သီချင်းတွေကို အွန်လိုင်းပေါ်တင်ပြီး ရောင်းချဖို့ အခက်အခဲတွေ ရှိနေတဲ့ အကြောင်း ပြောလာတဲ့ စိုင်းစိုင်း


မြန်မာနိုင်ငံ၏ အနုပညာလုပ်ငန်းတစ်ခုဖြစ်တဲ့ ဂီတနယ်ပယ်မှာတော့ ယခင်ကနဲ့မတူဘဲ ဘယ်လိုဂီတ အမျိုးစားကိုမဆို ထုတ်လုပ်ရောင်းချတဲ့အခါ ဂီတဈေးကွက်မှာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပါတယ်။ မူရင်းအခွေ ဝယ်ယူအာပေးသူတွေထက် ခိုးကူးခွေတွေကို ဝယ်ယူမှု့ဟာများလာပြီး ခေတ်ရေစီးကြောင်းအရ အွန်လိုင်းမှလည်း အလွယ်တကူ ကူးယူနားထောင်နိုင်နေပြီဖြစ်တဲ့အတွက် သီဆိုသူတွေရော ထုပ်လုပ်ရောင်းချသူတွေပါ အခက်အခဲတွေ များစွာ ရင်ဆိုင်နေရကြောင်း သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ယခု့လိုပဲ ပြောကြာလာပါတယ်။


မြန်မာနိုင်ငံ၏ လက်ရှိ အခြေနေအရ သီချင်းတွေကို အွန်လိုင်းပေါ်မှာ တင်ပြီး ရောင်းချဖို့ အတွက် မဖြစ်နိုင်သေးတဲ့အပြင် အွန်လိုင်းကရောင်းချမည်ဆိုပါကလည်း ပရိသတ်တွေအနေဖြင့် ဝယ်ယူသည့်အခါ ငွေပေးချေရာမှာလည်း အခက်အခဲတွေရှိနိုင်ပါတယ်။ ပရိသတ်အများစုဟာ ကျောင်းသာ လူငယ်တွေ ဖြစ်တဲ့ အတွက်ကြောင့် Credit Card , ATM Card စတာတွေကို ကိုင်ဆောင်ခြင်း ရှိမရှိဆိုတာ မသေချာတဲ့ အတွက်ကြောင့် ယခုအချိန်ထိ CD ထုတ်ပြီး ရောင်းချနေရခြင်းဖြစ်ကြောင်း စိုင်းစိုင်းက ပြောပါတယ်။


ဓာတ်ပြားစနစ်မှ ကက်ဆက်ခွေ ၊ အဲ့မှတစ်ဆင့် CD Player တွေ ရှိလာတဲ့ အခါ CD အခွေတွေ အဖြင့် ပြောင်းလည်း ထုတ်လုပ်ရောင်းချနေရတဲ့အကြောင်း ပြောင်းလဲလာတဲ့ ခေတ်စနစ်အရ ယခု့နောက်ပိုင်း အခွေထွက်သည့်နေ့တွေမှာ ပြုလုပ်ကြတဲ့ ပရိုမိုးရှင်းပွဲတွေမှာ အခွေတွေရောင်းချတဲ့အခါ အနုပညာရှင်တွေကို ချစ်တဲ့ စိတ်တစ်ခုထဲကြောင့် အချိန်ပေးပြီး လာရောက်ဝယ်ယူကြတဲ့ ပရိသတ်တွေကို အရမ်ကျေးဇူးတင်ပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။

Photos - Credit

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။