ဘဝသစ်တစ်ခုပြန်လည်မွေးဖွားခြင်း

( Zawgyi ဖြင့်ဖတ်ရန် )

လူသားတစ်ယောက်တည်းကနေ နောက်တစ်ယောက်ကိုမယုံကြည်နိုင်စရာပြောင်းလဲသွားတဲ့အကြောင်းအရာတွေ၊ ပုံပြင်တွေအများကြီးရှိပါတယ်။ အခု ကျွန်တော်ပြောပြမှာက ပက်ထရစ်လို့ခေါ်တဲ့ လမ်းပေါ်ကဘဝပျက်ခါနီး ဆေးသမားတစ်ယောက်ရဲ့အကြောင်း နဲ့ သာမန်လူတစ်ယောက်လိုဖြစ်အောင် သူ့ရဲ့ဘဝကိုဘယ်လိုမျိုးပြန်လည်တည်ဆောက်ယူသလဲဆိုတဲ့အကြောင်းပါ။

ပက်ထရစ်စပြီး ဆေးစွဲတဲ့အချိန်ဟာ ကျောင်းနေတဲ့အရွယ် အသက် ၁၄ နှစ်လောက်ကတည်းကပါ။ ကျောင်းစာတွေမလိုက်နိုင်လို့ ဆေးစသုံးမိရာကနေ နောက်ဆုံးဆေးသုံးနေတာကိုတွေ့သွားပြီးကျောင်းကပါ အထုတ်ခံခဲ့ရတယ်။ ကျောင်းကအထုတ်ခံလိုက်ရပြီး ဆေးလိပ် နဲ့ ဆေးခြောက်ကိုနေ့စဉ်သုံးစွဲနေတာသူ့ဘဝတစ်ခုလုံး ချောက်ထဲကျဖို့လမ်းစဖြစ်လာခဲ့ပါတယ်။

ဆေးဖြတ်တဲ့ဆေးရုံကိုပို့တဲ့အခါ ပက်ထရစ်ပိုပြီးနာမည်ကြီးလာခဲ့တယ်။ အကြောင်းကတော့ သူ့အနေနဲ့ ဖျားနာနေတာမဟုတ်လို့ဆေးရုံတက်စရာမလိုဘူးဆိုပြီး ဆေးရုံကနေမကြာခဏထွက်ပြေးလို့ပါ။ အဲဒီလိုနဲ့ဆေးရုံ နဲ့ အိမ်ကြားမှာ လုံးလည်ချာလည်လိုက်ရင်း ပက်ထရစ်ရဲ့အခြေအနေကပိုဆိုးလာတယ်။ မသုံးရရင်မနေနိုင်တော့သလို၊ တစ်ခါတစ်လေမှာ ရူးကြောင်ကြောင်အမူအရာတွေလုပ်တာကြောင့် မိသားစုကတောင် သူ့ကို ပေါက် သွားပြီလို့ထင်ကြတယ်။

တစ်ရက်မှာတော့ ပက်ထရစ်ရဲ့ကျောင်းနေတုန်းက သူငယ်ချင်းဖြစ်တဲ့ ဝမ်ဂျာ ဟာလမ်းထောင့်တစ်ခုမှာထိုင်နေတဲ့ပက်ထရစ်ကို တွေ့ပြီး မှတ်မိသွားခဲ့တယ်။ သူမ ပက်ထရစ်နဲ့စကားပြောနေရင်း ပက်ထရစ်ရဲ့တစ်ချက်တစ်ချက်ဗလုံးဗထွေးစကားတွေထဲမှာ သူ့အနေနဲ့ လမ်းပေါ်ကနေခွာပြီး ဘဝသစ်ကိုစတင်ချင်တဲ့အရိပ်အယောင်တွေမြင်ခဲ့ရတယ်။
အဲ့ဒီနောက်ဝမ်ဂျာ ရဲ့အကူအညီနဲ့အတူ ပက်ထရစ်ရဲ့မိသားစုဟာ ပြန်လည်ထူထောင်ရေးစင်တာတစ်ခုနဲ့ချိတ်ဆက်နိုင်ခဲ့ကြတယ်။ ဆေးရုံကနေမကြာခဏထွက်ပြေးတဲ့ကောင်လေးတစ်ယောက် ပြန်လည်ထူထောင်ရေးဂေဟာရောက်နေပြီဆိုတဲ့သတင်းကြားတော့ ကင်ညာနိုင်ငံတစ်ဝန်းလုံးက ငွေနဲ့တခြားအကူအညီမျိုးစုံဟာ ပက်ထရစ်ဆီရောက်လာခဲ့ပါတယ်။

