ချစ်သူရှိနေကြောင်း ပြောလိုက်တဲ့ နေဒွေး


ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင် နေဒွေးဟာ အနုပညာလောကမှာတော့ နေရာ တစ်နေရာ ရှိနေပြီးသား မင်းသားတစ်ယောက်ပါ။ ဇာတ်လမ်း တစ်ပုဒ်ကိုလည်း အပိုလို မရှိအောင် သရုပ်ဆောင်နိုင်ပြီး ဇာတ်ကားတော်တော်များများ ရိုက်ကူးထားသူပါ။ ဆွဲးဆောင်မှုရှိပြီး ယောကျာၤးပီသတဲ့ ပုံစံကြောင့် ကောင်မလေးတွေရဲ့ အသည်းတစ်ခြမ်းဖြစ်နေသူပါ။ အဲ့တာကြောင့်လည်း အနယ်နယ်အရပ်ရပ်မှာ နေဒွေးရဲ့ ပရိတ်သတ်တွေက ဒုနဲ့ ဒေးပါပဲ။


ဒီနေ့ နေဒွေရဲ့ Official Facebook Page ရဲ့ My Day မှာ ကောင်းမလေးတစ်ယောက်နဲ့ နောက်ကျော်ပေးပြီ ရိုက်ထားတဲ့ ပုံတစ်ပုံ ကို တင်ခဲ့တဲ့အတွက် သူ့ရဲ့ ပရိတ်သတ်တွေကြားထဲးမှာတော့ နေဒွေး ရဲ့ ကောင်းမလေးကို အလင်းပြလိုက်ပြီလို့ ထင်နေကြပါတယ်။ နောက်တစ်ခုကလည်း March လ ၂၂ ရက်နေက မိုးပျံပူပေါင်း ရယ် ပန်စည်းရယ် ကိုင်ပြီး ရိုက်ထားတဲ့ပုံလေး တစ်ပုံကို လိမ္မာရင် မင်းအတွက်ကြည့်ပဲး ဆိုပြီး တင်ခဲ့ပါသေးတယ်။


ပြည်ထောင်စု သစ္စာဇာတ်ကား ဖြင့် ပရိတ်သတ်အားပေးလက်ခံခြင်းကို ပိုရလာခဲ့တဲ့ နေဒွေးတစ်ယောက် ဒီနေ့တင်လိုက်တဲ့ ပုံလေးကတော့ သူ့ရဲ့ ပရိတ်သတ်တွေကို အသည်ကွဲအောင် လုပ်လိုက်တာများလားလို့ ထင်စရာပါ။ သူ့ပရိတ်သတ်တွေက မိန်းကလေးအများစု ပါဝင်နေတာကြောင် အဆိုပါပုံလေးကတော့ တော်တော်လေး ဂယက်ထစေတာဖြစ်ပါတယ်။အချစ်ရေးနဲ့ပါတ်သတ်ပြီးတော့ တကယ်ပဲချစ်သူရနေပြီလား လူပျိုကြီးပဲးလုပ်တော့မှာလားဆိုတာကတော့ ပရိတ်သတ်တွေတကယ်ပဲး သိခြင်နေကြပါပြီ။….

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။