Padmavati ရုပ်ရှင်ဇာတ်ကားရဲ့မင်းသမီး Deepika Padukone

ဘောလိဝုဒ် မင်းသမီးလေး Deepika Padukone ကိုတော့ Copenhagen, Denmark မှာ ၁၉၈၆ ခုနစ် ဇန်နဝါရီလ ၅ ရက်နေ့ကမွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိသူမအသက် ၃၂ နှစ်ရှိနေပါပြီ။ ဟိန္ဒူဘာသာဝင်ဖြစ်ပြီး အဖေက နာမည်ကြီး ဘက်မင်တံကစားသမားဖြစ်ပါတယ်။ ဒိန်းမတ်မှာမွေးပြီး အိန္ဒိယမှာကြီးပြင်းခဲ့တဲ့သူမက ငယ်စဉ်ကလေးဘဝမှာတော့ ဖေဖေ့လိုပဲ ကမ္ဘာအဆင့် ဘက်မင်တံ ကစားသမား တစ်ယောက်ဖြစ်ချင်တယ်လို့ဆိုခဲ့သူပေါ့။


သူမ အရွယ်ရောက်လာတဲ့ အချိန်မှာတော့ Sociology ဘာသာရပ်ဖြစ် ကျောင်းဝင်ခွင့်ရခဲ့ပေမဲ့ မော်ဒယ်လောကမှာ အောင်မြင်နေချိန်ဆိုတော့ ပညာရေးကို ဦးစားမပေးနိုင်ခဲ့သူပါ။ အနုပညာလောကသို့ မော်ဒယ်တစ်ယောက်ဖြစ်ဝင်ရောက် လာခဲ့ပြီး ကံကောင်းတဲ့ သူမကတော့ Lakma Fashion Week မှာ ပါဝင်ခွင့်ရခဲ့သလို နာမည်ကြီး Fashion Show တော်တော်များများမှာ ပါဝင်လာခဲ့ပါတယ်။ အဲဒီနောက် Naam Hai Tera ဆိုတဲ့ ဂီတဗီဒီယို မှာ သူမရဲ့ အနုပညာ အရည်သွေးကို ပြသခွင့်ရခဲပြီးနောက် အနုပညာလောကမှာ နေရာ တစ်နေရာ ရရှိလာခဲ့ပါတယ်။


သူမက Anupam Kher Flim Academy မှာ သရုပ်ဆောင် သင်တန်းတက်ပြီး၂၀၀၆ ခုနှစ်မှ စတင်ပြီး Aishwarya ရုပ်ရှင်ကို စတင်ရိုက်ကူးခဲပြီး နာမည်ကြီး မင်းသမီးတစ်ယောက် ဖြစ်လာပါတော့တယ်။ အဲ့ဒီနောက် Happy New Year , Om Shanti Om , Beachna Ae Haseeno , Chamdni Chowk to China , Love Aaj Kal စတဲ့ ရုပ်ရှင်တွေကြောင့် တစ်ဟုတ်ထိုး နာမည်ကြီးခဲ့ပြီး ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသမီး တစ်ယောက်ဖြစ်ခဲ့ပါတယ်။


အဲဒီနောက်မှာတော့ သူမဟာ Cocktail , Race  , Yeh Jawaani Hai Deewani , Chennai Express , Goliyon Ki Raasleela Ram – Leela , Bajirao Mastani  စတဲ့ ဇာတ်ကားတွေကို ဇာတ်တိုက်ဆိုသလို ရိုက်ကူးခဲ့ပါတယ်။ သူမရဲ့ ဂုဏ်ယူစရာ မှတ်တိုင်တစ်ခုကတော့ မင်းသားကြီး Vin Diesel နှင့် အတူ ရိုက်ကူးခဲ့တဲ့ xXx: Return of Xander Cage မှာ ပါဝင်သရုပ်ဆောင် ခွင့်ရခဲ့တာပါပဲ။ အဲ့နောက်မှာတော့ ပရိတ်သတ် အားပေးမှု အများဆုံး ရရှိခဲ့ပြီး ဝင်ငွေ အများဆုံး ရှာဖွေ နိုင်ခဲ့တဲ့ Padmavati ရုပ်ရှင်ကတော့ သူမ ဘဝအတွက် မှတ်တိုင် တစ်ခု့လို့ပြောနိုင်ပါတယ်။


အဲ့လိုတွေ ထူူးချွန်တဲ့ သူမအတွက် သြဇာအာဏာကြီးပြီး ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းတွေ မီဒီယာတွေက ပေးအပ်တဲး Best Female Debut Award , Best Actress Award , Most Desirable Woman Award , World’s Sexiest Woman Award , Most Beautiful Woman Award နှင့် ယခု့ နောက်ဆုံး Time 100 ရဲ့ The Most Influential People of 2018 မှာလည်း ပါဝင်ပြီး ထူးချွန်ဆု အများကြီးကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
Source-Bollywood Update News

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။