Disney မင်းသမီးလေးတွေရဲ့နောက်ကွယ်က လူမသိသေးတဲ့လျှို့ဝှက်ချက်များ

Disney ကနေ ကိုယ်တို့ပရိသတ်တွေကို ဘယ်တော့မှ ပေးမသိခဲ့တဲ့ အမှန်တရားတွေရှိတယ်။ ပရိသတ်တွေအနေနဲ့ သိချင်မှလည်းသိလိမ့်မယ်။
ဘာကြောင့်ပေးမသိလည်းဆိုတော့ အဲဒီအမှန်တရားတွေအတိုင်းသာ သွားခဲ့မယ်ဆိုရင် Disney မင်းသမီးလေးတွေရဲ့ ရုပ်ရှင်ဟာ Happy Ending တစ်ခုဖြစ်မှာမဟုတ်တော့လို့လေ ..။

Disney မင်းသမီးလေး စုစုပေါင်း ၁၂ ယောက်ရှိတဲ့အထဲက ၉ ယောက်ရဲ့နောက်ကွယ်မှာ လူမသိတဲ့ ကြေကွဲစရာဖြစ်ရပ်တွေရှိခဲ့တယ် ..။

( ၁ ) ရပ်ပွန်ဇယ်လ်

Tangled ကာတွန်းကားလေးရဲ့ အဆုံးသတ်မှာ ရပ်ပွန်ဇယ်လ် နဲ့ ဖလင်းတို့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြတာပါ။ ဒါပေမယ့် တကယ့် မူလဒဏ္ဍာရီမှာတော့ ရပ်ပွန်ဇယ်လ် ရဲ့မိထွေးစုန်းမကြီးဟာ သူမရဲ့ဆံပင်တွေကို ဖြတ်ပြီး ရပ်ပွန်ဇယ်လ် ကို မျှော်စင်ပေါ်ကနေတွန်းချခဲ့တယ်။ ရပ်ပွန်ဇယ်လ် ကိုလိုက်ကယ်တဲ့မင်းသားလေး ( ဖလင်း ) ဟာလည်း ဆူးချုံတွေပေါ်ပြုတ်ကျပြီး မျက်လုံးတွေကန်းသွားခဲ့တာဖြစ်တယ်။

( ၂ ) အေရီယယ်လ် ( The Little Mermaid )

ရေသူမလေး ဟာ မင်းသားလေးကို ကယ်ဆယ်ခဲ့တယ်။ သူတို့နှစ်ယောက်ချစ်ကြိုက်သွားပြီး နောက်တော့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြတယ်။ ဒါကတော့ ရုပ်ရှင်ထဲကအတိုင်းပေါ့။ ဒဏ္ဍာရီအရဆိုရင် အေရီယယ်လ် ဟာ မင်းသားလေးနဲ့အတူနေဖို့အတွက် လူသားဘဝကို တောင်းဆိုခဲ့တယ်။ အဲ့ဒါကြောင့် သူမရဲ့အသံချိုချိုလေးကို အဆုံးရှုံးခံပြီး လူသားဘဝကို ရရှိခဲ့တယ်။ နောက်ပိုင်းတော့ ခြေလှမ်းတစ်ခါလှမ်းတိုင်း မခံမရပ်နိုင်အောင် နာကျင်နေတဲ့ အေရီယယ်လ် ကို စိတ်ပျက်ပြီး မင်းသားကတခြားမိန်းကလေးတစ်ယောက်နဲ့လက်ထပ်ခဲ့တဲ့အခါ အေရီယယ်လ် ဟာရင်ကွဲနာကျပြီးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

( ၃ ) မိုအာနာ

မိုအာနာ ဆိုတာတကယ်တော့ အပြင်မှာ လုံးဝမရှိခဲ့တဲ့ စိတ်ကူးယဉ်မင်းသမီးလေးတစ်ယောက်ပါ။ ဒါပေမယ့် ရုပ်ရှင်ထဲက မိုအာနာ ဆိုတာ ပိုလီနီးရှန်းလူမျိုး ရေကြောင်းခရီးကျွမ်းကျင်တဲ့ မိန်းကလေးတစ်ယောက်ကို အသွင်ယူပြီးဖန်တီးခဲ့တာဖြစ်ပါတယ်။

( ၄ ) ဟွာမူလန်

မူလန်ဆိုတာ တရုတ်ဒဏ္ဍာရီတွေထဲက ထင်ရှားတဲ့အမျိုးသမီးစစ်သည်တော်တစ်ယောက်ပါ။ စုန့်နိုင်ငံ ကို ကျူးကျော်သူဟန်လူမျိုးတွေလက်ကနေ ကယ်တင်ပေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်လည်းဖြစ်တယ်။ ၁၀ နှစ်ကြာအောင် ဟန် တွေနဲ့တိုက်ခိုက်ခဲ့ပြီး သူမရဲ့ရဲစွမ်းသတ္တိတွေကြောင့်နာမည်ကျော်ကြားခဲ့တယ်။ နောက်ပိုင်းမှာတော့ တိုင်းပြည်အရှုပ်အထွေးတွေနဲ့ ရန်သူတွေကြောင့် မူလန် ဟာအသတ်ခံခဲ့ရတယ် လို့ဆိုပါတယ်။

