Disney Princess လေးတွေကိုကြည့်ပြီးသိနိုင်မယ့် ကိုယ့်ရဲ့မွေးလ နဲ့ ကိုယ်ရည်ကိုယ်သွေးများ

ကိုယ့်ရဲ့မွေးလပေါ်လိုက်ပြီး ကိုယ်ရည်ကိုယ်သွေးတွေဟာ Disney Princess လေးတွေရဲ့ Personality နဲ့ဆက်နွယ်နေမယ်ဆိုရင် အံ့သြကြမလားပဲ။ ကစားနည်းလေးတစ်ခုကစားကြည့်မယ်နော်။ အောက်မှာပြထားတဲ့ Disney Princess တစ်ယောက်ချင်းစီဟာ ကိုယ့်ရဲ့မွေးလကို ကိုယ်စားပြုနေပါတယ်။ ဒါဆိုကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေကိုလည်း Disney Princess တစ်ယောက်ချင်းစီက ကိုယ်စားပြုနေပါတယ်တဲ့ …။

( ၁ ) Capricorn ( Dec 22 – Jan 19 ) Jane

ဖြတ်ထိုးဉာဏ်နဲ့ပြည့်စုံတာ၊ ရည်မှန်းချက်ကြီးတာ နဲ့ ဆုံးဖြတ်ချက်ပြတ်သားတာ တွေကို ကိုယ်စားပြုနေပါတယ်။ ဂျိန်း ဟာလည်း သူယုံကြည်တဲ့အချစ်တစ်ခုနဲ့အတူ တောနက်ကြီးထဲကိုဖြတ်သန်းပြီး ကမ္ဘာသစ်တစ်ခုကိုရှာဖွေခဲ့သူပေါ့။

( ၂ ) Aquarius ( Jan 20 – Feb 18 ) Snow White

ကြင်နာတတ်၊ ခင်မင်တတ်၊ လူတန်းစားမရွေးအဆင်ပြေအောင်ပေါင်းသင်းတတ်ပြီး လူမှုဆက်ဆံရေးကောင်းမွန် တာကို ကိုယ်စားပြုပါတယ်။ ဥပမာ Snow White and The Se7en Dwarves ထဲက မနှင်းဖြူလေး လိုပေါ့။

( ၃ ) Pisces ( Feb 19 – Mar 20 ) Belle

ရှက်ရွံ့တတ်ပြီး ဖာသိဖာသာနေတတ်သူ၊ စကားနည်းပေမယ့် စိတ်ကူးစိတ်သန်းကောင်းမွန်ပြီး ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်တာ လို့ရည်ညွှန်းပါတယ်။ တစ်ခါတစ်လေ ခေါင်းမာပြီး ဂျစ်ကန်ကန်နိုင်ကြတယ်။ စိတ်ဓာတ်ကျစရာအချိန်တွေမှာတောင် သွေးအေးအေးနေတတ်ပြီး သူတို့ယုံကြည်ရာကို အလျှော့မပေးပဲဖြစ်အောင်လုပ်တတ်ကြပါတယ်တဲ့။ Beauty and the Beast ထဲက ပြောမရဆိုမရလေး ဘဲလ် ကိုပဲကြည့် …။

( ၄ ) Aries ( Mar 21 – Apr 19 ) Jasmine

အပျော်အပါး၊ အပေါင်းအသင်းမက်သလောက် ကိုယ်ချင်းစာတတ်၊ ရက်ရောတတ်တဲ့သူလေးတွေလို့ အဓိပ္ပါယ်ရပါတယ်။ နောက်ပြီး လူတစ်ယောက်ရဲ့ အနေအထား၊ အကျင့်စရိုက်တွေကို လွယ်လွယ်ကူကူနဲ့ခန့်မှန်းတတ်ကြပါသေးတယ် ..။ အာလာဒင်ထဲက ဂျက်စမင်းလေးလိုပေါ့။ ပျော်ပျော်နေတတ်သလို လူကဲခတ်လည်းတော်တယ်လေ။

( ၅ ) Taurus ( Apr 20 – May 20 ) Cinderella

စည်းကမ်းရှိသလို၊ စည်းကမ်းလည်းကြီးတယ်။ သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်ဖြစ်နေတာကိုသဘောကျတတ်ပြီး ဗြုတ်စဗျင်းတောင်းတွေဆိုရင် အရမ်းစိတ်ဆိုးတတ်ကြတယ်။ လုပ်စရာရှိတဲ့အလုပ်တွေကိုလည်း တစ်ချက်မညည်း၊ အထွန့်မတက်ပဲ ပြီးအောင်လုပ်တတ်ကြပါတယ်။ မေတ္တာတရားကြီးမား သလို ယုံကြည်ထိုက်တဲ့သူလေးတွေလည်းဖြစ်ပါတယ်တဲ့။ စင်ဒရဲလားလေးကို ပဲကြည့်ပါတော့။

