သက်တမ်းရင့်စစ်လေယာဉ်တစ်စင်း၏ နောက်ဆုံးပျံသန်းခြင်းခရီးစဉ်ပျက်ကျမှုအတွင်း လိုက်ပါလာသူ ( ၉ ) ဦးလုံးသေဆုံး

( Zawgyi ဖြင့်ဖတ်ရန် )

အမေရိကန်နိုင်ငံမှာ် မေလ ( ၂ ) ရက်နေ့ ညနေပိုင်း၊ ဒေသစံတော်ချိန် ၄ နာရီလောက်ကပွာတိုရီကန် အမျိုးသားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့ပိုင် WC 130 အမျိုးအစားသယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးပျက်ကျမှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီလေယာဉ်ဟာ နှစ်ငါးဆယ်ကျော်ကြာအောင် တာဝန်ထမ်းဆောင်လာတဲ့လေယာဉ်ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ ဆဗားနားကနေ အရီဇိုးနားပြည်နယ်၊ တက်ဆန်လေတပ်အခြေစိုက်စခန်းကိုပျံသန်းလာရင်း လမ်းမှာတင်ပျက်ကျခဲ့တာဖြစ်ပါတယ်။ ဒီပျံသန်းမှုဟာသူ့ရဲ့နောက်ဆုံး flight ဖြစ်ပြီး ခရီးစဉ်ပြီးတာနဲ့ လေယာဉ်ကိုထာဝရအနားပေးတော့မှာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ ပါလာတဲ့ ကိုးယောက်လုံးသေဆုံးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့သက်ဆိုင်ရာမိသားစုနဲ့ဆွေမျိုးသားချင်းတွေကို အသိမပေးရသေးမချင်း သေဆုံးသူတွေရဲ့နာမည်ကို ထုတ်ပြန်ဦးမှာမဟုတ်ပါဘူး “ လို့အရာရှိကဆိုပါတယ်။ သေဆုံးသူတွေအကုန်လုံးဟာ ပွာတိုရီကန်လူမျိုးတွေဖြစ်တယ်လို့လည်းသိရပါတယ်။

ပျက်ကျမှုဖြစ်စဉ်ကိုတော့ အမေရိကန်လေတပ် နဲ့ ပွာတိုရီကန်အမျိုးသားလုံခြုံရေးဗျူရို တို့ကတာဝန်ယူစုံစမ်းစစ်ဆေးနေတာဖြစ်ပြီး ပျက်ကျမှုဖြစ်ပွားခဲ့တဲ့ ဂျော်ဂျီယာပြည်နယ်၊ ချာသမ်ခရိုင်က ဒေသန္တရအစိုးရအဖွဲ့အစည်း နဲ့ လမ်းပန်းဆက်သွယ်ရေးအဖွဲ့အစည်းကတော့ စုံစမ်းမှုအတွင်း ပါဝင်မှာမဟုတ်ဘူး လို့သိရပါတယ်။ လေယာဉ်ဟာ လေယာဉ်ကွင်းကနေတက်ပြီး သိပ်မကြာခင်မှာပဲ မြေပြင်ပေါ်ကိုခေါင်းစိုက်ကျပြီးပေါက်ကွဲပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မြေပြင်ပေါ်မှာတော့ အသေအပျောက်မရှိခဲ့ပါဘူး။

လေယာဉ်ဟာ ဂျော်ဂျီယာပြည်နယ်ရဲ့ အမှတ် ၂၁ အဝေးပြေးလမ်းမကြီးပေါ်ကိုပျက်ကျခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးမှု နဲ့ ရှင်းလင်းရေးတွေမပြီးမချင်း လမ်းမကြီးကိုဖွင့်ပေးဦးမှာမဟုတ်ဘူးလို့ ချာသမ်ဒေသန္တရအစိုးရအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောကြားခဲ့ပါတယ်။

ပျက်ကျခဲ့တဲ့လေယာဉ်ဟာ အမှတ် ၁၅၆ လေကြောင်းပို့ဆောင်ရေးတပ်ကဖြစ်ပြီး အိုမင်းနေပြီဖြစ်တဲ့လေယာဉ်ကို အရီဇိုးနားပြည်နယ်ထဲက Boneyard လို့ခေါ်တဲ့စစ်လေယာဉ်ဟောင်းတွေထားရှိရာလေယာဉ်သင်္ချိုင်းကိုပို့ဆောင်ဖို့အလာမှာ အဲဒီပျက်ကျမှုဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Gabriel
Ref : CNN – Military Plane crushed and killed 9 people in Georgia

( Unicode  ျဖင္႕ဖတ္ရန္ )

သက္တမ္းရင္႕စစ္ေလယာဥ္တစ္စင္း၏ ေနာက္ဆုံးပ်ံသန္းျခင္းခရီးစဥ္ပ်က္က်မွဳအတြင္း လုိက္ပါလာသူ ( ၉ ) ဦးလုံးေသဆုံး

အေမရိကန္ႏုိင္ငံမွာ္ ေမလ ( ၂ ) ရက္ေန႔ ညေနပုိင္း၊ ေဒသစံေတာ္ခ်ိန္ ၄ နာရီေလာက္ကပြာတုိရီကန္ အမ်ဳိးသားေလေၾကာင္းကာကြယ္ေရးတပ္ဖြဲ႕ပုိင္ WC 130 အမ်ဳိးအစားသယ္ယူပုိ႕ေဆာင္ေရးေလယာဥ္တစ္စီးပ်က္က်မွဳျဖစ္ပြားခဲ႕ပါတယ္။