ပက်ထရစ်ရဲ့ဘဝအတော့်ကိုပြောင်းလဲသွားခဲ့တယ်လို့ဆိုရမှာပါ။ ကြောင်တောင်တောင်မျက်လုံးတွေနဲ့ ယိုယွင်းနေတဲ့သူ့မျက်နှာဟာ အချိန်တော်တော်ကြာပြီးတဲ့နောက်မှာတော့ ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။ နောက်ပြီး သူ့အနေနဲ့ ဟင်ဂါ လို့ခေါ်တဲ့မီနီမတ်လေးဖွင့်ပြီး ကိုယ်ပိုင်စီးပွားရေးလေးတောင်လုပ်နေပါပြီ။

ဆေးလုံးဝဖြတ်လိုက်ပြီး လူကောင်းပကတိဖြစ်သွားတဲ့ ပက်ထရစ်ရဲ့ပုံစံကတော့ မယုံနိုင်စရာပါပဲ။
ကျွန်တော် လူအသစ်တစ်ယောက်ဖြစ်သွားသလိုပဲ ..။ အဲဒီမှောင်မိုက်ပြီး ဆိုးဝါးတဲ့ ဆေးသမားတစ်ယောက်ရဲ့ဘဝမျိုးလည်းဘယ်တော့မှပြန်မဖြစ်ပါစေနဲ့လို့ ဘုရားသခင်ဆီမှာ နေ့စဉ်ဆုတောင်းတယ်

ပက်ထရစ်တို့နေထိုင်တဲ့ ကင်ညာနိုင်ငံဟာ နှစ်ပေါင်းများစွာကြာအောင် အာဏာရှင်တို့ရဲ့အုပ်ချုပ်မှု၊ လူမျိုးရေးပြသနာတွေ နဲ့ မူးယစ်ဆေးဝါးဒဏ်တွေကိုခံခဲ့ရတဲ့နိုင်ငံဖြစ်ပြီး အခုထိလည်း မြို့တော်နိုင်ရိုဘီထဲမှာ မူးယစ်ဆေးတွေအလွန်အမင်းပြန့်နှံ့နေဆဲဖြစ်ပါတယ်။

ဒါပေမယ့် ပက်ထရစ်ရဲ့ အကြောင်းလေးကနေကျွန်တော်တို့ဘာကိုသင်ခန်းစာယူကြမလဲ ? ဘယ်လောက်ပဲ ဘဝဟာ ဆိုးရွားစုတ်ပြတ်နေပါစေ။ ကိုယ့်ဘေးနားမှာရှိတဲ့ သူငယ်ချင်းကောင်းတွေ၊ လူကောင်းတွေသာရှိမယ်ဆိုရင် မင်းဘဝကို အသစ်ကပြန်စဖို့ဘယ်တော့မှနောက်မကျသေးပါဘူး ဆိုတာပါပဲ။

Gabriel
Ref : Patrick’s life : Incredible Transformation of a Drug man 

( Unicode ျဖင္႕ဖတ္ရန္ )

