ကမ္ဘာပေါ်မှာ ထိပ်ဆုံးရောက်နေတဲ့ အချမ်းသာဆုံး ကလေး (၁၀) ယောက်


Jaden Smith


နာမည်အရင်းကတော့ Jaden Christopher Syre Smith ဖြစ်ပြီး အမေရိကန် Rap အဆိုတော် နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူကတော့ Jada Pinkett Smith နဲ့ Will Smith တို့ရဲ့ သားဖြစ်ပြီး Willow Smith ရဲ့ အကိုဖြစ်ပါတယ်။ Jaden Smith ရဲ့ ပထမဦးဆုံး ပွဲထွက် ဇာတ်ကားကတော့ The Pursuit of Happyness ဖြစ်ပြီး သူရဲ့ အဖေနဲ့အတူတူ သရုပ်ဆောင်ထားပါတယ်။ သူက အသက် ၇ နှစ်အရွယ်မှာကတည်းက စီးပွားရေးလုပ်နေတာဖြစ်ပြီး သူ့လိုကလေးတစ်အယောက်အနေနဲ့ အရမ်းတော်တယ်လို့ပြောရပါမယ်။ ကိုယ်ပိုင်ဝင်ငွေရှာနိုင်တဲ့သူအတွက် အရမ်းကိုချီးကျူးစရာကောင်းမွန်ပြီး ခုဆိုရင် သူတို့ရဲ့ မိသားစုဝင်ငွေ အမေရိကန် ဒေါ်လာ ၅၅၄ မီလီယံ ကျော်ပိုင်ဆိုင်ထားတယ်လို့လည်း သိရပါတယ်။


Dannielynn Birkhead Marshall


နာမည်အပြည့်အစုံ Dannielynn Hope Marshall Birkhead ဟာ အမေရိကန် ကလေးမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့အပြင် TV Program မှာလည်း တက်ကြွစွာ ပါဝင်လှုပ်ရှာသူတစ်ဦးဖြစ်ပါတယ်။
သူမဟာ  မင်းသမီး မော်ဒယ်လ် သရုပ်ဆောင်ဖြစ်တဲ့ Anna Nichole Smith ရဲ့ သမီးဖြစ်ပြီး သူမ အမေခြေရာလိုက်နင်းမယ့် Talent ရှိတဲ့ ကလေးငယ် တစ်ဦးပဲဖြစ်ပါတယ်။ Guess ရဲ့ ကလေး မော်ဒယ်လ်တစ်ယောက်ဖြစ်အပြင် အခုဆိုရင် ဝင်ငွေပေါင်း အမေရိကန် ဒေါ်လာ ၁၀ မီလီယံ ပိုင်ဆိုင်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။


Suri Cruise

အသက် ၁၁ နှစ်သာရှိသေးတဲ့ Suri ဟာ ကမ္ဘာကျော်မင်းသား Tom Cruise နဲ့ မင်းသမီး မော်ဒယ်လ် Kate Holmes ရဲ့သမီးလေးဖြစ်ပါတယ်။ Suri ဟာ အဖေဖြစ်သူ Tom Cruise နဲ့အချိန်အကြာကြီးအတူတူမနေခဲ့ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဖေက အမေဖြစ်သူနဲ့ ကွာရှင်းထားလို့ပဲဖြစ်ပါတယ်။ သူမအဖေရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅၀၀ မီလီယံရှိပြီး အမေဖြစ်သူကတော့ အမေရိကန် ဒေါ်လာ ၂၆ မီလီယံ ရှိတဲ့သူမို့ Suri အတွက်ကတော့ ကလေး မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့အပြင် မိသားစုကလည်း ဝင်ငွေကောင်းတဲ့အတွက် ကမ္ဘာ့အချမ်းသာဆုံး ကလေးတွေထဲကတစ်ဦးဆိုလည်းမမှားပါဘူး။