အဲဒီေလယာဥ္ဟာ ႏွစ္ငါးဆယ္ေက်ာ္ၾကာေအာင္ တာ၀န္ထမ္းေဆာင္လာတဲ႕ေလယာဥ္ျဖစ္ျပီး အေမရိကန္ႏုိင္ငံ၊ ေဂ်ာ္ဂ်ီယာျပည္နယ္၊ ဆဗားနားကေန အရီဇုိးနားျပည္နယ္၊ တက္ဆန္ေလတပ္အေျခစုိက္စခန္းကုိပ်ံသန္းလာရင္း လမ္းမွာတင္ပ်က္က်ခဲ႕တာျဖစ္ပါတယ္။ ဒီပ်ံသန္းမွဳဟာသူ႕ရဲ႕ေနာက္ဆုံး flight ျဖစ္ျပီး ခရီးစဥ္ျပီးတာနဲ႕ ေလယာဥ္ကုိထာ၀ရအနားေပးေတာ႕မွာျဖစ္တယ္လုိ႕ တာ၀န္ရွိသူတစ္ဦးကေျပာပါတယ္။

“ ပါလာတဲ႕ ကုိးေယာက္လုံးေသဆုံးခဲ႕ပါတယ္။ ဒါေပမယ္႕ သူတုိ႕ရဲ႕သက္ဆုိင္ရာမိသားစုနဲ႕ေဆြမ်ဳိးသားခ်င္းေတြကုိ အသိမေပးရေသးမခ်င္း ေသဆုံးသူေတြရဲ႕နာမည္ကုိ ထုတ္ျပန္ဦးမွာမဟုတ္ပါဘူး “ လုိ႕အရာရွိကဆုိပါတယ္။ ေသဆုံးသူေတြအကုန္လုံးဟာ ပြာတုိရီကန္လူမ်ဳိးေတြျဖစ္တယ္လုိ႕လည္းသိရပါတယ္။

ပ်က္က်မွဳျဖစ္စဥ္ကုိေတာ႕ အေမရိကန္ေလတပ္ နဲ႕ ပြာတုိရီကန္အမ်ဳိးသားလုံျခဳံေရးဗ်ဴရုိ တုိ႕ကတာ၀န္ယူစုံစမ္းစစ္ေဆးေနတာျဖစ္ျပီး ပ်က္က်မွဳျဖစ္ပြားခဲ႕တဲ႕ ေဂ်ာ္ဂ်ီယာျပည္နယ္၊ ခ်ာသမ္ခရုိင္က ေဒသႏၱရအစုိးရအဖြဲ႕အစည္း နဲ႕ လမ္းပန္းဆက္သြယ္ေရးအဖြဲ႕အစည္းကေတာ႕ စုံစမ္းမွဳအတြင္း ပါ၀င္မွာမဟုတ္ဘူး လုိ႕သိရပါတယ္။ ေလယာဥ္ဟာ ေလယာဥ္ကြင္းကေနတက္ျပီး သိပ္မၾကာခင္မွာပဲ ေျမျပင္ေပၚကုိေခါင္းစုိက္က်ျပီးေပါက္ကြဲပ်က္စီးသြားခဲ႕တာျဖစ္ပါတယ္။ ဒါေပမယ္႕ ေျမျပင္ေပၚမွာေတာ႕ အေသအေပ်ာက္မရွိခဲ႕ပါဘူး။

ေလယာဥ္ဟာ ေဂ်ာ္ဂ်ီယာျပည္နယ္ရဲ႕ အမွတ္ ၂၁ အေ၀းေျပးလမ္းမၾကီးေပၚကုိပ်က္က်ခဲ႕တာျဖစ္ျပီး စုံစမ္းစစ္ေဆးမွဳ နဲ႕ ရွင္းလင္းေရးေတြမျပီးမခ်င္း လမ္းမၾကီးကုိဖြင္႔ေပးဦးမွာမဟုတ္ဘူးလုိ႕ ခ်ာသမ္ေဒသႏၱရအစုိးရအဖြဲ႕က တာ၀န္ရွိသူတစ္ေယာက္ကေျပာၾကားခဲ႕ပါတယ္။

ပ်က္က်ခဲ႕တဲ႕ေလယာဥ္ဟာ အမွတ္ ၁၅၆ ေလေၾကာင္းပုိ႕ေဆာင္ေရးတပ္ကျဖစ္ျပီး အုိမင္းေနျပီျဖစ္တဲ႕ေလယာဥ္ကုိ အရီဇုိးနားျပည္နယ္ထဲက Boneyard လုိ႕ေခၚတဲ႕စစ္ေလယာဥ္ေဟာင္းေတြထားရွိရာေလယာဥ္သခ်ဳၤိင္းကုိပုိ႕ေဆာင္ဖုိ႕အလာမွာ အဲဒီပ်က္က်မွဳျဖစ္ရပ္ျဖစ္ပြားခဲ႕တာျဖစ္ပါတယ္။

Gabriel
Ref : CNN – Military Plane crushed and killed 9 people in Georgia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။