၅ ရက်အတွင်း မျက်ခုံးမွေး၊ မျက်တောင်မွေးရှည်လာစေရန်

မျက်ခုံးမွေးမရှိလို့စိတ်ညစ်နေတာလား...? မျက်တောင်မွေးလေးတွေရှည်ချင်နေတာလား...?
မျက်ခုံးမွေး၊ မျက်တောင်မွေးတွေကို ရှည်ပြီးသန်လာအောင် လုပ်လို့ရတယ်ဆိုတာကော သင်သိပါသလား...?
အခု ၅ ရက်အတွင်းမှာ မျက်ခုံးမွေး၊ မျက်တောင်မွေးတွေ ရှည်ပြီးသန်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးမှာပါ။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်ဆူဆီ၊ ရှားစောင်းလက်ပတ် gel၊ သံလွင်ဆီ နဲ့ Vitamin E Capsules တွေပါ။

ကြက်ဆူဆီမှာက Omega 6 fatty acids, Vitamin E နဲ့ Proteins ဓာတ်တွေအပြည့်အဝပါဝင်တယ်။ နောက်ပြီး Antifungal နဲ့ Anti-Bacterial ဂုဏ်သတ္တိတွေလည်း ပါရှိနေတာဖြစ်တဲ့အတွက် မွေးညင်းပေါက်လေးတွေကို ပိုရှည်လာအောင်၊ သန်လာအောင် ကူညီပေးပါတယ်။ ဒါကြောင့် မျက်ခုံးမွေး မျက်တောင်မွေးတွေ သန်ပြီး ထူလာအောင်လုပ်ဖို့အတွက်တော့ ကြက်ဆူဆီက အထိရောက်ဆုံးပါပဲ။

ရှားစောင်းလက်ပတ်ကတော့ Amino acids နဲ့ Proteins ဓာတ်တွေကြွယ်ဝလို့ မျက်ခုံးမွေး၊ မျက်တောင်မွေးတွေ သန်လာဖို့အတွက် အထောက်အကူပြုပါတယ်။ နောက်ပြီး မျက်ခုံးမွေး၊ မျက်တောင်မွေးတွေကို ပိုပြီးပြည့်လာစေတယ်၊ ပိုပြီးသန်စွမ်းလာစေတယ်၊ ပိုပြီးလည်းတောက်ပြောင်လာစေပါတယ်။

သံလွင်ဆီမှာကျတော့ Vitamins နဲ့ Nutrients ဓာတ်တွေအများကြီးပါဝင်ပါတယ်။ ဆံပင်ကျန်းမာရေးအတွက်တော့ အရမ်းကောင်းတဲ့အရာတစ်ခုပါပဲ။ သံလွင်ဆီမှာ Antioxidants တွေလည်းပါဝင်လို့ မျက်ခုံးမွေးနဲ့ မျက်တောင်မွေးတွေ ပေါက်လာဖို့ကို အကူအညီပေးပါတယ်။

Vitamin E Capsules မှာလည်း Antioxidants ဂုဏ်သတ္တိတွေပါဝင်တဲ့အတွက် အမွေးအမျှင်တွေ ကျန်းမာသန်စွမ်းဖို့ကို အထောက်အကူပြုပါတယ်။ အမွေးအမျှင်တွေကို အမြစ်ကနေစပြီး ပိုသန်လာအောင်၊ ပိုကျန်းမာလာအောင်၊ ပိုပြီးတောက်ပလာအောင်လည်း သူကပြုလုပ်ပေးပါတယ်။

အခု လုပ်ပုံလုပ်နည်းလေးကို ပြောပြပေးပါမယ်...။

ပန်းကန်လုံးသေးသေးလေးထဲကို ရှားစောင်းလက်ပတ် gel လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ကြက်ဆူဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း နဲ့ Vitamin E Capsules တောင့် နှစ်တောင့်ကိုထည့်ပြီး ပျစ်သွားတဲ့အထိမွှေပေးပါ။ လုံးဝပျစ်သွားပြီဆိုရင် ဗူးသေးသေးလေးထဲထည့်ထားပါ။ ကုန်သွားတဲ့ mascara က အတံလေးကို ရေနဲ့သေချာပြောင်အောင်ဆေးပြီး၊ အဲ့အတံလေးနဲ့ယူသုံးပေးလို့ရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။