ဒီကောင်လေး ကိုယ့်ကိုကြိုက်နေလားဆိုတာ သိနိုင်မယ့်အချက်တွေ…။

     ကောင်မလေးတွေအနေနဲ့ ဖွင့်မပြောရဲသေးပဲ ကိုယ့်ကိုလာချဉ်းကပ်နေတဲ့ကောင်လေးတွေရဲ့ အပြုအမှုကနေတစ်ဆင့် သူကိုယ့်ကိုကြိုက်နေတာလားဆိုတာကို လေ့လာကြည့်လို့ရပါတယ်နော်…။ ကောင်လေးတွေအနေနဲ့လည်း ဖွင့်မပြောရဲသေးရင် ကောင်မလေးတွေရိပ်မိအောင် ဒီလိုပုံစံလေးတွေနဲ့လည်း ဖော်ပြလိုက်ရင် ကောင်မလေးတွေ သတိထားမိသွားမှာပါနော်…။  

     ကဲ… ပထမဦးဆုံးအနေနဲ့ ကောင်လေးတွေကောင်မလေးကို ကြိုက်ရင်လုပ်မိတတ်တာကတော့ ဆံပင်သက်တာပါနော်…။ ပဲပေးနေတယ်လို့ မထင်လိုက်ပါနဲ့နော်…။ သူတို့ကိုယ်တိုင်တောင် ဒီလိုလုပ်မိတယ်ဆိုတာ သိမှာမဟုတ်ပါဘူးနော်…။ ယောက်ျားလေးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေချင်တဲ့အခါမျိုးတွေမှာ ဆံပင်ကိုသပ်တင်လိုက်တာမျိုးလုပ်မိတတ်ကြပါတယ်…။

     သင်ရှိတဲ့နေရာတွေမှာ ခဏတိုင်းပေါ်ပေါ်လာပါလိမ့်မယ်…။ ဒီအချက်ကဘာလို့လည်းဆိုတော့ သူရှိနေတာကို သတိထားမိအောင်လို့ပါ…။ သူရှိနေတယ်ဆိုတာကို သင်သတိထားမိတော့မှာ သူဖွင့်ပြောဖို့ကြိုးစားလို့ရမှာလေ… နော်…။

     ပုံစံကိုကြည့်ပြီးလည်း သိနိုင်ပါတယ်နော်…။ လူတွေအများကြီးရှိနေတဲ့အချိန်မှာတောင် စကားပြောနေရင်းနဲ့ သင့်ဘက်ကိုပဲလှည့်နေတာမျိုး…။ ဘယ်လိုသိနိုင်သလဲဆိုရင်…၊ သူ့ရဲ့ခြေထောက်တွေကိုကြည့်ကြည့်ပါ… ခြေထောက်တွေက သင့်ဘက်ကိုပဲ ဦးတည်နေပါလိမ့်မယ်…။ ဒီအချက်ကတော့ သင့်ကိုပဲ စကားပြောချင်နေတယ်ဆိုတာမျိုးပေါ့…။

     နောက်တစ်ချက်ကတော့ သူ့အပေါင်းအသင်းတွေနဲ့ အတူတူရှိနေတဲ့အခါမျိုးမှာ ကိုယ်ကသူ့ရှေ့ကိုရောက်သွားရင် သူ့မှာစကားတွေဖောင်ဖွဲ့ပြီး ပြောပြနေတတ်ပါတယ်နော်…။ ဒါကတော့ သူ့သူငယ်ချင်းတွေကြားထဲမှာ သူကပေါ်ပြူလာဖြစ်နေတယ်ဆိုတာမျိုး ပြချင်တာပဲဖြစ်ပါတယ်နော်…။ သင့်ကိုအထင်ကြီးစေချင်တဲ့ သဘောမျိုးပါပဲ…။

     အတူတူရှိနေတဲ့ အခါမျိုးတွေမှာဆိုရင် သင့်ပုံစံအတိုင်း လိုက်အတုခိုးပြီး နေနေတတ်ပါတယ်…။ ဒါကဘာလဲဆိုတော့ သူသင့်ကိုနားလည်းပေးနိုင်တယ် ဆိုတာမျိုးပါပဲနော်…။

     နောက်ဆုံးတစ်ခုကတော့ သူသင့်ကိုကြိုက်နေပြီဆိုရင် သူသင့်ကိုဆက်ဆံတဲ့ပုံစံတွေက သင့်အပေါ်မှာ အရမ်းဂရုစိုက်ပြနေတာတွေ၊ စကားပြောတာတွေကနေပြီး သိသာနေပါတယ်နော်…။

     ဒါတောင်မှာ သူ့ဘက်ကဖွင့်ပြောသေးရင်တော့ သင့်ဘက်ကသာစပြီး... ဟဲ့... ကြိုက်နေတာလားလို့သာ မေးလိုက်ပါတော့...။ :3