Valentina Paloma Pinault


Valentina ဟာ ချမ်းသာတဲ့ မိသားစုဝင်ကနေဆင်းသက်လာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့အဖေဟာ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ နဲ့ အမေဖြစ်သူကတော့ အမေရိကန် ဒေါ်လာ ၈၈ မီလီယံ ကိုယ်စီဝင်ငွေ ပိုင်ဆိုင်ထားတဲ့ သူတွေပဲဖြစ်ပါတယ်။ တကယ်တမ်းကျတော့ VALENTINA ဟာ ကိုယ်ပိုင်ဝင်ငွေမရှိပေမယ့် သူမနာမည်နဲ့ သူမအတွက် အမေရိကန် ဒေါ်လာ ၁၂ မီလီယံတန် အိမ်တစ်လုံးပိုင်ဆိုင်ထားပြီးသားဖြစ်ပါတယ်။


Los Chicos Gates


Bill နဲ့ Melinda Gates တို့မှာ ကလေး ၃ ယောက်ရှိပါတယ်။ သမီး ယောက်ဖြစ်တဲ့ Pheobe နဲ့ Jennifer၊ သားတစ်ယောက်ဖြစ်တဲ့ Rory ပဲဖြစ်ပါတယ်။ Bill ရဲ့ချမ်းသာမှုဟာ အမေရိကန် ဒေါ်လာ ၈၅ ဘီလီယံ ရှိပြီး ဇနီးဖြစ်သူ Melinda မှာလည်း အမေရိကန် ဒေါ်လာပေါင်း ၅၁ ဘီလီယံ ပိုင်ဆိုင်ထားပါတယ်။ သို့သော်လည်း သူတို့ရဲ့ ဝင်ငွေတွေကို ပရဟိတအတွက် အဓိကသုံးတာများပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်ချင်းစီအတွက်လည်း အမေရိကန် ဒေါ်လာ တစ်ယောက်ကို  ၅၀ မီလီယံ ဖယ်ပေးထားပြီးသားပဲဖြစ်ပါတယ်။

Reed, Eve And Erin Jobs

 

APPLE အင်ပါယာ ရဲ့ ကလေးငယ်တွေလို့သိထားကြပါတယ်။ သူတို့တွေဟာ Steve Jobs ရဲ့ ကလေးတွေပဲဖြစ်ပါတယ်။ Steve သေဆုံးသွားအချိန်မှာ သူရဲ့ ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၅ မီလီယံ သူ့ရဲ့ ဇနီးက အမွေလက်ခံရရှိခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင်သူ့ကလေး ၃ ယောက်အတွက်လည်း ဘဏ်အကောင့်တစ်ခုချင်းစီမှာ အတိအကျမသိတဲ့ ငွေပမာဏကို ထည့်ပေးထားတယ်လို့သိရပါတယ်။ ကလေးတွေဟာ Forbes magazine ရဲ့ အချမ်းသာဆုံးစာရင်းထဲမှာမပါခဲ့ပေမယ့် သူတို့ရဲ့ မိခင် ဆုံးသွားပြီးနောက် အမေရိကန် ဒေါ်လာ ၂၀ မီလီယံကိုလည်း ဆက်လက်အမွေခံရရှိပါတယ်။


George Alexander Louis

 
ကမ္ဘာပေါ်မှာ အငယ်ဆုံးနဲ့ အချမ်းသာဆုံးကလေးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ George Alexander Louis ကို Cambridge ရဲ့ Prince George လို့လဲ လူသိများပါတယ်။ သူက Prince William၊ the Duke of Cambridge နဲ့ Catherine, the Duchess of Cambridge တို့ရဲ့ အကြီးဆုံးသားပဲဖြစ်ပါတယ်။ သူ့မိဘရဲ့ မင်္ဂလာပွဲအခမ်းအနားတုန်းကဆိုရင် TV ဖန်သားပြင်ပေါ်မှာ ကမ္ဘာ့ လူစိတ်ဝင်အစားဆုံး ပွဲတစ်ခုလည်းဖြစ်ခဲ့ပါတယ်။


