Uniform အသစ်တွေနဲ့ တမူ ဆန်းသစ်သွားတဲ့ Hainan Airline က Cabin Crew လေးတွေ

 ကဲ … ခရီးသွားမှာလား … Onboard ပေါ်က စကီလေးတွေကို ရှိုးမှာလား …။ 

ပြောချင်တဲ့ အကြောင်းအရာကတော့ ဒီနေ့ခေတ်လို တစ်နိုင်ငံတည်းမှာတင် မွထနေတဲ့ Domestic လေကြောင်းလိုင်းတွေ ..၊ International လေကြောင်းလိုင်းတွေရဲ့အကြား ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့အချက်ကတော့ Seasonal promotion တွေ၊ route အသစ်တွေ၊ air fare စျေးနှုန်းချိုချိုလေးတွေအပြင် …၊ လေယာဉ်မယ်လေး တွေလည်း ပါဝင်နေတာပဲ ..။ အဲဒီလိုပါဝင်တဲ့နေရာမှာ လေယာဉ်မယ်တွေရဲ့ အဝတ်အစား၊ အပြုံးချိုချို၊ ပထမတန်းစားရော .. ရိုးရိုးပုံမှန်အတန်းကိုပါ ပေးတဲ့ ဝန်ဆောင်မှုတွေကတော့ လေကြောင်းလိုင်းတစ်ခုကို Onboard ပေါ်မှာတင် ပဏာမအကဲဖြတ်ဖို့ လိုအပ်တဲ့ performance တွေပဲပေါ့ ။

ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ အင်အားကြီး လေကြောင်းလိုင်းတွေရဲ့ကြား ခရီးသည်ဝင်ရောက်မှုနှုန်းတိုးအောင်လို့ စကီလေးတွေက bikini ဝတ်နဲ့ ဝန်ဆောင်မှုပေးတဲ့ လေကြောင်းလိုင်းတွေတောင်ရှိပါတယ် ..။ နာမည်တော့ ပြောမနေတော့ဘူး ..။ ရှာကြည့် …။ :P

ဟိုင်နန်လေကြောင်းလိုင်းဟာ သူ့ရဲ့ အရင်တူညီဝတ်စုံ အနီရဲရဲကနေ မီးခိုးရောင်မှိုင်းမှိုင်း ကုတ်အင်္ကျီအရှည်နဲ့ ရောင်စုံ အပြောက်အမွှန်း texture တွေပါတဲ့ uniform တစ်ခုကို cabin crew တွေအတွက် ပြောင်းလဲ သတ်မှတ်ပေးလိုက်တယ် ..။

Cool !

အဲဒီနေရာမှာ ဒီဇိုင်နာ လောရင့်စ်ဝူရဲ့ စိတ်ကူးစိတ်သန်းအတိုင်းပဲ ယူနီဖောင်းတွေကို အကောင်အထည်ဖော်ခဲ့တာပါ ..။ “ ချောင်ဆန်း “ ဆိုတဲ့ တရုတ်ရိုးရာဝတ်စုံကိုမှ အနောက်တိုင်းဝတ်စုံ ဒီဇိုင်းလေးအနည်းငယ်ရောစပ်ပြီး ချူပ်လုပ်ထားတာဖြစ်တယ် ..။ ဝတ်စုံပေါ်မှာလည်း တရုတ်ရှေးခေတ် ပန်းချီလက်ရာပုံစံအတိုင်း မိုးတိမ်ဖြူဖြူ၊ ပင်လယ်လှိုင်းတွေနဲ့ စာမရီဌက်ပုံတွေကို ထည့်သွင်းချူပ်လုပ်ထားတာဖြစ်ပါတယ် ..။ 

ယူနီဖောင်းဒီဇိုင်းကို ပဲရစ် ဖက်ရှင်ရက်သတ္တပတ်မှာ ဟိုင်နန်လေကြောင်းလိုင်းက ဒီဇိုင်နာ လောရင့်စ် ဝူ နဲ့ အတူ စင်ပေါ်မှာ ပွဲထုတ်ခဲ့တာပါ ..။

Elegent looking

“ အဓိက, ကတော့ ကျွန်တော် တို့လေကြောင်းလိုင်း နဲ့ လောရင့်စ် တို့ရဲ့ ပူးပေါင်းအားထုတ်မှုလေးတစ်ခုကို ချပြချင်တဲ့ သဘောပေါ့ ..။ ယူနီဖောင်းတစ်ခုဆိုတာထက် ဟိုင်နန်လေကြောင်းလိုင်း ဆိုတာဒါပါလား လို့ မြင်လိုက်တာနဲ့ကို နိုင်ငံတကာက တန်းပြီးသိနိုင်တဲ့ ပုံရိပ်တစ်ခုပေါ့ဗျာ .. ။အထူးသဖြင့်.. ပြည်ပခရီးစဉ်တွေအတွက်ပေါ့ .. တရုတ်နိုင်ငံ ဘယ်လောက်ခေတ်မှီတယ် .. ဖက်ရှင်မှာ လည်းဘယ်လောက်ထိ trendy ဖြစ်တယ်ဆိုတာမျိုးပေါ့လေ .. "ဆိုပြီး ဟိုင်နန်လေကြောင်းလိုင်း ရဲ့ Brand Director ဖြစ်သူ ကအင်တာဗျူးမှာ ပြောကြားခဲ့ပါတယ် ..။