သင့်ချစ်သူ သင့်ကိုသစ္စာဖောက်နေပြီလား...။

     ဘယ်သူကမှတော့ ကိုယ်ချစ်သူ ကိုယ့်အပေါ် သစ္စာဖောက်နေတာကို လိုချင်မှာမဟုတ်ပါဘူးနော်…။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ချစ်သူသင့်အပေါ် သစ္စာဖောက်နေတယ်လို့ထင်နေရင်တော့ တိုက်ရိုက်အရင်မမေးပဲ စုံစမ်းသင့်ပါတယ်…။ အချိန်ကြာကြာတွဲလာတာဖြစ်တဲ့အတွက်ကြောင့် သင့်ချစ်သူ သင့်အပေါ် သစ္စာဖောက်နေတယ်ဆိုရင်တော့ သင့်အနေနဲ့ သတိထားမိနေတာမျိုးတွေဖြစ်နေမှာပါ…။ ကဲ..ဒီလိုဆိုရင် ဘယ်လိုအရာတွေကနေပြီး သင့်ချစ်သူသစ္စာဖောက်နေပါတယ်လို့ပြောနိုင်လဲ…။

- သင့်ကိုအရင်ကထက်ပိုပြီး ဂရုစိုက်ပြလာမယ်…။ ဂရုစိုက်ပြတယ်ဆိုတာ ကောင်းတဲ့အချက်ဆိုပေမယ့် ဖောက်ပြန်နေတဲ့အခါမှာ ဂရုစိုက်ပြတာက အရမ်းကိုသိသာပါတယ်…။ ရုတ်တရက်ကြီးသင့်အပေါ်ကို အရမ်းတွေကြင်နာ၊ ဂရုစိုက်ပြတာမျိုးတွေကို သတိထားသင့်ပါတယ်နော်…။ ငါ့ကိုချစ်လို့ ဂရုစိုက်လာတာပဲလို့မတွေးလိုက်ပါနဲ့…။ သူဖောက်ပြန်နေတာကို မရိပ်မိအောင် လမ်းကြိုခင်းတဲ့သဘောပါပဲ…။ ဒီအချက်လေးတစ်ခုထဲနဲ့လည်း ဖောက်ပြန်နေတယ်လို့တွေးလို့မရသေးပါဘူး…။ တစ်ချို့ကတစ်ကယ်မခွဲနိုင်လို့ သူတို့အရင်ကလုပ်ခဲ့တဲ့ အပြစ်တွေကို ပြင်ချင်တဲ့သဘောနဲ့ လုပ်ပေးတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်…။ ဒါကိုမသေချာသေးပဲ ဒီတစ်ချက်ထဲနဲ့ဖောက်ပြန်နေတယ်လို့ သွားမစွပ်စွဲလိုက်ပါနဲ့…။ စေတနာပျက်သွားအုန်းမယ်…။

- အကျင့်တွေပြောင်းသွားမယ်…။ ဒါကတော့ သတိထားသင့်ပါတယ်…။ သင့်ချစ်သူက အရင်ကလုပ်နေကြမျိုးမဟုတ်တဲ့ ပုံစံပြောင်းသွားပြီဆိုရင်တော့ သတိထားသင့်ပါတယ်…။ ဘယ်လိုအချက်တွေလည်း…။ အရမ်းတွေလှချင်လာမယ်…၊ အရင်ကထက်ပိုပြီး ပြင်ဆင်နေတယ်ဆိုရင်တော့ နောက်တစ်ယောက်တွေ့နေပါပြီ…။ ရေမွှေးတွေအများကြီးသုံးမယ်…။ ဆံပင်ပုံစံတွေကိုလည်း အရင်ကထက်ပိုပြီး လန်းနေအောင်လုပ်နေမယ်ဆိုရင်တော့ သေချာနေပါပြီ…။ လူတစ်ယောက်ကိုစိတ်ဝင်စားနေပြီဆိုရင် အဲဒီလူအရမ်းကိုအလှအပအတွက် ဂရုစိုက်နေတတ်တာပါပဲ…။