Abigail Breslin


သူမဟာ အသက် ၃ နှစ်အရွယ်ကလေးဘဝကတည်းက ကြော်ငြာစတင်ရိုက်ကူးခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ်။ ကြော်ငြာရိုက်ပြီး ၂ နှစ်အကြာမှာတော့ သူမဟာ ဒါရိုက်တာ M. Night Shyamalan ရဲ့ Sings (2002) ဇာတ်ကားမှာ ပထမဦးဆုံးအနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိတဲ့ အချစ်ဟာသ ဇာတ်ကားတစ်ကားဖြစ်တဲ့ Little Miss Sunshine မှာ သူမရဲ့သရုပ်ဆောင်ပိုင်းဟာ သိသိသာသာ တိုးတက်လာတာကို ပရိသတ်တွေက အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။ Breslin ရဲ့ အောင်မြင်မှုဟာ အကယ်ဒမီ ဆုပေးပွဲမှာ Best Supporting Actress နဲ့ Screen Actors Guild Award မှာလည်း Nominations များစွာဝင်ခဲ့ပါတယ်။ No Reservations(2007), My Sister’s Keeper (2009), Zombieland (2009), August: Osage County (2013),  Ender’s Game (2013) စသဖြင့် ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကို တွေ့မြင်နိုင်ပါတယ်။



Nick D’aloisio


Nick D’aloisio ဟာ အသက် ၁၉ နှစ်အရွယ် UK ရဲ့ ကွန်ပျုတာ Programmer တစ်ယောက်ဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်ကတည်းက အင်တာနက်မှာ စီးပွားရေးရှာဖွေလာတဲ့ သူတစ်ဦးဖြစ်ခဲ့တာပါ။ နည်းပညာပိုင်းမှာ ဆရာကြီးလို့ခေါ်ရလောက်အောင်တော်တဲ့ D’aloisio ဟာ Yahoo ကို iOS Applications တွေ Summly ကိုတီထွင်တာနဲ့ပတ်သက်ပြီး အမေရိကန် ဒေါ်လာ ၃၀ မီလီယံထိ ဝင်ငွေရှာဖွေနိုင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ ဒါ့အပြင် Wall Street Journal ရဲ့ “Innovator of The Year”၊ TIME Magazine ရဲ့  “One of the World’s Most Influential Teenagers” စသဖြင့် ဖော်ပြခြင်းခံခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ WWDC မှာ Apple Design Award ဆုကို လက်ခံရရှိခဲ့ပါတယ်။ လက်ရှိမှာ Oxford University၊ Hertford College မှာ ကွန်ပျုတာ သိပ္ပံ နဲ့ စိတ်ပညာ ဘာသာရပ်ကို သင်ကြားနေပြီး D’aloisio ဟာ ကမ္ဘာ့ အသက်အငယ်ဆုံး မီလျံနာ သူဌေးတွေထဲက တစ်ဦးဖြစ်လာပါတယ်။

Knox & Vivienne Jolie Pitt


Knox & Vivienne Jolie Pitt ဟာ ကမ္ဘာကျော် Hollywood မင်းသား၊ မင်းသမီးဖြစ်တဲ့ Angelina Jolie နဲ့ Brad Pitt တို့ရဲ့ အမွှာလေးတွေပဲဖြစ်ပါတယ်။ ၂၀၀၈ အမွှာလေးတွေကို ပြင်သစ်က ဆေးရုံတစ်ခုမှာ မွေးဖွားချိန်တုန်းကဆိုရင် သတင်း မီဒီယာ သမားတွေက သူတို့တွေရဲ့ ပုံတွေကို ရယူဖို့အတွက် မနည်းတိုးခဲ့ရရပါတယ်လို့သိရပါတယ်။ Knox & Vivienne Jolie Pitt တို့ရဲ့ ပထမဦးဆုံးဓာတ်ပုံဟာ အမေရိကန် ဒေါ်လာ ၁၄ မီလီယံ ရှိပြီး Celeတွေရဲ့ ပုံတွေထဲမှာ ဈေးအကြီးဆုံးပုံဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် မို့လို့ Knox & Vivienne Jolie Pitt ဟာ ကမ္ဘာ့အချမ်းသာဆုံး ကလေးတွေထဲက ပါဝင်နေခြင်းဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။