ကာတွန်းဇာတ်ကောင်လေးတွေ အသက်ကြီးလာရင်…။

     ဒီတစ်ခါမှာတော့ ကာတွန်းဇာတ်ကောင်လေးတွေ အသက်ကြီးလာတဲ့အခါမှာ ဖြစ်ပေါ်လာမယ့်ပုံစံလေးတွေကို ဖန်တီးဖော်ပြထားတာပဲဖြစ်ပါတယ်…။ ငယ်ငယ်ကကြည့်ဖူးတဲ့ ကာတွန်းဇာတ်ကောင်လေးတွေကလည်း ကိုယ်တွေလိုပဲ အသက်ကြီးလာရင် ဘယ်လိုပုံစံလေးတွေ ဖြစ်မလဲဆိုတာတော့ အားလုံးပဲစိတ်ဝင်စားကြမှာပါနော်…။ ဒီတော့ အောက်ကပုံလေးတွေကို ဆက်ကြည့်ရအောင်နော်…။

                                    © Universal Pictures 

     Despicable Me ကာတွန်းထဲက ကာတွန်းဇာတ်ကောင် Agnes ရဲ့ ငယ်ငယ်တုန်းနဲ့ သူကြီးလာမယ့်ပုံလေးကို ဖန်တီးပုံဖော်ထားတာပဲ ဖြစ်ပါတယ်…။ ကြွေချင်စရာလေးနော်…။

                                    © FOX

     Family Guy ကာတွန်းကားထဲက ကာတွန်းဇာတ်ကောင်လေး Stewie Griffin ကြီးလာတဲ့အခါ ဖြစ်လာမယ့်ပုံကို ဖန်တီးပုံဖော်ထားတာပါ…။

                                     © Gracie Films 

     The Simpsons ကာတွန်းကားထဲက Maggie လေးရဲ့ကြီးလာတဲ့အခါ ဖြစ်လာမယ့်ပုံလေးပဲဖြစ်ပါတယ်…။

                                    © Disney   © Pixar 

     Up ကာတွန်းကားထဲက ကာတွန်းဇာတ်ကောင် Russell ကြီးလာတဲ့အခါမှာ ဖြစ်လာမယ့် ပုံစံလေးပဲဖြစ်ပါတယ်…။ နည်းနည်းပိန်သွားတယ်နော်…။

                                      © Animaccord Animation Studio

     Masha and the Bear ကာတွန်းကားထဲက အားလုံးကအမွှေစိန်လို့သိကြတဲ့ Masha လေးကြီးလာတဲ့အခါမှာ ဖြစ်လာမယ့် ပုံစံလေးကို ဖန်တီးပုံဖော်ထားတာပဲဖြစ်ပါတယ်… ကြီးလာတော့ရော မွှေသေးလားမသိဘူးနော်…။

                                     © Walt Disney Pictures 

     Lilo and Stitch ကာတွန်းကားထဲက Lilo လေး ကြီးလာတဲ့အခါမှာ ဖြစ်လာမယ့်ပုံလေးကို ဖန်တီးပုံဖော်ထားတာပဲဖြစ်ပါတယ်…။

                                    © Nickelodeon Productions 

     Dora the Explorer ကာတွန်းကားထဲက Dora လေး ကြီးလာတဲ့အခါမှာဖြစ်လာမယ့် ပုံစံလေးကိုဖန်တီးထားတာပဲဖြစ်ပါတယ်နော်…။