သင့်ခန္ဓာကိုယ်ကပြောပြနေတဲ့ သင့်ကျန်းမာရေးအကြောင်း…။

     လူတွေရဲ့ကိုယ်ခန္ဓာမှာ တစ်ခါတစ်ခါဖြစ်ပေါ်လာတဲ့ အချက်လေးတွေက ကျန်းမာရေးနဲ့လည်း ပတ်သက်နေတယ်ဆိုတာရော သတိထားမိရဲ့လား…။

တစ်ခါတစ်ရံမှာ ကိုယ်ခန္ဓာမှာ အာဟာရဓာတ်တွေလိုအပ်နေတဲ့အခါမှာ အချက်ပေးတဲ့သဘောအနေနဲ့ ဖြစ်နေတာမျိုးတွေရှိတတ်ပါတယ်…။ ဒီလိုမျိုးဖြစ်တဲ့အခါမျိုးတွေမှာ သတိထားသင့်ပါတယ်…။

ကဲ… သတိထားပြီး ကိုယ့်ကိုယ်ကိုဂရုစိုက်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်…။

© depositphotos.com  

- သင့်ဒူးခေါင်းကနာနေတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ မက်ဂနီဆီယမ်နဲ့၊ ပိုတက်ဆီယမ်တွေလိုအပ်နေတာကြောင့် ဖြစ်ပါတယ် …။ 

ဒီတော့ သင့်ခန္ဓာကိုယ်ကတောင့်တနေတဲ့ လိုအင်ဆန္ဒတွေကို ဘာနဲ့ဖြည့်ဆည်းပေးမလဲ…? ငှက်ပျောသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီးနဲ့ ဟင်းနုနွယ်ရွက် စတာတွေကိုစားပေးရမှာပေါ့ …။

© depositphotos.com  

- သင့်ခန္ဓာကိုယ်မှာ အသားအရေတွေခြောက်သွေ့လာရင်တော့ Vitamin E လိုအပ်နေတာပါ …။ များသောအားဖြင့်ကတော့ ရေဓာတ်ခမ်းခြောက်တာလို့ခေါ်ကြပါတယ် …။

ဒီလိုမျိုး အသားအရေတွေ ခြောက်သွေ့လာပြီဆိုရင်တော့ သင့်အနေနဲ့ ဟင်းသီဟင်းရွက်တွေများများစားသင့်ပါတယ်…။ ရေလည်းများများသောက်ပေးနော် …။

© depositphotos.com  

- သင့်စိတ်ထဲမှာရုတ်တရက်ကြီး အချိုအရမ်းစားချင်လာတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ သကြားဓာတ်လိုအပ်နေပါပြီ…။ အချိုဓာတ်ကို အများကြီးလည်းမစားသင့်ပါဘူး …။

အချိုတွေအများကြီးစားမိရင် ဝိတ်တက်စေနိုင်ပါတယ်…။ ဒါကြောင့် အရမ်းလည်းမချိုတဲ့ အမည်းရောင်ချောကလက်တို့၊ ချိုပေမယ့်ဝိတ်မတက်စေတဲ့ ပျားရည်တို့လိုမျိုး စားပေးလို့ရပါတယ်နော် …။

© depositphotos.com  

- နောက်တစ်ခုကတော့ သင်ရေခဲအရမ်းစားချင်နေတယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ သံဓာတ်လိုအပ်နေလို့ပဲဖြစ်ပါတယ်…။ ခန္ဓာကိုယ်ကို သံဓာတ်ပြည့်ဝစွာရရှိစေတာကတော့ အမဲသားနဲ့ ဥအမျိုးမျိုးကို စားပေးသင့်ပါတယ်…။

ဆရာဝန်တွေကလည်း သံဓာတ်ရရှိစေဖို့အတွက်ဆိုရင်တော့ ဒါတွေကိုပဲစားဖို့လမ်းညွှန်ကြတာများပါတယ် …။

© depositphotos.com  

- လက်သည်းလေးတွေ ပျက်စီးစပြုလာပြီဆိုရင်တော့ သင့်မှာ Vitamin B ဓာတ်တွေ ချို့တဲ့နေလို့ပဲဖြစ်ပါတယ် …။ ဒီလိုဖြစ်လာပြီဆိုရင်တော့ သင့်အနေနဲ့ သင့်ကိုယ်ခန္ဓာမှာလိုအပ်နေတာကို ဖြည့်ပေးဖို့လိုလာပါပြီ…။

ဘယ်လိုတွေဖြည့်ပေးရမလဲ? နွားနို့၊ မှိုနဲ့ ရေညှိတွေကိုစားပေးလို့ရပါတယ်နော်…။

© depositphotos.com  

- နောက်တစ်ခုကတော့ မျက်လုံးအိမ်မှာ အဝိုင်းပေါ်လာတာမျိုးပါ…။

အသက် ၅၀ ကျော်လာတဲ့အခါမှာ ပေါ်လာတတ်ပြီး ပုံမှန်အနေအထားပဲဖြစ်ပါတယ်…။

အသက်ငယ်တဲ့သူတွေမှာ ပေါ်လာတယ်ဆိုရင်တော့ ကိုလက်စထရောတွေ များနေလို့ပေါ်လာတာပဲဖြစ်ပါတယ်…။ ဒီလိုဖြစ်လာတယ်ဆိုရင်တော့ ဆရာဝန်ကိုအမြန်ဆုံးသွားပြသင့်ပါတယ် …။