ဘ၀သစ္တစ္ခုျပန္လည္ေမြးဖြားျခင္း
လူသားတစ္ေယာက္တည္းကေန ေနာက္တစ္ေယာက္ကုိမယုံၾကည္ႏုိင္စရာေျပာင္းလဲသြားတဲ႕အေၾကာင္းအရာေတြ၊ ပုံျပင္ေတြအမ်ားၾကီးရွိပါတယ္။ အခု က်ြန္ေတာ္ေျပာျပမွာက ပက္ထရစ္လုိ႕ေခၚတဲ႕ လမ္းေပၚကဘ၀ပ်က္ခါနီး ေဆးသမားတစ္ေယာက္ရဲ႕အေၾကာင္း နဲ႕ သာမန္လူတစ္ေယာက္လုိျဖစ္ေအာင္ သူ႕ရဲ႕ဘ၀ကုိဘယ္လုိမ်ဳိးျပန္လည္တည္ေဆာက္ယူသလဲဆုိတဲ႕အေၾကာင္းပါ။

ပက္ထရစ္စျပီး ေဆးစြဲတဲ႕အခ်ိန္ဟာ ေက်ာင္းေနတဲ႕အရြယ္ အသက္ ၁၄ ႏွစ္ေလာက္ကတည္းကပါ။ ေက်ာင္းစာေတြမလိုက္ႏုိင္လုိ႕ ေဆးစသုံးမိရာကေန ေနာက္ဆုံးေဆးသုံးေနတာကုိေတြ႕သြားျပီးေက်ာင္းကပါ အထုတ္ခံခဲ႕ရတယ္။ ေက်ာင္းကအထုတ္ခံလုိက္ရျပီး ေဆးလိပ္ နဲ႕ ေဆးေျခာက္ကုိေန႕စဥ္သုံးစြဲေနတာသူ႕ဘ၀တစ္ခုလုံး ေခ်ာက္ထဲက်ဖုိ႕လမ္းစျဖစ္လာခဲ႕ပါတယ္။

ေဆးျဖတ္တဲ႕ေဆးရုံကုိပုိ႔တဲ႕အခါ ပက္ထရစ္ပုိျပီးနာမည္ၾကီးလာခဲ႕တယ္။ အေၾကာင္းကေတာ႕ သူ႕အေနနဲ႕ ဖ်ားနာေနတာမဟုတ္လုိ႕ေဆးရုံတက္စရာမလုိဘူးဆုိျပီး ေဆးရုံကေနမၾကာခဏထြက္ေျပးလုိ႕ပါ။ အဲဒီလုိနဲ႕ေဆးရုံ နဲ႕ အိမ္ၾကားမွာ လုံးလည္ခ်ာလည္လုိက္ရင္း ပက္ထရစ္ရဲ႕အေျခအေနကပုိဆုိးလာတယ္။ မသုံးရရင္မေနႏုိင္ေတာ႕သလုိ၊ တစ္ခါတစ္ေလမွာ ရူးေၾကာင္ေၾကာင္အမူအရာေတြလုပ္တာေၾကာင္႕ မိသားစုကေတာင္ သူ႕ကုိ ေပါက္ သြားျပီလုိ႕ထင္ၾကတယ္။

တစ္ရက္မွာေတာ႕ ပက္ထရစ္ရဲ႕ေက်ာင္းေနတုန္းက သူငယ္ခ်င္းျဖစ္တဲ႕ ၀မ္ဂ်ာ ဟာလမ္းေထာင္႕တစ္ခုမွာထုိင္ေနတဲ႕ပက္ထရစ္ကုိ ေတြ႔ျပီး မွတ္မိသြားခဲ႕တယ္။ သူမ ပက္ထရစ္နဲ႕စကားေျပာေနရင္း ပက္ထရစ္ရဲ႕တစ္ခ်က္တစ္ခ်က္ဗလုံးဗေထြးစကားေတြထဲမွာ သူ႕အေနနဲ႕ လမ္းေပၚကေနခြာျပီး ဘ၀သစ္ကုိစတင္ခ်င္တဲ႕အရိပ္အေယာင္ေတြျမင္ခဲ႕ရတယ္။
အဲ႕ဒီေနာက္၀မ္ဂ်ာ ရဲ႕အကူအညီနဲ႕အတူ ပက္ထရစ္ရဲ႕မိသားစုဟာ ျပန္လည္ထူေထာင္ေရးစင္တာတစ္ခုနဲ႕ခ်ိတ္ဆက္ႏုိင္ခဲ႕ၾကတယ္။ ေဆးရုံကေနမၾကာခဏထြက္ေျပးတဲ႕ေကာင္ေလးတစ္ေယာက္ ျပန္လည္ထူေထာင္ေရးေဂဟာေရာက္ေနျပီဆုိတဲ႕သတင္းၾကားေတာ႕ ကင္ညာႏုိင္ငံတစ္၀န္းလုံးက ေငြနဲ႕တျခားအကူအညီမ်ဳိးစုံဟာ ပက္ထရစ္ဆီေရာက္လာခဲ႕ပါတယ္။

