အရပ်ရှည်တဲ့သူနဲ့ အရပ်ပုတဲ့သူတို့ အတွဲလေးတွေရဲ့ ပြဿနာများ…။

     တစ်ယောက်နဲ့တစ်ယောက် အကြိုက်ပုံစံချင်းမတူညီကြပါဘူး…။ ဒီလိုပဲ ချစ်သူရည်းစားထားတဲ့အခါမှာလည်း တစ်ယောက်နဲ့ တစ်ယောက်အကြိုက်ပုံစံချင်း မတူညီတဲ့အခါမှာ တစ်ချို့အတွဲလေးတွေမှာတော့ တစ်ယောက်ကအရပ်ရှည်ပြီး တစ်ယောက်ကအရပ်ပုနေတတ်ကြပါတယ်…။ များသောအားဖြင့်ကတော့ ကောင်လေးကအရပ်ရှည်နေပြီး ကောင်မလေးကအရပ်ပုနေတာမျိုးပါ…။ ဒီလိုအခါမှာ အရပ်ရှည်နေတဲ့သူနဲ့ အရပ်ပုနေတဲ့ ချစ်သူနှစ်ယောက်ကြားက အလွဲလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်…။

     ပထမဦးဆုံးကြုံရမယ့်အလွဲလေးကတော့ Selfie ဆွဲတာကနေစတော့တာပါပဲ…။ တစ်ယောက်ကိုပါအောင်ရိုက်ရင် နောက်တစ်ယောက်ကပျောက်သွားရော… အဲဒီတော့ ဘယ်လိုလုပ်ကြမလဲ…။ Selfie Stick နဲ့ပဲရိုက်ပေါ့…။

     နောက်ပြဿနာတစ်ခုကတော့ သူအဝတ်အစားတွေကို ယူဝတ်တာပေါ့…။ ရုပ်ရှင်တွေထဲကလိုမျိုး ကိုယ်ချစ်သူရဲ့ ရှပ်အင်္ကျီကိုယူဝတ်လိုက်ရင် တစ်မျိုးလေးလှသွားတယ်ဆိုပြီး ယူမဝတ်လိုက်လေနဲ့နော်…။ ငိုချင်သွားမယ်…။

     အတူတူရေသွားကူးတဲ့အခါ… အမလေး စတွေ့တာပဲ အဲဒီမှာ…၊ သူကတော့မနစ်ဘူးပေါ့…။ ကိုယ်ကတော့ ပျောက်တောင်ပျောက်နေပြီ…။

     အရပ်ရှည်တဲ့သူနဲ့ လမ်းအတူတူလျှောက်တဲ့အခါမှာလည်း လမ်းလေးလျှောက်ပြီး ရုပ်ရှင်ထဲကလို ရိုမက်တစ်ဆန်ဆန်တွေ စိတ်ကူးသွားမယဉ်လိုက်လေနဲ့ မှီအောင်လိုက်လျှောက်ရလို့ အမောဖောက်ပြီးသေသွားနိုင်တယ်…။

     လာပြီနောက်တစ်မျိုး…။ ကိုရီးယားကားတွေထဲကလိုမျိုး လမ်းလျှောက်နေရင်းနဲ့နားကြပ်လေးတပ်ပြီး သီချင်းတူတူနားထောင်မယ်မလုပ်လိုက်နဲ့… ဒုက္ခတွေများကုန်မယ်နော်…။

     အားသာချက်လည်းရှိပါတယ်နော်…။ ရှိုးပွဲတွေသွားတဲ့အခါမှာ ကိုယ့်အတွက်သီးသန့် VIP ခုံရှိနေတယ်လေ…။ မမြင်ရမှာမပူရတော့ဘူးပေါ့…။ EDM Festival တွေမှာဆိုလည်း Relationship Goal တွေတောင်ရိုက်လို့ရတယ်နော်…။

     သင့်အနေနဲ့ ဒီလိုအရပ်ရှည်တဲ့သူနဲ့ တွဲရတာက ဘယ်လောက်ပဲ အသက်ကရွယ်တူဖြစ်နေပါစေ…။ အသက်နည်းနည်းလေးပဲ ငယ်နေရင်တောင်မှပဲ… သင်သူနဲ့ရှိနေတဲ့အချိန်တိုင်းမှာ ကလေးတစ်ယောက်လိုပဲ ဖြစ်နေမှာပါနော်…။