလည်း ဖာ်ပြပေးလိုက်ရပါတယ်။ 

(၁) ပူရီ

ပူရီကိုတော့ ကမ္ဘာ့နေရာအနှံအပြားမှာတွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံသားတော်တော်များများကလည်း ပူရီကို ကြိုက်နှစ်သတ်ကြပါတယ်။ အိန္ဒိယသားတွေရဲ့ အစားအသောက်တီထွင်နိုင်စွမ်းကိုလည်း လျှော့တွတ်လို့မရပါဘူး။ ပူရီဟာလည်း ကမ္ဘာတစ်ဝန်းကြိုက်နှစ်သတ်တဲ့ ပလတ်ဖောင်းရိုးရာအစားအသောက်တစ်ခုဖြစ်ပါတယ်။ 

(၂) တူရီကီက Doner kebab

ဒီအစားအစားလေးကတော့ တော်တော်လေးကောင်းမွန်ပါတယ်။ တူရကီရိုးရာအစားအစာတစ်မျိုးဖြစ်ပြီး ဥရောပပလတ်ဖောင်းတိုင်းမှာ အဆိုပါအစားအသောက်ကောင်းလေးကို တွေ့နိုင်ပါတယ်။ အသားမျိုးစုံပါဝင်တဲ့အစားအသောက်ကောင်းတစ်ခုပါ။ ဥရောပသားတွေအကြိုက်နဲ့တော့ ကွတ်တိပဲပေါ့။

(၃) ဂျာမနီက Currywurst 

အဆိုပါအစားအသောက်ကောင်းလေးကိုတော့ (၁၉၄၁) ခုနှစ်က စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တီထွင်သူနာမည်ကတော့ Herta Heuwer  ဖြစ်ပါတယ်။ သူဟာ ဂျာမနီကိုရောက်ရှိနေကြ ဗြိတိန်စစ်သားတွေစားသုံးနေကြဖြစ်တဲ့ Ketch up ကို ဟင်းခတ်အမွေးအနှံစုံစုံလင်လင်ဖြင့် ချက်ပြုတ်ဖို့စိတ်ကူးရခဲ့တာပါ။ ဝတ်အူချောင်းလည်း ထည့်ပါသေးတယ်။ သူမဟာ ထိုအစားအစာကို စွန့်ဦးတီထွင်ပြီးလမ်းမပေါ်တင်ရောင်းချခဲ့ပါတယ်။ ယခုအချိန်မှာတော့ အဆိုပါလမ်းဘေးအစားအစားလေးကို ကမ္ဘာအနှံမှာတွေ့နိုင်ပါတယ်။ 

(၄) ထိုင်းက  Pad thai

ထိုင်းလူမျိုးတွေရဲ့ အစားအသောက်အပေါ်ထားတဲ့စိတ်ထားနဲ့ အစားအသောက်ချက်ပြုတ်စွမ်းရည်ကတော့ အံမခန်းပါဘဲ။ အဆိုပါအစားအစာလေးကိုတော့ ခေါက်ဆွဲ၊ ကြက်ဥ၊ ငါးငံပြာရည်၊ အခြောက်ပုစွန်၊ မန်းကျည့်ပျော့ဖတ်၊ ထန်းသကြားတို့ကို အချိုးကျချက်ပြုတ်တာပါ။ အရသာကတော့ ဂွတ်ရှယ်ပါပဲ။ ဒုတိယကမ္ဘာစစ်တုန်းက ထိုင်းပြည်သူတွေအနေနဲ့ ဆန်ရှားပါးမှုနဲ့ကြုံတွေ့ခဲ့ပါတယ်။ ထိုအချိန်က ထိုင်းဝန်ကြီးချုပ်က ဆန်အစားခေါက်ဆွဲအစားထိုးစားကြရန် အကြံပေးခဲ့ပါတယ်။ ထိုင်လူမျိုးတွေအနေနဲ့ ခေါက်ဆွဲကို နည်းအမျိုးမျိုးနဲ့ချက်ပြတ်ခဲ့ကြပြီး Pad ကိုတွေ့ရှိခဲ့တာပါ။ ယခုအချိန်ထိ အဆိုပါအစားအသောက်ရနံ့လေးဟာ ထိုင်းလမ်းကြားတွေထဲမှှာ မွေးပျံနေတုန်းပါပဲ။

(၅) ဂျပန်က Sashimi

ဂျပန်နိုင်ငံဟာ သိပ်ကိုနန်းဆန်တဲ့ နိုင်ငံတစ်ခုပါ။ သင်ဂျပန်ကိုသွားရင်တော့ အတွေ့အကြုံတစ်ခုခံစားရမျာပါ။  ငါးအရှင်ကြီးတွေကို သင့်ရှေ့မှာ ခုတ်ပြပြီး သင့်ကို အစိမ်းကျွေးမယ်ဆို စားရဲပါ့မလား။ ဂျပန်သားတွေကတော့ စားရဲပါတယ်။ အဆိုပါငါးအစိမ်းကိုတော့ Sashimi လို့ခေါ်ပါတယ်။ အချဉ်တစ်ခုနဲ့တွဲဖတ်စားရတာပါ။ ဂျပန်နိုင်ငံရဲ့ လမ်းကြားတိုင်းမှာတွေ့နိုင်ပါတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။