Black Pink ရဲ့ Whistle ကြည့်ရှုသူ ၂၀၀ မီလီယံ ကျော်သွားတဲ့ သူတို့ရဲ့ (၄) ခုမြောက် MV ဖြစ်လာ



YG Entertainment က ဆင်းသက်လာတဲ့ Black Pink အဖွဲ့ဟာ လူငယ်ပရိသတ်တွေကြားမှာ အားပေးခြင်းအများဆုံးခံရတဲ့ K Pop Girl Bands တွေထဲက တစ်ခုဆိုလည်းမမှားပါဘူး။ ခုတစ်ခါမှာလည်း သူတို့ရဲ့ ထွက်ရှိပြီးသားဖြစ်တဲ့ MV တွေထဲမှာ ၂၀၀ မီလီယံ ကျော် View ပိုင်ဆိုင်ထားတာဆိုရင် ခုဆို (၄) မြောက်ရှိနေပါပြီ။ “Boombayah,” “As If It’s Your Last,” နဲ့ “Playing with Fire.” တို့ နဲ့အတူ ဒီနေ့ April (6) မှာ Whistle MV ဟာ နောက်ထပ် Milestone တစ်ခုကို ထပ်မံ ပိုင်ဆိုင်ရပါပြီလို့ “World Music Awards” မှ ထုတ်ပြန်ထားပါတယ်။



Black Pink မှာ Jisoo, Jennie, Rosé, နဲ့ Lisa တို့ ပါဝင်ကြပြီး ၂၀၁၆ သြဂုဏ် ၈ ရက်နေ့ကတည်းကစပြီး Square One နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ နောက်ပီးတော့ "Boombayah” သီချင်းဟာ Billboard World Digital Songs Chart မှာ နံပါတ် (၁) နေရာထိ Hit ဖြစ်ခဲ့ပါတယ်။

Whistle သီချင်းကို ထပ်မံ ရှုစားချင်သူများအတွက် အောက်ပါ LINK မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.youtube.com/watch?time_continue=1&v=dISNgvVpWlo

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။