မြန်မာနိုင်ငံရဲ့ပထမဆုံး Boys Love Series ထဲမှာ ပါဝင်သရုပ်ဆောင်တော့မယ့် ထက်ဦးထွဋ်



Innocence လို့ အမည်ပေးထားတဲ့ Boys Love Series ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး BL Series ဖြစ်လာတော့မှာပါ။ ဒီ ဇာတ်လမ်းဟာ စာရေးဆရာမ ညမွှေးပန်းရေးသားသော Innocence ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးပေးသွားမှာဖြစ်ပြီး Yaoi ချစ်သူများ ၊ LGBT supporter များ ၊Wattpad Reader များအတွက် မကြာခင်ပိတ်ကားထက်မှာ မြင်တွေခွင့်ရတော့မှာပါ။


ဒီဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ဆောင် ၂ ဦးကတော့ မြူခိုး နဲ့ တုနှိုင်းခ တို့ဖြစ်ပြီး မြူခိုးနေရာမှာ ပါဝင်သရုပ်ဆောင်မယ့် သူတစ်ဦးကတော့ Mister Global Teen Myanmar 2015 ဖြစ်သူ ထက်ဦးထွဋ် ပဲဖြစ်ပါတယ်။ မြူခိုးနေရာမှာ သရုပ်ဆောင်တော့မယ့် ထက်ဦးထွဋ် ဟာ ချစ်ခင်အားပေးတဲ့ ပရိသတ်များစွာပိုင်ဆိုင်ထားသူတစ်ဦးပါတယ်။


Nick name အနေနဲ့ Rola လို့ခေါ်တဲ့ ထက်ဦးထွဋ်ရဲ့ မွေ့နေတော့ July 4 ရက်နေ့ 1998 ဖြစ်ပြီး မိသားစုထဲမှာအငယ်ဆုံးတစ်ယောက်ပါလို့သိရပါတယ်။ အရပ်အမောင်း ၆ ပေ ကျော် ရှိတဲ့ Rola ဟာ သူ့ရဲ့ Role Model ကတော့ C.Ronaldo ပဲဖြစ်ပါတယ်။

ကဲ မကြာခင်ပရိသတ်အရှေ့ရောက်ရှိလာတော့မယ့် Innocence လို့အမည်ရတဲ့ BL Series ထဲမှာ မြူခိုး ရဲ့ သရုပ်ဆောင်ချက်တွေ ဘယ်လိုအကောင်းဆုံးဖြစ်မလဲဆိုတာ စောင့်မျှော်အားပေးကြပါဦးနော်။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။