ယောက်ျားလေးတော်တော်များများ မမတွေကိုပိုရင်ခုန်ပြီး ကြွေနေရတဲ့အဓိကအကြောင်းအရင်း

ယောက်ျားလေးတိုင်းရဲ့ ဘဝတစ်လျှောက်လုံးမှာ ရည်းစားတွေဘယ်လောက်ပဲ ထားခဲ့ထားခဲ့ အဲဒီတွဲခဲ့တဲ့ ရည်းစားတွေထဲမှာ “မ” ဆိုတဲ့တစ်ယောက်နဲ့တော့ တော်တော်များများကြုံဖူးခဲ့ကြတာက များပါတယ်…။ လေ့လာမှုတွေအရလည်း ယောက်ျားလေးတော်တော်များများက ကောင်မလေးငယ်ငယ်လေးတွေထက်စာရင် မတွေကိုပိုပြီးရင်ခုန်တတ်ကြတယ်လို့လည်း သိရပါတယ်…။ အကြောင်းအရင်းက ဘာများလဲ ? လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုတဲ့အတိုင်းပဲ ကိုယ့်ထက်ငယ်တဲ့ကောင်မလေးတွေကိုပဲ ကြွေတဲ့သူတွေလည်းရှိသလို မမတွေမှ မမဖြစ်နေတဲ့သူတွေက ဘာကြောင့်ဆိုတဲ့အကြောင်းအရင်းကို ပြန်လည်မျှဝေချင်ပါတယ်…။

- ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်

မိန်းမတစ်ယောက်က အသက်အရွယ်လေးပြောင်းလဲလာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေရှိလာပါတယ်… ငယ်ရွယ်တဲ့ဆယ်ကျော်သက် ကောင်မလေးတွေနဲ့ယှဉ်မယ်ဆိုရင်တော့ အသက် ၂၀ ကျော်အရွယ်တွေက အတွေ့အကြုံတွေများပြီး လူတွေရဲ့စိတ်ကိုလည်း နားလည်သဘောပေါက်နေပါပြီ… ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ အနေအထားကိုလည်း ရောက်နေပြီဆိုတော့ ဘယ်သူကိုမှလိုက်ကြည့်မနေပဲ ဆွဲဆောင်မှုရှိရှိနဲ့နေတတ်နေပြီပေါ့…။ ယောက်ျားလေးအများစုကလည်း ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူတွေကို ပိုပြီးနှစ်သက်ကြတာများပါတယ်…။

- တာဝန်ယူတတ်တယ်\

အသက်အရွယ်လေးလည်းရှိနေပြီဆိုတော့ ရင့်ကျက်သင့်သလောက်ရင့်ကျက်ပြီး ငယ်ရွယ်တုန်းကလိုမျိုး ပြဿနာရှာတာတွေ၊ စိတ်ထိခိုက်လွယ်တာမျိုးတွေ မရှိတော့ သေချာနဲ့အနာဂတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းလို့ရတာပေါ့… အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပြောချင်တဲ့စကားကို ဝေ့ဝိုက်မနေပဲ တိုက်ရိုက်ပြောဆိုရဲတာတွေကြောင့် ပြဿနာလည်းအဖြစ်နည်းတာပေါ့…။

- အတွေ့အကြုံတွေရှိခဲ့တယ်

မမတွေနဲ့တွဲရင်တော့ ပထမဦးဆုံးသူဖြစ်ချင်မှလည်း ဖြစ်မှာပေါ့… ရှေ့မှာကြုံတွေ့ခဲ့ရတဲ့ အဆင်မပြေတဲ့အချစ်ရေးတွေ အမျိုးမျိုးကို သင်ခန်းစာရနေပြီဖြစ်လို့ ဘယ်လိုပြင်ဆင်ပြီးနေရမယ်ဆိုတာကို သိနှင့်နေပြီးဖြစ်တော့ အများကြီးညှိယူဖန်တီးနေစရာလည်း မလိုအပ်တော့ဘူးပေါ့…။ ဒီလိုဆိုတော့ အဆင်ပြေပြေနဲ့ပဲ ပျော်စရာကောင်းတဲ့အချစ်ရေးကို ဖြတ်သန်းနိုင်ပြီလေ…။

- လူကြီးတစ်ယောက်လိုမျိုး ဂရုစိုက်တတ်တယ်

ယောက်ျားလေးတော်တော်များများက ကိုယ့်ကိုဂရုစိုက်ပေးနေတာကို ပိုပြီးတော့သဘောကျတတ်ကြပါတယ်… မမတွေက ကိုယ့်ထက်ငယ်တဲ့သူနဲ့တွဲနေတော့ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ဂရုစိုက်သလိုမျိုး ဂရုစိုက်ပေးနေတော့ ယောက်ျားလေးတွေ ပိုပြီးသဘောကျတော့တာပေါ့…။

ဒါကြောင့် မမဖြစ်ချင်တဲ့သူတွေရော၊ မမတွေနဲ့လက်တွဲချင်တဲ့သူတွေရော သိထားသင့်တဲ့အချက်တွေကို လိုက်လုပ်ကြည့်မယ်ဆိုရင် အဆင်ပြေစေမှာပါ…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။