ပက္ထရစ္ရဲ႕ဘ၀အေတာ္႕ကုိေျပာင္းလဲသြားခဲ႕တယ္လုိ႕ဆုိရမွာပါ။ ေၾကာင္ေတာင္ေတာင္မ်က္လုံးေတြနဲ႕ ယုိယြင္းေနတဲ႕သူ႕မ်က္ႏွာဟာ အခ်ိန္ေတာ္ေတာ္ၾကာျပီးတဲ႕ေနာက္မွာေတာ႕ ပုံမွန္ျပန္ျဖစ္သြားခဲ႕တယ္။ ေနာက္ျပီး သူ႕အေနနဲ႕ ဟင္ဂါ လုိ႕ေခၚတဲ႕မီနီမတ္ေလးဖြင္႕ျပီး ကုိယ္ပုိင္စီးပြားေရးေလးေတာင္လုပ္ေနပါျပီ။

ေဆးလုံး၀ျဖတ္လုိက္ျပီး လူေကာင္းပကတိျဖစ္သြားတဲ႕ ပက္ထရစ္ရဲ႕ပုံစံကေတာ႕ မယုံႏုိင္စရာပါပဲ။
“ က်ြန္ေတာ္ လူအသစ္တစ္ေယာက္ျဖစ္သြားသလုိပဲ ..။ အဲဒီေမွာင္မုိက္ျပီး ဆုိး၀ါးတဲ႕ ေဆးသမားတစ္ေယာက္ရဲ႕ဘ၀မ်ဳိးလည္းဘယ္ေတာ႕မွျပန္မျဖစ္ပါေစနဲ႕လုိ႕ ဘုရားသခင္ဆီမွာ ေန႕စဥ္ဆုေတာင္းတယ္ “

ပက္ထရစ္တုိ႕ေနထုိင္တဲ႕ ကင္ညာႏုိင္ငံဟာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အာဏာရွင္တုိ႕ရဲ႕အုပ္ခ်ဳပ္မွဳ၊ လူမ်ဳိးေရးျပသနာေတြ နဲ႕ မူးယစ္ေဆး၀ါးဒဏ္ေတြကုိခံခဲ႕ရတဲ႕ႏုိင္ငံျဖစ္ျပီး အခုထိလည္း ျမဳိ႕ေတာ္ႏုိင္ရုိဘီထဲမွာ မူးယစ္ေဆးေတြအလြန္အမင္းျပန္႔ႏွံ႕ေနဆဲျဖစ္ပါတယ္။

ဒါေပမယ္႔ ပက္ထရစ္ရဲ႕ အေၾကာင္းေလးကေနက်ြန္ေတာ္တုိ႕ဘာကုိသင္ခန္းစာယူၾကမလဲ ? ဘယ္ေလာက္ပဲ ဘ၀ဟာ ဆုိးရြားစုတ္ျပတ္ေနပါေစ။ ကုိယ္႔ေဘးနားမွာရွိတဲ႕ သူငယ္ခ်င္းေကာင္းေတြ၊ လူေကာင္းေတြသာရွိမယ္ဆုိရင္ မင္းဘ၀ကုိ အသစ္ကျပန္စဖုိ႕ဘယ္ေတာ႕မွေနာက္မက်ေသးပါဘူး ဆုိတာပါပဲ။

Gabriel
Ref : Patrick’s life : Incredible Transformation of a Drug man 




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။