အပျိုကြီးဖြစ်နိုင်ချေများတဲ့သူတွေရဲ့အကျင့်စရိုက်များ

အခုချိန်မှာအရမ်းရွေးလွန်းလို့ FA ဖြစ်နေတဲ့သူတွေက နောင်တစ်ချိန်မှာ အပျိုကြီးမဖြစ်ဘူးလို့ ပြောလို့မရဘူးနော်။ ဒါကြောင့် အရမ်းတွေစဉ်းစားပြီး ရွေးနေတာမျိုးမလုပ်ကြနဲ့နော်။ နောင်တစ်ချိန်မှာ အပျိုကြီးဖြစ်သွားနိုင်တဲ့သူတွေနဲ့ အပျိုကြီးဖြစ်နိုင်ချေများတဲ့သူတွေမှာ  ရှိတတ်တဲ့ အကျင့်စရိုက်တွေကို ပြောပြပေးလိုက်ပါတယ်။ သင်ကိုယ်တိုင်ရော ဒီအချက်တွေနဲ့ကိုက်ညီနေပြီးလားဆိုတာကို ကြည့်ကြည့်လိုက်အုံးနော်။

အပျိုကြီးဖြစ်နိုင်ချေအများဆုံးဖြစ်တဲ့ အကျင့်စရိုက်ကတော့ ဇီဇာကြောင်တဲ့သူတွေပါပဲ။ လူကြီးတွေပြောနေကျစကားတစ်ခုဖြစ်တဲ့ ဇီဇာကြောင်လွန်းရင် အပျိုကြီးဖြစ်မယ်နော် ဆိုတဲ့စကားကို တော်တော်များများလည်း ကြားဖူးမှာပါ။ တကယ်လည်းဇီဇာကြောင်လွန်းတဲ့သူတွေဟာ အပျိုကြီးဖြစ်နိုင်ချေ အရမ်းကိုများပါတယ်။ သင်ကိုယ်တိုင်ရော ဇီဇာကြောင်လွန်းသူတစ်ယောက် ဖြစ်နေပြီလား?

နောက်တစ်ခုကတော့ အရမ်းကိုတွေးတောလွမ်းတဲ့သူတွေပါပဲ။  တစ်ခုခုဆို အရမ်းတွေးလွန်းတာ။ ရည်းစားစကားလာပြောရင်တောင် အရှည်ကြီးတွေ၊ မလိုအပ်တာတွေကိုတွေးပြီး ငြင်းလွှတ်တာမျိုး။ နောက်တစ်ခုက ရည်းစားတောင်မထားရသေးဘူး။ ရည်းစားထားရင်ဖြစ်လာမှာတွေကို တွေးပူနေတတ်တာ။ လိုအပ်တာတွေကိုတွေးပူတာထက် မလိုအပ်တာတွေ၊ အရေးမကြီးတာတွေကိုပါ တွေးတောနေတတ်တာ။ ဒီလိုလူတွေဟာ တွေးလွန်းလို့နောက်ကောက်ကျပြီး ကျန်နေခဲ့တာနဲ့ အပျိုကြီးဖြစ်သွားကြတာပါ။

ကိုယ့်ကိုယ်ကိုလောက် ဘယ်ယောင်္ကျားကိုမှ အထင်မကြီးတာမျိုးကလည်း အပျိုကြီးဖြစ်နိုင်ချေများတဲ့သူတွေရဲ့ အကျင့်စရိုက်တစ်ခုပါပဲ။ ကိုယ့်ကိုချဉ်းကပ်လာတဲ့သူတစ်ယောက်ကို အထင်ကြီးတဲ့စိတ်တစ်စက်မှမရှိပဲ ကိုယ့်လောက်ဘယ်သူမှမတော်ဘူး၊ မလုပ်နိုင်ဘူးဆိုပြီး စိတ်ကြီးဝင်နေတဲ့သူတွေဟာလည်း အပျိုကြီးဖြစ်နိုင်ချေများပါတယ်။

တစ်ခုခုဆိုအရမ်းကိုတွေးပူပြီး နေရာတကာလိုက်သဝန်တိုပြီး ရစ်နေတတ်တဲ့သူတွေ၊ မဟုတ်တာတွေကအစ သဝန်တိုနေတတ်တဲ့သူတွေဟာ သူတို့ဒီလိုသဝန်တိုတတ်ပုံနဲ့ဆို ဘယ်ယောင်္ကျားနဲ့မှ အဆင်ပြေမှာမဟုတ်ဘူးဆိုပြီး ရည်းစားမထားတော့ပဲ နေတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ အပျိုကြီးဖြစ်သွားတတ်လို့ အရမ်းတွေးမနေပါနဲ့။ တစ်ခုခုဆို တစ်စက်မှစိတ်မရှည်ပဲ အလကားနေစိတ်ကြီးပြီး စိတ်တိုတတ်တဲ့သူတွေကိုလည်း ကြာလာရင်သူများက စိတ်ကုန်လာနိုင်ပါတယ်။ ဒါကတော့ အပျိုကြီးဖြစ်နိုင်တဲ့ အကျင့်စရိုက်ကြီးကြီးမားမားမဟုတ်ပေမယ့်လည်း ဒီလိုနဲ့ပဲ အပျိုကြီးဖြစ်သွားတဲ့သူတွေ ရှိလို့ပါ။

ဒီလိုအချက်တွေအများကြီးနဲ့ တိုက်ဆိုင်နေရင်တော့ သင်ဟာအပျိုကြီးဖြစ်နိုင်ချေများတဲ့ သူတစ်ယောက်ပါပဲ။

Hamny

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။