သရုပ်ဆောင် ဝတ်မှုန်ရွှေရည် ပြောပြတဲ့ အချစ်အကြောင်း


ချစ်စရာကောင်းတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ယနေ့အချိန်မှာ ထိပ်တန်းဝင်မင်းသမီးတစ်ယောက်အဖြစ် ပရိသတ် အားပေးမှုကို အခိုင်မာရရှိနေတဲ့ မင်းသမီးတစ်ယောက်ပါ။ တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ သူကိုတော့ ၁၉၉၈ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှာ မိုးကုတ်မြို့တွင် မွေးဖွားခဲ့တာပါ။ ယခုမှာတော့ သူမအသက် ၂၉ နှစ်ရှိနေပြီး နုပျိုလှတဲ့ အလှတရားကြောင်း အသက်အဲ့လောက်ရှိပြီလို့ ထင်ရက်စရာ မရှိပါဘူး။ တစ်ဦးတည်းသော ညီမလေး အိမ်ထောင်ပြုသွားပေမဲ့ သူမက ရဲ့ အချစ်ရေးကတော့ တည်ငြိမ်နေတုန်းပါ။


အားလုံးက ချစ်စနိုးဖြင့် ရွှေကစ်လို့ ခေါ်ကြတဲ့ သူမကတော့ ယခုဆိုရင် အနုပညာလောကထဲမှာ အကယ်ဒမီနှစ်ဆုကိုရရှိပိုင်ဆိုင်ထာပြီး ထပ်ဆင့်အကယ်ဒမီ မင်းသမီး တစ်ဦးအဖြစ်ရပ်တည်လျှက်ရှိပါတယ်။ သူမချစ်ရတဲ့ ပရိသတ်တွေ နှင့် အဆက်အသွယ် မပြတ်စေဖို့ အတွက် အနုပညာလုပ်ဆောင်မှုတွေနှင့် ခံစားချက်လေးတွေကို လူမှုကွန်ရက်မှ တစ်ဆင့် ပရိသတ်တွေထံ ဝေမျှလေ့ရှိပါတယ်။ ယခုလည်း သူမတစ်ယောက် ထူးထူးဆန်းဆန်း အချစ်အကြောင်းတွေနဲ့ ပတ်သတ်ပြီး စာသားတစ်ချို့ကို ရေသားဝေမျှထားပြန်ပါတယ်။


စာသားလေးကတော့ ရိုးရှင်းပါတယ် “ကိုယ်သိပ်ချစ်တဲ့ ချစ်သူရဲ့ ဇနီးတစ်ယောက် ဖြစ်ခဲ့ရင် ကိုယ့်အတ္တကို ပျော်ပျော်ကြီး စွန့်လွှတ်မှာပါ..အချစ်ဟာအတ္တကို အရည်ပျော် ကုန်ဆုံးသွားနိင်စေတယ်လေ” တဲ့ ဒါပေမဲ့ ပရိသတ်တွေကတော့ သူမရဲ့ အချစ်ရေးကို အထူးစိတ်ဝင်စားနေကြပါတယ်။ သူမကတော့ ယခုဖတ်နေတဲ့ စာအုပ်မှ စာသားတစ်ချို့လို့ ပြောပေမဲ့ သူမရဲ့ နှလုံးသားနှင့် ထပ်တူညီနေမလားဆိုတာကတော့………။


Source – Wutt Hmon Shwe Yi
Phtotos - Credit

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။