World Wood Day 2018 တွင် ဖျော်ဖြေမည့် နိုင်ငံတကာအနုပညာရှင်များနှင့် မြန်မာနိုင်ငံမှ အနုပညာရှင်များ


ကမ္ဘာ့သစ်ပင်များနေ့ ( World Wood Day ) ကို International Wood Culture Society (IWCS) နှင့်
World Wood Day Foundation(WWDF)တို့မှကြီးမှူးပြီး မန္တလေးတိုင်းဒေသကြီး သစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်မျ ားအသင်းမှ Co-Organizer အဖြစ်ကျင်းပပြုလုပ် မည့် World Wood Day Myanmar 2018တွင် ဖျော်ဖြေတင်ဆက်မည့် နိုင်ငံတကာမှအနုပညာရှင်အဖွဲ့သည် ဧပြီ (၄)ရက်၊မနက်(၁၀)နာရီကလမ်း-၃၀၊၆၃×၆၄လမ်းကြားရှိ လူမှုဝန်ထမ်းဦးစီးဌာန ၊ အမျိုးသမီးကလေးများ သင်တန်းကျောင်းသို့ လာရောက်ဖျော်ဖြေခဲ့ကြသည်။


World Wood Day 2018 အခမ်းအနားကို ဧပြီ(၆) ရက်မှ(၈)ရက်နေ့ထိ မန္တလေးမြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး အဆိုပါပွဲတွင် အမှတ်တရသစ်ပင်စိုက်ပျိုးခြင်း၊ ပန်းပုပြိုင်ပွဲများကျင်းပခြင်း၊ ပွတ်လုံးထိုးသရုပ်ဖော်ခြင်း၊ နိုင်ငံတကာ ယဉ်ကျေးမှုနှင့် မြန်မာ့ယဉ်ကျေးမှုဖလှယ်သည့် အနုပညာ ဖျော်ဖြေတင်ဆက်မှုများနှင့် ကလေးငယ်များနှင့် ပတ်သက်သည့် ပညာပေးအစီအစဉ်များ၊ ယဉ်ကျေးမှုဆိုင်ရာ အနုပညာ လက်မှုလုပ်ငန်းများ သစ်တောထွက်ပစ္စည်းများနှင့် ဆက်စပ်သောသစ်၊ ကြိမ်၊ ဝါးပစ္စည်းပြခန်းများ ပါဝင်ပြသမည် ဖြစ်သည်။


ထို့ပြင်မန္တလေးအနုပညာနှင့် ယဉ်ကျေးမှု တက္ကသိုလ်မှ ဆိုင်းဝိုင်း၊ ရုပ်သေး၊ ပတ္တလား၊ စောင်းဖျော်ဖြေ တင်ဆက်မှုများအပြင် နိုင်ငံကျော်တေးသံရှင် အောင်ထက်၊ ဝိုင်းစုခိုင်သိန်းနှင့် အခြားနာမည်ကြီး အဆိုတော်များ ၏ဖျော်ဖြေတင်ဆက်မှုများအပြင် နိုင်ငံကျော်ဒီဇိုင်နာများ၏ တင်ဆက်မှုများ၊ နိုင်ငံတကာမှ Cote D'lovoire မှ AANINKA အဖွဲ့၊ Republica Mexicana မှ Mez-Meအဖွဲ့များ ၏ တင်ဆက်မှုများလည်း ပါဝင်သည်။


World Wood Day ကို ၂၀၁၃ခုနှစ်က Tanzania၊၂၀၁၄ခုနှစ်က China၊၂၀၁၅ခုနှစ်က Turkey ၊ ၂၀၁၆ခုနှစ်ကNepal၊၂၀၁၇ခုနှစ်က America၊၂၀၁၈ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့်ပထမအကြိမ်မန ္တလေးမြို့တွင်ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။