April လမှာထွက်ရှိလာအုံးမယ့် ကိုရီးယားဇာတ်ကားကောင်း (၄) ကား

K drama ချစ်သူတွေအတွက်ကတော့ တစ်လတစ်မျိုးမရိုးအောင် ကားသစ်တွေကတော့ ထွက်နေတာပါပဲ...။ ဒီတစ်ခေါက်မှာလည်း April လမှာထွက်ရှိလာအုံးမယ့် ဇာတ်ကားသစ်လေးကားနဲ့ ပရိသတ်တွေကိုမိတ်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားသစ်လေးကားထဲမှာတော့ ပရိသတ်တွေနှစ်ခြိုက်ခဲ့ရတဲ့ မင်သား၊ မင်းသမီးပါဝင်နေတာမို့ ပရိသတ်တွေသဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။

1. The Miracle We Met   

“The Miracle We Met” လို့အမည်ရတဲ့ ဒီဇာတ်ကားလေးကတော့ fantasy, romance, melodrama ဇာတ်ကားလေးဖြစ်ပြီး အပိုင်းအနေနဲ့ကတော့ ၁၆ ပိုင်းပါဝင်မှာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ယာဉ်တိုက်မှုတစ်ခုကြောင့်သေဆုံးသွားတဲ့ သူတစ်ယောက်ရဲ့ဝိဉာဏ်ဟာ တခြားသူတစ်ယောက်ရဲ့ခန္ဓာကိုယ်နဲ့ ပြန်လည်နိုးထလာပါတယ်။ ဒီအတွက်နဲ့ပဲ မိသားစုနှစ်ခုကြားမှာ စိတ်ရှုပ်စရာ၊ ဝမ်းနည်းစရာနဲ့ ကြေကွဲစရာတွေဖြစ်လာတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းလေးပါ...။

ဒီဇာတ်ကားလေးကိုတော့ April လာ ၂ရက်နေ့မှာ စတင်ထုတ်လွှင့်မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်တဲ့သရုပ်ဆောင်တွေကတော့ Kim Myung-Min, Kim Hyun-Joo, Ra Mi-Ran, Kai နဲ့ အခြားသရုပ်ပေါင်းများစွာ ပါဝင်ပါတယ်။

2. Suits

“Suits” လို့အမည်ရတဲ့ ဒီဇာတ်ကားလေးကတော့ drama, legal ဇတ်လမ်းလေးပါ...။ ဒီဇာတ်ကားထဲမှာတော့ strong woman ထဲက ပရိသတ်တွေရဲ့အသည်းစွဲမင်းသားလေး Park Hyung-Sik နဲ့ ဟိုးအရင်ထဲကကြွေလာခဲ့ရတဲ့ ဒါရိုက်တာရင် Jang Dong-Gun တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ Jang Dong-Gun ဟာ တောင်ကိုရီးယားမှာအတော်ဆုံးနဲ့ နာမည်အကြီးဆုံးရှေ့နေတစ်ယောက်ပါ...။ သြဇာအာဏာအပြည့်နဲ့ ဆွဲဆောင်မှုရှိတဲ့ယောကျ်ားတစ်ယောက်ဖြစ်တဲ့ Jang Dong-Gun ဟာ သူ့ရဲ့ law firm အတွက် ရှေ့နေအသစ်ဖြစ်တဲ့ Park Hyung-Sik ကို ငှားရမ်းခဲ့ပါတယ်။ ထူးခြားတဲ့ဉာဏ်ရည်တွေကိုပိုင်ဆိုင်ထားတဲ့ Park Hyung-Sik နဲ့ ထက်မြတ်တဲ့ရှေ့နေ Jang Dong-Gun တို့ရဲ့ အားပြိုင်သရုပ်ဆောင်မှုတွေကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ....။

3. Greasy Melo

“Greasy Melo” လို့အမည်ရတဲ့ ဒီဇာတ်ကားလေးကထဲမှာတော့ Lee Joon-Ho, Jang Hyuk , Jung Ryeo Won, Lee Mi-Sook နဲ့ Jo Jae-Yun တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ စာဖိုမှူး Seo Poong လို့အမည်ရတဲ့ Lee Joon-Ho ဟာ တရုတ်စားသောက်ဆိုင်တစ်ခုရဲ့ အရမ်းတော်ပြီးနာမည်ကြီးတဲ့စာဖိုမှူးတစ်ယောက်ပါ...။ တစ်နေ့မှာတော့ သူ့ရဲ့အမှားတစ်ခုကြောင့် သူ့ဂုဏ်သိက္ခာနဲ့နာမည်တစ်ခုက ကျဆင်းသွားခဲ့တဲ့ စာဖိုမှူး Seo Poong ရဲ့ဘဝ၊ အချစ်ရေးနဲ့ သူ့ရဲ့ဝါသနာပါတဲ့အလုပ်တို့ကို ရိုက်ကူးပုံဖော်ပေးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ...။

4. Mistress

“Mistress” လို့အမည်ရတဲ့ဒီဇာတ်ကားလေးကတော့ April လ ၂၈ ရက်နေ့မှာထုတ်လွှင့်မယ့်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားလေးက ၂၀၀၈-၁၀ မှာထွက်ထားတဲ့ Mistresses ဆိုတဲ့ အင်္ဂလိပ်ကားလေးကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါ...။ ဒီဇာတ်ကားလေးထဲမှာတော့ Han Ga-In, Choi Hee-Seo Shin Hyun-Bin နဲ့ Goo Jae-Yee တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

အသက် ၃၀ အရွယ်အမျိုးသမီးလေးယောက်ရဲ့ လူသတ်မှုတွေကိုဆက်တိုက်ကျူးလွန်နေတဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းလေးပါ...။ အပိုင်းအနေနဲ့ကတော့ ၁၂ ပိုင်းပါဝင်မယ်လို့ သိရပါတယ်။

K drama ချစ်သူတွေအတွက်ကတော့ စောင့်ကြည့်စရာဇာတ်ကားကောင်းတွေက တိုးပြီးရင်းကိုတိုးလာပြီပေါ့...။

Hamny
 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။