အဖြူရောင်နှလုံးသား ပိုင်ရှင်များ

ပူလိုက်တာ ရာသီဥတုကြီးကလဲ aircon လေးဖွင့်လိုက်ပါဦးမယ် ၊ ပန်ကာလေးဖွင့်လိုက်ပါဦးမယ် ၊ ရေသွားချိုးလိုက်ပါဦးမယ် စတဲ့ စကားတွေ ကျွန်မတို့ အခုလို ပူအိုက်တဲ့ ရာသီမှာ နေ့စဉ်နေ့တိုင်း ပြောတတ်ကြပါတယ် ...

အပြင်ထွက်တဲ့အခါ ထီးမပါသွားတဲ့အခါပဲဖြစ်ဖြစ် ထီးဆောင်းထားတဲ့အခါမှာပဲ ဖြစ်ဖြစ် ပူလိုက်တာ ပင်ပန်းလိုက်တာလို့ ညည်းမိတဲ့အချိန်တွေလဲ မနည်းမနောပါ...

ဒါပေမယ့် လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံမှာ မီးငြိမ်းနေကြတဲ့ မီးသတ်သမားတွေကတော့ ဒီလို ပြောဖို့အခွင့်အရေးမရှိခဲ့ပါဘူး...ပူခြစ်တောက်နေတဲ့ နေရောင်ခြည်ရဲ့ မညှာတာမှုအောက်မှာ ကြံကြံ့ခံရင်း သူတို့တွေဟာ ရင်ထဲကအပူတွေကိုလျစ်လျူရှုပြီး ပြည်သူတွေအေးချမ်းစွာနေထိုင်နိုင်ဖို့ မြေပေါ်က မီးပုံ အပူကို ငြိမ်းသက်နေရတဲ့သူတွေပါ...

အချိန်နဲ့အမျှ နေ့စဉ်ရက်ဆက် မီးခိုးငွေ့တွေကြားမှာ အသက်ဖြောင့်အောင်ရှုဖို့ ကြိုးစားရင်း မိသားစုကို လွမ်းတဲ့စိတ် ၊ အိမ်မှာ အေးဆေးနားချင်တဲ့စိတ် ၊ ရေအေးအေးလေး ချိုးချင်တဲ့စိတ် ၊ အားရပါးရ အိပ်ပစ်လိုက်ချင်တဲ့ စိတ်တွေကို မြိုသိပ်ရင်း အသက်စွန့်ပြီး ကာကွယ်နေကြတဲ့ သူတို့တွေရဲ့ ဘဝဟာ ဂုဏ်ယူဖို့သိပ်ကောင်းသလို ဝမ်းလည်းဝမ်းနည်းရပါတယ်...

ဒါကြောင့် သူတို့ရဲ့ ရဲရင့်မှုတွေကို ဂုဏ်ပြုဖို့ ကိုယ်တတ်စွမ်းသလောက်လေး သူတို့အတွက် လိုအပ်တာလေးတွေ လှူဒါန်းကြရအောင်လား...(လှူတဲ့အခါလည်း သူတို့အတွက် တစ်ကယ်အသုံးဝင်မယ့်ဟာမျိုးလေးတွေ ရွေးလှူကြတာ ပိုကောင်းပါတယ်နော် ...)

သူရဲကောင်းဆိုတဲ့ နာမည်တစ်ခုနဲ့ ထိုက်တန်တဲ့သူတို့ကို ဂုဏ်ပြုရင်း ဒီစာလေးကို ရေးလိုက်ပါတယ်နော်... အားလုံးပဲ တာဝန်တွေ အမြန်ဆုံးပြီးအပ်လို့ အိမ်ကို ကျန်းကျန်းမာမာနဲ့ ပြန်ရောက်ကြပါစေရှင်...

Photo >>> Credit

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။







X