မြွေကိုက်ခံရပြီဆိုရင်…။

     မိုးတွင်းကုန်ခါနီးတဲ့အချိန်၊ မစိုတစိုအချိန်၊  မြွေတွေလည်းနေရာ ရွေ့ပြောင်းချိန်ဆိုတော့ မြွေတွေကိုခဏခဏတွေ့မြင်နေရပါတယ်နော်…။ ဒီလိုအခါမှာ မြွေနဲ့ထိပ်တိုက်တွေ့ရနိုင်ပြီး မြွေအန္တရာယ်နဲ့လည်းကြုံတွေ့ရနိုင်ပါတယ်…။

ကဲ… မြွေကိုက်ခံရပြီဆိုရင် ဘယ်လိုအရင်လုပ်မလဲ…? သင်တစ်ယောက်ထဲရှိနေတဲ့အချိန် မြွေကိုက်ခံရပြီဆိုရင်တော့ ပထမဦးဆုံးလုပ်သင့်တာကတော့ အကူအညီတောင်းပါ…။ နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားနိုင်အောင်လုပ်ပါ…။

အကူအညီကိုစောင့်နေတုန်းအခါမှာလည်း သင့်ကိုယ်သင်စိတ်ငြိမ်အောင်ထားပါ…။ မြွေကိုက်ခံရတဲ့နေရာက အဆိပ်တွေကို ပါးစပ်နဲ့စုပ်ထုတ်ပစ်ဖို့လည်းမကြိုးစားပါနဲ့တော့…။ မြွေကိုက်လိုက်ပြီဆိုတာနဲ့ မြွေရဲ့အဆိပ်တွေက သင့်ခန္ဓာကိုယ်ထဲကိုဝင်သွားပါပြီ…။ ဒီတော့ သင်ဘာလုပ်သင့်သလဲ…။ သင်လုပ်သင့်တာတစ်ခုတော့ရှိပါတယ်…။ အဲဒါကတော့ သင့်အနေနဲ့ဆေးခန်းရောက်တဲ့အခါ ဆရာဝန်မေးတာတွေကိုဖြေနိုင်ဖို့ သင့်ကိုကိုက်တဲ့မြွေရဲ့အရှည်၊ မြွေရဲ့အရောင်၊ ဘယ်လိုအကွက်တွေရှိတယ်ဆိုတာကို မှတ်ထားရပါမယ်…။

မြွေကိုက်ခံရပြီဆိုရင် သင့်ခန္ဓာကိုယ်ကို အတက်နိုင်ဆုံးလှုပ်ရှားမှုမရှိအောင် နေထိုင်ရပါမယ်နော်…။ ခန္ဓာကိုယ်လှုပ်ရှားမှုအရမ်းများတဲ့အခါမှာ မြွေရဲ့အဆိပ်တွေက သင့်ခန္ဓာကိုယ်ထဲကိုလျှင်မြန်စွာ ဝင်ရောက်သွားနိုင်တာကြောင့်ပါ…။

မြွေကိုက်ခံရပြီးရင်တော့ သွေးတွေထွက်လာတတ်ပါတယ်… သွေးတွေကို ကုန်စင်သွားအောင်ထိထွက်လာပါစေ…။ ကုန်သွားပြီဆိုမှာ သန့်စင်တဲ့ရေနဲ့ဆေးချပေးလိုက်ပါ…။     

     မြွေကိုက်ခံရပြီဆိုရင်တော့ မလုပ်သင့်တာတွေကိုလည်း သိထားသင့်ပါတယ်နော်…။

မြွေကိုက်ခံရတဲ့နေရာကို ရေခဲကပ်ပေးတာမျိုးမလုပ်ပါနဲ့…။ ရေခဲကပ်ပေးတာက သွေးလှည့်ပတ်မှုစနစ်ကို ပျက်ဆီးစေပြီး ခန္ဓာကိုယ်မှာရှိနေတဲ့ တစ်ရှူးတွေကိုပျက်ဆီးစေပါတယ်…။

မြွေနဲ့တွေ့တဲ့အခါမျိုးမှာ မြွေကိုသွားပြီး ရန်စသလိုဖြစ်စေတာမျိုးတွေ မလုပ်ပါနဲ့…။

သင်သွားရမယ့်နေရာတွေက မြွေများတဲ့နေရာတွေသွားမယ်ဆိုရင် အနည်းဆုံးတော့ အကာအကွယ်ဖြစ်အောင် ရှူးဖိနပ်တို့၊ ဂျင်းဘောင်းဘီအရှည်တို့ ဝတ်သင့်ပါတယ်…။

မြက်ပင်ရှည်တို့၊ ချုံပုတ်တို့လိုနေရာမျိုးတွေသွားတဲ့အခါမှာ အရင်ဦးဆုံးတုတ်တစ်ချောင်းနဲ့ အသံပေးသင့်ပါတယ်…။ ဒါမှမြွေကလူလာတဲ့အသံကြားပြီး ထွက်မလာတော့မှာပါ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။