Kpop အဖွဲ့တွေကို အားပေးခဲ့တဲ့ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံးအွန်


တောင် နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံ အဆင်မပြေမှုများနှင့် ရှေ့ဆက်ခဲ့ရာမှာ ဆယ်စုနှစ် တစ်ခုအတွင်း ပထမဆုံး အနေဖြင့် နှစ်နိုင်ငံ ပူပေါင်းဖျော်ဖြေပွဲကြီးတစ်ခုကို ကိုရီးယားနိုင်ငံ အရှေ့ပြုံယမ်းဒေသရှိ လူ ၁၅၀၀ ဆံ့ ဂရင်းဇာတ်ရုံမှာ ဧပြီလ ၁ ရက်နေ့ကပြု့လုပ်ခဲ့ပါတယ်။ အဆိုပါပွဲကိုတော့ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံးအွန်း ဟာ Kpop တွေ ရဲ့ ဖျော်ဖြေမှုကို တက်ရောက်အားပေးခဲ့ပြီး အရမ်းသဘောကျခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ပြောထားထားပါတယ်။


နွေဦးရောက်ပြီလို့ အမည်ပေးထားတဲ့ အဆိုပါပွဲကိုတော့ သုံးရက်တိုင်တိုင်ကျင်းပမှာဖြစ်ပြီး ကင်ဂျုံအွန်း နှင့်အတူ ညီမဖြစ်သူ ကင်ယိုဂျုံး ၊ နိုင်ငံခေါင်းဆောင် ကင်ယောင်နမ်း တို့လည်း တက်ရောက်အားပေးခဲ့ပါတယ်။ အဆိုပါပွဲတော်ကိုတော့ နှစ်နိုင်ငံ စုစည်းမှု၏ အသွင်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တောင်ကိုရီးယား အနုပညာရှင်တွေကို အားပေးကြည့်ရှု့သူ မြောက်ကိုရီယားခေါင်ဆောင်တစ်ယောက်အဖြစ် ဂုဏ်ယူမိကြောင်း ဟွန်ဟတ်သတင်းဌာနကို ထုတ်ပြန်ခဲ့ပါတယ်။


ကင်ဂျုံအွန်း အနေဖြင့်လည်း အဆိုပါပွဲမှာ ဖျော်ဖြေခဲ့တဲ့ Red Valvet အဖွဲ့ကို အကြိုက်တွေ့ကြောင်း နှင့် ဒီပွဲကို လာကြည့်ဖို့ အတွက်လည်း သူ့ရဲ့ အချိန်ဇယားတွေကို အကုန်ရွေ့ဆိုင်းခဲ့ရပြီး သူလာကြည့်တဲ့အတွက်လည်း ဖျော်ဖြေရေးကို ၁နာရီခန့် ဆိုင်းငံခဲ့ရပါတယ်။ အဆိုပါပွဲ အပြီးမှာတော့ မြောက်ကိုရီးယား နိုင်ငံမှာ လူကြိုက်များအဆုံး Kpop အဖွဲ့တွေကို CBS သတင်းဌာနက ကြော်ငြာခဲ့ပါတယ်။


မြောက်ကိုရီးယားနိုင်ငံမှာတော့ တောင်ကိုရီးယားနိုင်ငံက Kpop အဖွဲ့တွေရဲ့ လွှမ်းမိုးမှု တော်တော်ပြင်းထန်ပါတယ်လို့ Daum သတင်းဌာနရဲ့ ဒါရိုက်တာဖြစ်သူ Choi Jaewon ကပြောခဲ့ပါတယ်။ မြောက်ကိုရီးယားမှာကတော့ လူကြိုက်အများဆုံး Kpop အဖွဲ့ကတော့ EXO အဖွဲ့ဘဲဖြစ်ပါတယ်။ EXO အဖွဲ့ရဲ့အနောက်မှာတော့ Infinite , Girls’ Generation , PSY , Mamamoo တို့က အသီးသီး လူကြိုက်များကြပါတယ်လို့ပြောခဲ့ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။