ဖျောက်ဖျက်ပစ်လို့မရတဲ့ Celebrities တွေရဲ့ချို့ယွင်းချက်များ…။

လူတိုင်းကတော့ အကောင်းဆုံးဆိုပြီး ရှိမနေပါဘူး…။ လူတိုင်းလူတိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိနေတတ်ပါတယ်…။ ဒီလိုလူတွေထဲကမှ celebrities တွေရဲ့ အားနည်းချက်တွေက လူပိုသိကြပါတယ်…။ celebrity ဖြစ်သွားပြီဆိုရင် သူဘာလုပ်ဆိုတာကို လူအများက ဝိုင်းကြည့်နေကြတာပါ…။ ဒီတော့ Celebrities တွေကိုယ်တိုင်က မဖုံးကွယ်ထားတဲ့ သူတို့ရဲ့ ချို့ယွင်းချက်တွေကို စာဖတ်ပရိသတ်ကြီး သိရအောင် ဖော်ပြပေးလိုက်ပါတယ်နော်…။

Megan Fox

     ချောမောလှပတဲ့ Megan Fox မှာတော့ သူမရဲ့လက်မလေးမှာ သူများတွေနဲ့မတူပဲ ပုံစံတစ်မျိုးဖြစ်နေပါတယ်…။ brachydactylia လို့ခေါ်တဲ့ မွေးရာပါချို့ယွင်းမှုတစ်ခုကပါ…။ အဲဒါကတော့ သူမရဲ့ လက်မမှာ သူများနဲ့မတူပဲ လက်သည်းခွံလေးက သေးပြီးတိုနေတာမျိုးပါ…။ သူမကတော့ ဒီချို့ယွင်းချက်ရှိနေတာကို စိုးရိမ်ပူပန်တာမျိုးတွေ မရှိပါဘူးလို့လည်း ပြောပြခဲ့ပါသေးတယ်…။

Kate Bosworth

     Kate Bosworth ဟာဆိုရင်လည်း သူမအနေနဲ့ မွေးရာပါ အားနည်းချက်တစ်ခုရှိနေပါတယ်…။ သူမရဲ့မျက်လုံးက မွေးထဲက တစ်ဖက်ကအပြာရောင်၊ တစ်ဖက်က အညိုရောင်လေးဖြစ်နေတာပါ…။ heterochromia လို့ခေါ်တဲ့ မွေးရာပါရောဂါ တစ်မျိုးလည်းဖြစ်ပါတယ်…။ သူမအတွက်တော့ ဒီလိုမျိုးမျက်လုံအရောင်မတူနေမှုက ရှက်စရာမဟုတ်နေဘဲ…၊ ဆွဲဆောင်မှုတစ်ခုလိုဖြစ်သွားစေပါတယ်…။ သူမလိုပဲ Mila Kunis နဲ့ Christopher Walken တို့မှာလည်း မတူညီတဲ့ မျက်လုံးရောင်လေးတွေရှိနေပါတယ်…။

Jean-Claude Van Damme

     Jean-Claude Van Damme ကတော့ ဟိုးအရင်တုန်းက ရေကူးကန်မှာချော်လဲထားပြီး သူရဲ့နဖူးမှာ ကြီးမားတဲ့ဘုတစ်ခုဖြစ်လာခဲ့ပါတယ်…။ ဒါပေမယ့်သူကတော့ ဒီအရာကိုမဖုံးကွယ်ပဲ အရှိတိုင်းပဲနေခဲ့ပါတယ်…။

Halle Berry

     Halle Berry ကတော့ သူမရဲ့ခြေချောင်းလေးတွေက သူများနဲ့မတူပဲ ခြောက်ချောင်းဖြစ်နေပါတယ်…။ ဒီလိုဖြစ်တာကို သူမအနေနဲ့ရှက်စရာလို့မမြင်ပဲ ခွဲစိတ်ကုသတာမျိုးတွေမလုပ်ပါဘူး…။ သူမနေနဲ့ ခြေချောင်းတွေကိုဖုံးလို့ရတဲ့ ဖိနပ်မျိုးတွေစီးလို့ရပေမယ့် သူမကတော့ သူမအားနည်းချက်ကို လူမသိအောင်ဖုံးထားတာမျိုးမရှိပါဘူး…။