( ၅ ) စနိုးဝှိုက်

ဒါကတော့ စနိုးဝှိုက်ရဲ့ ဒဏ္ဍာရီထဲက Evil Queen ရဲ့အကြောင်းပါ။ စနိုးဝှိုက် ကို ကိုယ်တို့တွေသိကြတာ စိတ်ကောင်းရှိ၊ သနားကြင်နာတတ်ပြီး ခွင့်လွှတ်တတ်တဲ့သူလေးပေါ့ ..။ ဒါပေမယ့် သူနဲ့ မင်းသားလေးတို့ရဲ့ မင်္ဂလာပွဲနေ့မှာ သူမကို ဒုက္ခတွေပေးခဲ့တဲ့ Evil Queen ကို ဖမ်းဆီးခိုင်းခဲ့တယ်။ မင်္ဂလာဦးညမှာပဲ စနိုးဝှိုက်ကိုယ်တိုင် Evil Queen ကို နီရဲနေအောင် မီးဖုတ်ထားတဲ့ သံခြေနင်းတွေစီးခိုင်းပြီး သေဒဏ်စီရင်ခဲ့တာဖြစ်တယ်။

( ၆ ) အယ်လ်ဆာ ( Frozen )

Frozen ကာတွန်းကားလေးထဲက Elsa ဆိုတာ Snow Queen ဆိုတဲ့ နတ်သမီးပုံပြင်ထဲက ဇာတ်ကောင်တစ်ဦးပါ။ Frozen ထဲမှာတော့ Elsa ကို ဗီလိန်တစ်ယောက်အဖြစ် အစက ပုံဖော်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ Let it Go သီချင်းလေးနဲ့လိုက်ဖက်အောင် ဇာတ်ရုပ်ကို ပြောင်းလဲပေးခဲ့တယ်။ ဒါပေမယ့် ဒဏ္ဍာရီအရဆိုရင်တော့ Elsa ဟာ မှောင်မဲပြီး နှင်းတွေဖုံးနေတဲ့ရဲတိုက်ကြီးရဲ့သခင်မ၊ ရက်စက်ကြမ်းကြုတ်ပြီး အမှောင်စွမ်းအင်တွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ် ..။

( ၇ ) Beauty and the Beast

ပြင်သစ်ဝတ္ထုရေးဆရာမ ဂေဘရီရယ်လ် ဒီ ဆူဇန် ဟာ ၁၉၇၀ မှာ Beauty and the Beast ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တယ်။ အဲဒီစာအုပ်ဟာ တကယ်တော့ အပြင်မှာရှိတဲ့ စုံတွဲတစ်တွဲကို inspiring ယူပြီးရေးသားထားတာပါ။ ပက်ဒရို နဲ့ ကက်သရင်း ဂွန်ဆာဗက်ဇ် တို့စုံတွဲဖြစ်ပြီး ပက်ဒရိုဟာ ရှားပါးတဲ့မျိုးရိုးဗီဇဖောက်ပြန်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးကို မည်းနက်နေတဲ့အမွှေးတွေဖုံးလွှမ်းနေခဲ့တယ်။ ကက်သရင်း ရဲ့မိဘတွေက ပက်ဒရိုနဲ့ပေးစားဖို့ စီစဉ်ခဲ့တာဖြစ်ပြီး မင်္ဂလာဆောင်မယ့်နေ့မတိုင်ခင်အထိ ကက်သရင်းဟာ ပက်ဒရို ဘယ်လိုပုံရှိလည်းဆိုတာကို မသိခဲ့ဘူးလို့ဆိုတယ်။ သူတို့ဟာ လက်ထပ်ခဲ့ပြီး ကလေး ၇ ယောက်ရရှိခဲ့တယ် လို့သိရပါတယ်။

( ၈ ) အော်ရိုရာ ( Sleeping Beauty )

Sleeping Beauty ဟာ ၁၆ ရာစုနှစ်က ရေးသားခဲ့တဲ့ ဒဏ္ဍာရီတစ်ပုဒ်ပါ။ အော်ရိုရာ ဟာ မင်းသားနဲ့ချစ်ကြိုက်ပြီး ထူးဆန်းတဲ့ကျိန်စာကြောင့် အိပ်မောကျခဲ့တယ်။ နောက်ပြီး မင်းသားနဲ့ရတဲ့ ကလေးလေးကိုလည်း အိပ်ပျော်နေစဉ်မှာပဲ မွေးဖွားခဲ့တာလို့ ဆိုလေရဲ့ …။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။