ပရိသတ်ရှေ့ အရောက်ပြန်လာပြီဖြစ်တဲ့ ထက်ထက်မိုးဦး


တစ်ခေတ်တစ်ခါက ကြောင်ငြာဘုရင်မအဖြစ် လူသိများပြီး ထိပ်တန်းမင်းသမီး တစ်ဦးအဖြစ်ရပ်တည်ခဲ့တဲ့ မိုးကုတ်သူလေး ထက်ထက်မိုးမိုးဦး တစ်ယောက်ကတော့ ယနေ့အချိန်ထိ ပရိသတ်ချစ်ခင်အားပေးမှုကို ရရှိနေဆဲပါ။ ပန်းသခင် ၊ သမီးမိုက် စတဲ့ ဇာတ်ကားများဖြင့် အကယ်ဒမီဆုကို ရရှိခဲ့ပြီးနောက် ပရိသတ်လက်ခံခဲ့တဲ့ ဇာတ်ကားပေါင်းများစွာ ကိုရိုက်ကူးခဲ့ပြီးနောက် အနုပညာလောကနှင့် ကာလအတန်ကြာ အဆက်သွယ်ပြန်ပြီး နောက် ယခုတဖန် ရှယ်ချွေးမ ရုပ်ရှင်ကားကြီးဖြင့် ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။

သာသနာ့ဘောင်အတွင်းသို့ သီလရှင်ဆရာလေးအဖြင့် ဝင်ရောက်နေပြီ သင်္ကြန်မတိုင်ခင် လူဝတ်လဲခဲ့ပြီး နောက် စာနယ်ဇင်း နှင့် ပရိတ်သတ်ထံ ပြန်လည်အပ်နှံပွဲကို Sule Shangri-la Hotel တွင် ပြု့လုပ်ခဲ့ပါတယ်။ အဆိုပါစာနယ်ဇင်း ရှင်းလင်းပွဲမှာတော့ “ ထက်ထက် ဘဝမှာ မှားခဲ့တာတွေလည်းရှိတယ် မှန်ခဲ့တာတွေလည်းရှိတယ်။ ခုချိန်ကစပြီး အားလုံးကိုမေ့ပစ်ပြီး အနုပညာအလုပ်တွေကို ပြန်လုပ်မယ်။ ဇာတ်ကားရိုက်ကူးမှုတွေကတော့ ဇာတ်ရုပ်ရွေးချယ်သွားမှာပါ  လက်ရှိမှာတော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်ထားတာရှိပါတယ် ” လို့ ထက်ထက်က တောင်ပန်းစကားပြောခဲ့ပါတယ်။


သမီးလေးတစ်ယောက်ရဲ့ မိခင် သူမဟာ အိမ်ထောင်ရေး မှာကံမကောင်းခဲ့သူပါ။ ဒါပေမဲ့လည်း သူမရဲ့ ချစ်စဖွယ် အမူရာလေးတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။ ထက်ထက် ဟာ တစ်ခေတ်တစ်ခါက နံမည်ကြီးမင်းသားများဖြစ်တဲ့ ဒွေး ၊ လွင်မိုး စတဲ့ မင်းသားတွေ နှင့် အတွဲညီခဲ့တဲ့ မင်းသမီးဖြစ်ပြီး ကြော်ငြာပေါင်း ၁၀၀၀ ကျော်မှာနေရာယူနိုင်ခဲ့ပြီး ဇာတ်ကားကောင်းများစွာလည်း ရိုက်ကူးနိုင်ခဲ့သူပါ။ ပြည်သူ့အချစ်တော် သူမ အရင်လို အနုပညာတွေ ပြန်လုပ်တော့မှာဆိုတော့ အရင်ထက်မလျော့တဲ့ အချစ်တွေဖြင့် ပရိသတ်ကြီးကလည်း ပြန်လည် ဝန်ရံကြပါအုံးနော်…….။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။