အရသာရှိလွန်းတဲ့ ဒူးရင်းpillowလုပ်နည်း

ဒူးရင်းသီး ချစ်သူတွေအတွက် ဒီတစ်ခါတော့ လူကြိုက်များပြီး online မှာ ရောင်းနေကြတဲ့ ဒူးရင်းpillow လုပ်နည်းလေး မျှဝေပေးပါ့မယ်နော်...

လိုအပ်သောပစ္စည်းတွေကတော့ 

ဂျုံမှုန့်.,သကြား,နို့မုန့်,ထောပတ်,ပြောင်ဖူးမှုန့်,ကြက်ဥ,cream,ဆီ,ဒူးရင်းသီး ရယ်ပါ။

ပြုလုပ်နည်းကတော့ အရင်ဆုံးကြက်ဥနင့်သကြားကိုခေါက်ပါ ထို့နောက်ဂျုံမှုန့်ပြောင်းဖူးမှုန့်နင့်နို့မုန့်ကိုထည့်ပါမယ်၊ ပြီးရင် ရေအနည်းငယ်ကိုထည့်၍ခလောက်ပါ အနံ့မွေးယုံလောက်ထောပတ်အနည်းငယ်ထည့်ပါ ပြီးရင်မွှေပါ အဝါရောင်ကာလာကိုထပ်မံထည့်ပါ မွေပြီးသွားရင် ရပါပြီနော်... 

အိုးအပြားကိုဂတ်စ်မီးဖိုဖိုဆီသုတ်၍တင်ပါ ပူလာကာကဇွန်းအပြည့်ခပ်၍ကြော်နိုင်ပါသည် ကြော်ပြီးလျှင်အအေးခံထားပေးပါ။

ခရင်ကိုဇွန်းသုံးဇွန်းစာထည့်၍ခလောက်တံဖြင့်ခေါက်ပါ အနည်းငယ်ကြာပါက ခရင်သည်မာလာပါမည် ခရင် မာလာရင်ရေခဲသေတ္တာထဲအအေးထားပါ ဒူးရင်သီးကိုအစေ့ထုတ်ထားပါ ထို့နောက်ထိုမုန့်ပေါ်တင်ထည့်၍ခေါင်းအုံးပုံစံခေါက်ပါ ပြီးရင်ရေခဲသေတ္တာထဲထည့်ထားပါ။ခဏကြာရင်တော့  အလွန်အရသာရှိသောမုန့်လေးကို စားလို့ရပါပြီနော်😍ဓာတုပစ္စည်းမပါပဲ အိမ်တွင်အလွယ်တကူလုပ်စားလို့ရတာမို့ ပိတ်ရက်မှာ မိသားစုနဲ့အတူတူ လုပ်စားလိုက်ကြတော့နော်😘

Credit >>>nangmosrangpha

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။