သစ်သီးဝိုင်ကို အိမ်မှာ ဘယ်လိုလုပ်ကြမလဲ


ဒီနေ့တော့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ဝိုင်ကောင်းကောင်း ကြိုက်နှစ်သက်တဲ့ သူတွေအတွက် သစ်သီးဝိုင် လုပ်နည်းလေးကို ပြောပြပေးပါ့မယ်နော်။
ဝိုင်လုပ်ရာမှာ အကောင်းဆုံးက စဉ့်အိုးပါပဲ…ဒါကြောင့် အရင်ဆုံး စဉ့်အိုးတစ်လုံးဝယ်ပါနော်..ပြီးရင် ရေဆေးပြီး သေချာအခြောက်ခံထားပါ။ ခြောက်သွားပြီဆိုရင်တော့ ကိုယ်သောက်ချင်တဲ့ အသီးတစ်မျိုးမျိုးကို ရေသေချာဆေးပါ။ပြီးရင် ပိုးသတ်ဆေးတွေ ၊ ဓာတုဆေးတွေ သန့်စင်အောင် ဆားကြမ်း အနည်းငယ်ကို ရေပြည့်အောင်ထည့်ပြီး နာရီဝက်လောက် စိမ်ထားပါ။



နာရီဝက်ပြည့်ပြီဆိုရင်တော့ ဆားစိမ်ထားတဲ့ အသီးတွေကို ရေတစ်ခါထပ်ပြီး ဆေးပါ။ ပြီးရင်  အသီးတွေကို သေးသေးလေးတွေစိပ်ပြီး စဉ့်အိုးထဲ ထည့်လိုက်ပါ။ အသီးတွေအပေါ်မှာတော့ သကြားညိုကို ထည်ူပါ…သကြားညိုကို သစ်သီးရဲ့ ၃ပုံ၁ပုံ ပမာဏထည့်ပေးပါနော်…(ဥပမာ သစ်သီး ၈ ပိဿာဆို သကြားညို ၃ပိဿာ)အရေးကြီးတာ တစ်ချက်က အိုးထဲကို အပြည့်မထည့်ထားဖို့ပါပဲ… GAS နဲ့ အမြုပ်တွေ ထပ်ထွက်လာဦးမှာမို့ အပြည့်ဖြည့်ထားရင် ပေါက်ကွဲတတ်ပါတယ်။

အားလုံးပြီးရင်တော့ City Mart က ဝယ်ထားတဲ့ Cling Warp လေးနဲ့ လေလုံအောင်ပိတ်ထားလိုက်ပါနော်…ပြီးရင်တော့ စဉ့်အိုးကို အဖုံးလေးဖုံးပြီး အနည်းဆုံး ၄လကနေ ကိုယ်ကြိုက်နှစ်သက်သလောက်ထားပြီး သောက်သုံးနိုင်ပါပြီ။
 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။







X