YouTube မှာ View အများဆုံး Video ဖြစ်သွားတဲ့ Wiz Khalifa ft. Charlie Puth တို့ရဲ့ See You Again

၅ နှစ်နီးပါးထွက်ရှိလာပြီးနောက် YouTube မှာ လူကြည့်အများဆုံးဖြစ်ခဲ့တဲ့ Psy ရဲ့ Gangnam Style ဇူလိုင်လ ၁၁ ရက်နေ့ထိတုန်းကတော့ ကြည့်ရှု့သူပေါင်း ၂,၈၉၄,၆၅၃,၆၃၀ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ကြည့်ရှု့သူအများဆုံး Music Video စံချိန်နေရာမှာ ရှိမနေတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့  Fast & Furious 7 ရဲ့ ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်တဲ့ Wiz Khalifa နဲ့ Charlie Puth တို့သီဆိုထားတဲ့  See You Again သီချင်းက နေရာယူလိုက်ပါပြီ။

Charlie Puth ကလည်း ဒီလို Milestone မျိုးရရှိလာတဲ့အတွက် သူအတိုင်းမသိဝမ်းသာပီတိဖြစ်နေကြောင်းကို Twitter မှာ သူ့ရဲ့ Fans တွေကို ဒီလိုပြောခဲ့ပါတယ်။
"For the record, I joined YouTube in 2007 hoping to make a video that would reach 10,000 views," the singer wrote. "Just heard about See You Again...wow."



သေဆုံးသွားပြီးဖြစ်တဲ့ Paul Walker အတွက် ရည်ရွယ်ပြီး ရေးစပ် သီဆိုထားတဲ့ See You Again သီချင်းဟာ ခုဆိုရင် ကြည့်ရှု့သူပေါင်း ၂,၉၁၀,၂၅၈,၈၂၇ ထိ စံချိန်ချိုးနိုင်ခဲ့ပြီးဖြစ်ပါတယ်။

နှစ်တွေအကြာကြီး နံပါတ် ၁ နေရာကို စံချိန်ယူထားတဲ့ Psy ရဲ့Gangnam Style ကြောင့် K-Pop ချစ်ပရိသတ်တွေအတွက် ဂုဏ်ယူသလို Paul Walker အတွက် Tribute သီချင်းလည်းဖြစ်တဲ့ Original Version မှာသာမက Cover တွေမှာလည်း လူကြိုက်များခဲ့တဲ့ Wiz Khalifa နဲ့ Charlie Puth တို့သီဆိုထားတဲ့  See You Again သီချင်းအတွက်လည်း ပီတိဖြစ်မိပါတယ်။

ကဲ ဒါဆိုရင်တော့ See You Again သီချင်းကရော ကြည့်ရှု့သူအများဆုံးနေရာကို Psy ရဲ့ Gangnam Style လောက် နှစ်တွေကြာမှာလား။ ဒါမှမဟုတ် ဘယ်အချိန်ထိ စံချိန်ချိုးထားနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။

Psy ရဲ့ Gangnam Style နဲ့ Wiz Khalifa နဲ့ Charlie Puth တို့ရဲ့  See You Again သီချင်းကို မကြည့်ရသေးတဲ့သူတွေအတွက် အောက်မှာ ဝင်ကြည့်နိုင်ပါတယ်နော်။