အမာရွတ်ကလေးတွေစင်ကြယ်ဖို့နဲ့ဆံကေသားတွေလှပအောင်ဘယ်လိုလုပ်ကြမလဲ။

ရှားစောင်းလက်ပက်၊ ပျားရည်၊ ကြက်ဥ ကတော့ အမှန်တကယ်ကိုဆေးဖက်ဝင်တဲ့ သဘာဝ ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။

ဒီတော့ သူတို့ရဲ့သဘာဝ အစွမ်းအာနိသင်တွေကို ဖတ်ကြည့်ကြမယ်နော်။

၁.အမာရွတ်ကလေးတွေကိုဖယ်ရှားပေးမယ်


မိန်းကလေး တစ်ယောက်မှာ ခြေထောက်လေးတွေကလည်းလှနေဖို့လိုပါတယ်။ အခုခေတ်မှာဆိုရင် များသောအားဖြင့် အတိုလေးတွေကိုဝတ်ဆင်ကြပါတယ်။ အတိုဝတ်ချင်ပေမယ့်လည်း ခြေထောက်မှာ အမာရွတ်ရှိနေလို့စိတ်ညစ်ပြီး စိတ်ဓာတ်ကျမနေပါနဲ့။ ဤနည်းလမ်းလေးကိုအသုံးပြုလိုက်ပါနော်။
ရှားစောင်းလက်ပက်ရဲ့အသားဖြစ်တဲ့အကြည်ရောင်ဂျယ်လီတုံးလေးတွေကိုယူ ပြီးရင်ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းလောက်ထည့်ပြီး ကျေအောင်မွှေလိုက်ပါ။ ရလာတဲ့အနှစ်တွေကိုအမာရွတ်ပေါ်မှာ ၁၅မိနစ်ခန့်လိမ်းပေးပါက သင့်ရဲ့အမာရွတ်တွေကို ပါးစေပါတယ်။
တစ်ပတ်ကိုနှစ်ကြိမ်(သို့)သုံးကြိမ်လောက်ပြုလုပ်ပေးပါ။

၂.သင့်ဆံကေသာလေးတွေထူထဲလှပစေဖို့


သင်ခေါင်းမလျှော်ခင်ပြုလုပ်ပေးပါ။ ပါဝင်ပစ္စည်းတွေကတော့
ကြက်ဥတစ်လုံး၊ ရှားစောင်းလက်ပက်၊ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပါပဲ။ ပါဝင်ပစ္စည်းအားလုံးကို မွှေလိုက်ပြီးပါ။ ရရှိလာတဲ့အနှစ်တွေကို သင့်ဆံကေသာတွေအပေါ်သို့ လိမ်းပေးပြီး မိနစ် ၂ဝ ခန့်နှပ်ထားပေးပါ။ မိနစ်၂ဝခန့်နှပ်ပြီးသွားရင် Shampoo တစ်မျိုးသုံးပြီး စင်ကြယ်သန့်ရှင်းအောင်ဆေးကြောပေးပါက သင့်ဆံပင်ကို ထူထဲလှပစေပါတယ်။

ဤနည်းကို ခေါင်းလျှော်မယ့်နေ့ရောက်တိုင်းပြုလုပ်ပေးပါက သင့်ဆံကေသာကို ပိုနက်မှောင်ထူထဲလှပစေပါတယ်။