- နောက်တစ်ခုကတော့ ကား…၊ အပြင်သွားခါနီးရင် ကားကိုသပ်ရပ်သန့်ရှင်းနေအောင် အမြဲဂရုစိုက်နေတာပါပဲ…။ ဒီကားနဲ့ သူသွားတွေ့ရမှာလေ…။ ပြီးတော့ အမူအကျင့်တွေပြောင်းလာမယ်…။ သင့်ဆီဖုန်းဆက်တဲ့အချိန်တွေ နည်းလာမယ်…။ သင့်ကိုစိတ်ဝင်စားမှုနည်းလာမယ်…။ သင်နဲ့ပတ်သက်တာတွေကို သူစိတ်မဝင်စားတော့ဘူး…။ ပြောရရင် သင့်ကိုအာရုံမလာတော့ဘူးပေါ့။

- သူရဲ့ဖုန်းမှာ Call Log၊ Message တွေကိုဝင်စစ်ကြည့်ပါ…။ တိုးတက်နေတဲ့ နည်းပညာတွေထဲမှာလည်း အသုံးဝင်အောင်နေပါ… အခုနောက်ပိုင်းမှာ ဖုန်းနဲ့တည်နေရာတွေကို ကြည့်လို့ရနေတာကြောင့် သင့်ချစ်သူကိုခြေရာခံလို့ရနေပါပြီနော်…။

- နောက်တစ်ခုသတိထားမိစရာတစ်ခုကတော့ သင့်ကို အရင်လိုစိတ်မရှည်နေတော့ပါဘူး…။ ကိစ္စသေးသေးလေးတွေကိုတောင်မှ စိတ်မရှည်တော့ပဲ ပြဿနာတွေဖန်တီးနေပါပြီ…။ ဒါဆိုရင်တော့ သတိထားသင့်ပါပြီနော်…။

- စကားပြောတဲ့အခါမှာလည်း သင့်ကိုမျက်လုံးချင်းဆုံပြီး မပြောရဲတော့ပါဘူး…။ လိမ်ထားတဲ့သူ၊ မဟုတ်တာလုပ်ထားတဲ့သူတွေက မျက်နှာချင်းဆိုင်ပြီး ဘယ်တော့မှမပြောရဲကြပါဘူး…။ ရုတ်တရက်ကြီး သူ့ Phone passward၊ Computer passward တွေကိုပြောင်းလိုက်ရင်တော့ သူမှာသင်မသိစေချင်တဲ့ အကြောင်းအရင်းတစ်ခုရှိနေလို့ပါပဲ…။

- ညအိပ်တဲ့အချိန်တွေက အရင်ထက်နောက်ကျလာမယ်…။ အိမ်ပြန်တဲ့အချိန်တွေကလည်း နောက်ကျလာမယ်…။ မအားလို့ဆိုတဲ့ အကြောင်းပြချက်တွေပေးလာမယ်..ဆိုရင်တော့ ဒါကမူမမှန်တော့ဘူးလို့ပြောလို့ရပါတယ်…။

- သူ့နောက်ကို နောက်ယောင်ခံလိုက်ပါ…။ ဒါကအသေချာဆုံးပါပဲ…။ သူ့ကိုတော့ တစ်ခြားသွားစရာရှိတယ်လို့ပြောပြီး သူမသိအောင်သူနောက်ကိုလိုက်ရင်တော့ သူဘာလုပ်နေလဲဆိုတာ အသေအချာသိရမှာပဲဖြစ်ပါတယ်နော်…။ နောက်ယောက်ခံလိုက်တဲ့အခါမှာလည်း မသိသာအောင်လုပ်ဖို့လည်း လိုပါတယ်နော်…။

     ကဲ… သင့်ချစ်သူက ဒီအချက်တွေထဲကလို ဖြစ်နေပြီဆိုရင်တော့ သင့်အနေနဲ့သတိထားသင့်ပါပြီနော်…။ သင့်အနေနဲ့သူဖောက်ပြန်နေတာကို သိရပြီဆိုရင်တော့ စိတ်လိုက်မာန်ပါ မဆုံးဖြတ်ပဲ သေချာစဉ်းစားဖို့လိုပါပြီနော်…။