( ၆ ) Gemini ( May 21 – June 20 ) Anna

အပြင်ပန်းမှာ ပျော့တိပျော့ဖတ်လေးတွေထင်ရပေမယ့်တကယ်တမ်းတော့ အရေးကြုံလာရင် စိတ်ဓာတ်အရမ်းကြံ့ခိုင်တဲ့သူလေးတွေပါတဲ့။ နောက်ပြီး ဆုံးဖြတ်ချက်အရမ်းပြတ်သားတဲ့အပြင် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် လုပ်တတ်တဲ့သူလေးတွေပါ။ ဒါပေမယ့် ပေါ့ပေါ့နေပေါ့ပေါ့စားလေးတွေဖြစ်လို့ နည်းနည်းတော့ပြောရခက်ပါတယ်တဲ့။ Frozen ထဲက Anna လေးလိုပေါ့။

( ၇ ) Cancer ( June 21 – July 22 ) Tiana

အာရုံစူးစိုက်မှုအားကောင်းပြီး သွက်သွက်လက်လက်ရှိတာကို ကိုယ်စားပြုနေပါတယ်။ ဆတ်ဆတ်ထိမခံလေးတွေဖြစ်ပြီး သူတို့ဟာ ဦးစီးဦးဆောင်လုပ်တတ်တဲ့သူလေးတွေလည်းဖြစ်ကြပါတယ်။ ကိုယ်က အဲ့ဒီရာသီဖွားဆိုရင်တော့ Princess Tiana ကိုသာပြေးမြင်လိုက်ပါ။

( ၈ ) Leo ( July 23 – Aug 22 ) Meg

ဟာကြူလီကာတွန်းထဲက Meg လိုမျိုးလွှမ်းမိုးမှုအားကောင်းတဲ့သူတွေပါ။ သူတို့ရဲ့ Personality နဲ့ ရုပ်ရည်ကိုအသုံးချပြီး Influence လည်းအားကောင်းတတ်ပါတယ်။ နောက်ပြီး အချစ်ရေးမှာဆိုရင်လည်း သိပ်ပြီးအတည်တကျမရှိတတ်ဘူးတဲ့။ အဲ့ဒါတော့ meg နဲ့ နည်းနည်းလေးလွဲသွားတာပေါ့။

( ၉ ) Virgo ( Aug 23 – Sep 22 ) Sleeping Beauty

Virgo လေးတွေကတော့ Sleeping Beauty လေး Aurora နဲ့တူပါတယ်တဲ့။ အရာရာမှာ စေ့စပ်သေချာသူလေးတွေလို့ဆိုပါတယ်။

( ၁၀ ) Libra ( Sep 23 – Oct 22 ) Rapunzel

Libra လေးတွေကတော့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့နေရရင်ကို အလိုလိုပျော်နေတဲ့သူလေးတွေပါ။ တိတ်ဆိတ်ပြီး ပျင်းစရာကောင်းတဲ့ပတ်ဝန်းကျင်ကို မနှစ်သက်သလို၊ သည်းညည်းလဲမခံနိုင်ကြဘူးတဲ့။ သူတို့ရဲ့ ပင်ကိုယ်သဘာဝကိုက Festive and Motivate ဖြစ်လွန်းလို့အဲဒီလို ငြိမ်ငြိမ်လေးတိတ်တိတ်လေးနေရရင်ကို မကြိုက်တာပါ။ ရက်ပွန်ဇဲလ် လည်း အဲဒီလိုမနေချင်လို့ရဲတိုက်ပေါ်ကခိုးပြီးဆင်းလာခဲ့တာပေါ့။

( ၁၁ ) Scorpio ( Oct 23 – Nov 21 ) Ariel

Scorpio လေးတွေကတော့ သူတို့လုပ်ချင်၊ ဖြစ်ချင်သမျှဆန္ဒလေးတွေကို အမြဲတမ်းကန့်သတ်ခံရတဲ့သူလေးတွေပါ။ မကောင်းလို့တားမြစ်တာကိုဇွတ်လုပ်တတ်တဲ့သူလေးတွေဖြစ်လို့ တစ်ခါတစ်လေကျရင်တော့အနည်းနဲ့အများဒုက္ခရောက်တတ်ကြပါတယ်တဲ့။။ ရေသူမလေး အေရီယယ်လ် လည်းအဲဒီလိုတားနေတဲ့ကြားက နားမထောင်လို့ဒုက္ခရောက်ရတာမဟုတ်လား။

( ၁၂ ) Sagittarius ( Nov 22 – Dec 21 ) Pocahontas

တိရစ္ဆာန်လေးတွေကို သူများတွေထက်ပိုပြီးချစ်တတ်တဲ့သူလေးတွေပါတဲ့။ တိရစ္ဆာန်လေးတွေတွေ့ရင်မနေနိုင်သလို၊ သူတို့တွေကိုနှိပ်စက်ညှင်းပန်းတာမြင်ရင်လည်း အရမ်းစိတ်ဆိုးဒါသထွက်တတ်ကြတဲ့သူတွေပါတဲ့။ နောက်ပြီး တိရစ္ဆာန်လေးတွေရဲ့အမူအရာကိုကြည့်ပြီးသူတို့ပြောချင်တာကိုခန့်မှန်းနိုင်တဲ့အစွမ်းလေးတစ်ခုလည်းရှိနေပါသေးတယ်တဲ့။ ပိုကာဟွန်းတပ်စ် မင်းသမီးလေးလိုမျိုးပေါ့။

ကဲ …. စာဖတ်သူတွေရော … ဘယ် Disney မင်းသမီးမျိုးလေးလဲဆိုတာသိပြီးရင် Like and Share လုပ်သွားဖို့မမေ့ကြနဲ့နော် ..။
Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။